Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, under agenda Item 24: Agriculture Development, Food Security and Nutrition at the Second Committee of the 77th session of the United Nations General Assembly, held on 12 October 2022
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ဘာသာရပ်အစီအစဉ် (၂၄) မှ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာအစည်းအဝေး၌ မြန်မာနိုင်ငံသည် အရပ်သားအစိုးရလက်ထက်တွင် ဆင်းရဲမွဲတေမှုလျော့ချရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းမှုကြောင့် ယခုအခါပြည်သူများသည် အစားအစာရှားပါးမှုကိုရင်ဆိုင်လျက်ရှိရာ စီးပွားရေးတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားနပ်ရိက္ခ္ခဖူလုံရေး ရည်မှန်းချက်များ ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းမှ ကဏ္ဍပေါင်းစုံမှ ကူညီဆောင်ရွက်ပေးရန်လိုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပြောကြား
(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်)
၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ ဘာသာရပ်အစီအစဉ် (၂၄) မှ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာခေါင်းစဉ် ဆွေးနွေးမှုကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ရာ အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါ သည်-
(က) COVID-19 ကပ်ရောဂါ၏ နောက်ဆက်တွဲပြဿနာများ၊ စီးပွားရေးကျဆင်းမှု၊ ရာသီဥတု ပြောင်းလဲမှုနှင့် ပဋိပက္ခအမျိုးမျိုးကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး အထူးသဖြင့် ဖွဲ့ဖြိုးဆဲနိုင်ငံများသည် ကုလသမဂ္ဂမှချမှတ်ထားသော ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရေး လမ်းကြောင်းပေါ်သို့ မရောက်နိုင်သေးပါကြောင်း၊ ကမ္ဘာ့ကလေးငယ်များသေဆုံးမှု၏ ထက်ဝက်ခန့်မှာ အဟာရချို့တဲ့မှုကြောင့်ဖြစ်ပြီး ဆာလောင်ငတ်မွတ်သူဦးရေမှာလည်း နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိ ကြောင်း၊ COVID-19 ကပ်ရောဂါနှင့် ယူကရိန်းနိုင်ငံအတွင်း ကျူးကျော်စစ်ပွဲတို့ကြောင့် ဖြစ်ပေါ်လာ ရသည့် စက်သုံးဆီဈေးမြင့်တက်ခြင်းနှင့် ကုန်ပစ္စည်းဈေးကွက်တင်သွင်းမှု နှောင့်နှေးခြင်းတို့သည် စိုက်ပျိုးရေးထွက်ကုန်ဈေးကွက်ကို ကြီးမားစွာရိုက်ခတ်လျက်ရှိကြောင်း၊ အမျိုးမျိုးသောစိန်ခေါ်မှုများ ကြောင့် နှောင့်နှေးလျက်ရှိသည့် ကုလသမဂ္ဂ၏ ဆာလောင်ငတ်မွတ်မှုပပျောက်ရေး ရည်မှန်းချက်အပါအဝင် ၂၀၃၀ ပြည့်နှစ်ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးအလို့ငှာ စိုက်ပျိုးရေးဖွံ့ဖြိုးမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊
(ခ) စိုက်ပျိုးရေးကဏ္ဍသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံခြားဝင်ငွေရရှိသည့် ပင်မအရင်းအမြစ်ဖြစ်ရာ အထက်ဖော်ပြပါပြဿနာရပ်များ၏ နောက်ဆက်တွဲအကျိုးဆက်များကို ယင်းနိုင်ငံများမှ ခံစားနေရကြောင်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံများအပေါ် ကြီးမားစွာ ရိုက်ခတ်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးထွက်ကုန် ရင်းနှီးမြှုပ်နှံမှုနှင့် စိုက်ပျိုးရေးစားသောက်ကုန် လုပ်ငန်းများသည် ဒေသတွင်းစားနပ်ရိပ်က္ခာဖူလုံရေးသာမက တည်ငြိမ်ရေးနှင့် ငြိမ်ချမ်းရေးကို ကောင်းစွာ ဖော်ဆောင်ပေးနိုင်ကြောင်း၊
(ဂ) စစ်တပ်အာဏာသိမ်းမှု မဖြစ်ပွားမီက မြန်မာနိုင်ငံတွင် တိုးတက်မှုများများစွာရှိခဲ့ကြောင်း၊ သို့ရာတွင် စစ်တပ်မှ တရားမဝင်အာဏာသိမ်းယူပြီးနောက် စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်ရေးတွင် ပျက်စီးဆုံးရှုံးမှု များ များစွာရှိလာကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်အာဏာသိမ်းစစ်တပ်၏ နိုင်ငံခြားထွက်ကုန်များ ထိန်းချုပ်ခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်မှုကန့်သတ်ခြင်းစသော လုပ်ရပ်များသည် လယ်ယာစိုက်ပျိုးသူများ အား အကြပ်အတည်း ဖြစ်စေခဲ့ကြောင်း၊
(ဃ) ယခင်က မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုလျော့ချရေးလုပ်ငန်းများမှ တိုးတက်မှုရလဒ်ကောင်းများအား နောက်ပြန်လှည့်သွားသည်အထိ အာဏာသိမ်းစစ်တပ်မှ လုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်မှ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ နိုင်ငံအဝန်းတိုက်ပွဲများအရှိန်မြှင့်တင်ခြင်းနှင့် မြန်မာကျပ်ငွေတန်ဖိုးလျော့ကျခြင်းတို့သည် တိုင်းပြည်၏ နေရာဒေသအသီးသီး၌ တည်ငြိမ်ရေး၊ စားနပ်ရိက္ခ္ခဖူလုံရေးတို့ကို ခြိမ်းခြောက်လျက်ရှိပြီး ယခင်ကရရှိထားသည့် အခြေအနေကောင်းများစွာကို ဆုံးရှုံးစေခဲ့ကြောင်း၊ ကုလသမဂ္ဂ၏ ကိန်းဂဏန်းများ အရ နိုင်ငံ့လူဦးရေ၏ (၂၀) ရာခိုင်နှုန်းဖြစ်သော လူဦးရေ (၁၁) သန်း ခန့်မှာ အစားအစာ မလုံလောက်မှု ပြဿနာကို ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံ၏လူဦးရေ (၁၄) သန်းခန့်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ ၁.၃ သန်းသော လူဦးရေမှာ အိုးအိမ်များကို စွန့်ခွာထွက်ပြေး နေရကြောင်း၊ အထူးသဖြင့် ပဋိပက္ခများဖြစ်ပွား လျက်ရှိသောဒေသများမှ ပြည်သူများသည် အရေးပေါ် အကူအညီများ လိုအပ်နေသော်လည်း အာဏာသိမ်းစစ်တပ်မှ ယင်းအကူအညီများအား ဆိုးရွားစွာတားမြစ် ကန့်သတ်ထားကြောင်း၊
(င) ပဋိပက္ခများနှင့် တိုင်းပြည်မတည်ငြိမ်မှုသည် အစားအစာရှားပါးလာမှုကို ဖြစ်ပေါ်စေလျက်ရှိရာ စစ်တပ်မှ တိုင်းပြည်အာဏာ သိမ်းယူထားသည့်ကာလပတ်လုံး မြန်မာပြည်သူများသည် ဖွံဖြိုးတိုးတက်မှု နှောင့်နှေးခြင်း၊ အစားအစာနှင့် အာဟာရလုံလောက်မှုမရှိခြင်းစသော ပြဿနာရပ်များကို ဆိုးရွားစွာ ဆက်လက်ခံစားနေရမည်ဖြစ်ကြောင်း၊ စစ်တပ်သည် ပြည်သူများ၏ စားနပ်ရိပ်က္ခာ ဖူလုံဝပြောရေးထက် ၎င်းတို့ ကြွယ်ဝချမ်းသာရေးကိုသာ အာရုံစိုက်လုပ်ဆောင်သည်ဖြစ်ရာ ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက် (၂) ၏ စားနပ်ရိပ်က္ခာဖူလုံရေး ရည်မှန်းချက်များအား ပိုမိုဝေးကွာစေမည်သာဖြစ်ကြောင်း၊ ပြည်သူများမှ ရွေးကောက်တင်မြှောက်သည့် ပြည်သူ့အစိုးရသည်သာ ဒီမိုကရေစီပြန်လည်ထိန်းသိမ်းရေးနှင့် အတူ စီးပွားရေးတည်ငြိမ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရေးလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ပြည်သူများလိုလားသည့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် စီးပွားရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ကူမှုဆိုင်ရာအသီးသီးတို့တွင် ကူညီထောက်ပံ့ပေးရန် နိုင်ငံတကာ အသိုင်းအဝန်းသို့ တိုက်တွန်းကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ တင်ပြအပ်ပါသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun,
Permanent Representative of Myanmar to the United Nations
agenda Item 24: Agriculture Development, Food Security and Nutrition
at the Second Committee of the 77th session of the United Nations General Assembly
(New York, 12 October 2022)
Madam Chair,
Myanmar thanks the Secretary General for his comprehensive report under this Agenda item.
Madam Chair,
The world especially many developing countries are not on track to achieve Sustainable Development Goals due to the contined impacts of the COVID-19 pandemic, economic decline, climate change and multiple ongoing conflicts.World hunger has risen further and almost half of global child deaths are linked to malnutrition. Agricultural commodity markets have been characterized by issues strongly linked to the pandemic, conflicts and the war of aggression in Ukraine, such as high energy prices, supply chain disruptions and restrictive trade measures. In March 2022, the FAO Food Price Index reached an all-time high. These factors contributed to additional setbacks towards the achievement of the zero-hunger goal by 2030. Failure to realize Goal 2 will hinder the achievement of other SDGs. Therefore, I urge all to implement internationally agreed goals on agriculture development, food security and nutrition in line with the 2030 Agenda for Sustainable Development, leaving no one behind.
Madam Chair,
Agriculture is an important source of income in many developing countries. The widespread disruptions resulting from the pandemic and the conflicts including the war of agreesion in Ukraine have highlighted the fragility of contemporary agrifood systems. Higher food prices hit the poorest countries the hardest, as spending on staples makes up the bulk of household disposable income. Investing in resilient agriculture and agrifood systems can make substantial contributions to peace and stability at the local level. Policy coherence, combined with fiscal responsibility and objectivity in reallocating public resources, contributes to resilience in agrifood systems and improved food security and nutrition.
Madam Chair,
Agriculture is Myanmar’s economic backbone. Agricultural products are Myanmar’s second-largest export commodity. The sector contributes nearly 30 percent of the country’s GDP and employs more than 70 percent of the rural population. Prior to the illegal military coup in February 2021, Myanmar was making progress on the four dimensions of food security – food availability, access, utilization and stability, as defined by FAO. However, the illegal coup has negatively affected agricultural output and trade. The challenges have been exacerbated by the military’s recent strict controls on exports, imports and foreign exchange in 2022. Our farmers have now limited access to financing. The main government subsidy to the agricultural sector, in the form of farm credit, has largely been suspended.
Myanmar’s past gains in poverty reductions are also being reversed by the illegal military coup. The military’s atrocities and conflict escalation across the country, logistical disruptions and depreciation of the Myanmar’s currency have threatened the stability of food security, compounding the vulnerability of every state or region, regardless of their pre-existing conditions. About 11 million people – 20 percent of the total population – are now facing acute food insecurity according to the UN. 14 milion people are in need of humanitarian assistance. Over 1.3 million people are internally displaced. Humanitarian access to the people in need especially those in conflict areas has been severely restricted by the inhumane military.
In conclusion, Madam Chair, conflict and instability are main drivers of food insecurity.As long as the ruthless military remains in power, Myanmar people will continue to suffer development regression, food insecurity and malnutrition. It will not be feasible to accomplish SDGs, especially Goal 2 under the fascist military since they are more focused on aggrandizing their own than the well-beings and prosperity of Myanmar people. Only the duly elected civilian government with restoration of democracy can implement appropriate measures and course of actions to bring the country back on track in terms of economic stability, development, food security and nutrition. Therefore, we urge the international community to provide a bold and effective economic, political and humanitarian support to uproot the military dictatorship and restore democracy in Myanmar.
I thank you.
*****
Comments