Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the United Nations Security Council Open Debate on “Twenty-fifth anniversary of Security Council resolution 1265 (1999)” under the agenda item "Protection of civilians in armed conflict," held on 22 May 2024
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် “ပဋိပက္ခတွင်း အရပ်သားပြည်သူများအား အကာအကွယ်ပေးရေး” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မိမိနှင့် မြန်မာပြည်သူများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီအား မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် ထိရောက်သော အရေးယူဆောင်ရွက် ချက်များ ချမှတ်ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့၊ သို့သော် မိမိတို့၏ အသံများ၊ မေတ္တာရပ်ခံမှုများကို ယခုအချိန်အထိ ဥပေက္ခာပြုခြင်းခံနေရသည့်အတွက် စိတ်ပျက်ရ၊ မြန်မာနိုင်ငံတွင် ပြည်သူများ အသက်ဆုံးရှုံးရမှု၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် မပေးနိုင်မှုတွင် နိုင်ငံတကာအသိုက်အဝန်းသည်လည်း တာဝန်ရှိကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်)
၁။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို ၁၂၆၅ (၁၉၉၉) (၂၅) နှစ်ပြည့် အထိမ်းအမှတ်အား “ပဋိပက္ခတွင်း အရပ်သားပြည်သူများအား အကာအကွယ်ပေးရေး” ခေါင်းစဉ်အောက်မှ တံခါးဖွင့် အစည်းအဝေးကို နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ၂၁-၅-၂၀၂၄ ရက်နှင့် ၂၂-၅-၂၀၂၄ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ အစည်းအဝေးသို့ Under-Secretary-General, Special Advisor to the Secretary-General on the Prevention of Genocide Ms. Alice Wairimu Nderitu၊ Assistant Secretary-General for Humanitarian Affairs and Deputy Emergency Relief Coordinator Ms. Joyce Msuya၊ President, the International Committee of the Red Cross Ms. Mirjana Spoljaric Egger နှင့် Executive Director, Center for Civilians in Conflict (CIVIC) Mr. Hichem Khadhraoui တို့က ဆွေးနွေးသူများအဖြစ် ပါဝင်ခဲ့ကြပါသည်။ ထို့အတူ ကုလသမဂ္ဂ အဖွဲ့ဝင် (၉၁) နိုင်ငံမှ ကိုယ်စားလှယ်များ ကလည်း ပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ၂၂-၅-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့) တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-
(က) ဤတံခါးဖွင့် အစည်းအဝေးအား ကျင်းပပေးသော ၂၀၂၄ ခုနှစ်၊ မေလအတွက် လုံခြုံရေး ကောင်စီ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော မိုဇမ်ဘစ်နိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း၊ အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများ၏ ဆွေးနွေးချက်များအတွက်လည်း ကျေးဖူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊
(ခ) ကမ္ဘာတစ်ဝန်းတွင် ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ စစ်အာဏာသိမ်းမှုများနှင့် အရပ်သားပြည်သူများအပေါ် သက်ရောက်သည့် ၎င်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုးများ စိုးရိမ်ဖွယ်ကောင်းအောင် ဖြစ်ပေါ်လျက်ရှိသည်ကို မိမိတို့ တွေ့မြင်နေရပါကြောင်း၊ အဆိုပါ အရပ်သားပြည်သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ကျရောက်နေသည့် အန္တရာယ်များနှင့် အတူ နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေ (International Humanitarian Law - IHL) နှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ (International Human Rights Law - IHRL) တို့အား လေးစားလိုက်နာမှုကျဆင်းလျက်ရှိခြင်းတို့မှာ အဓိကစိန်ခေါ်မှုများအဖြစ် တည်ရှိနေကြောင်း၊
(ဂ) ယမန်နှစ်က ပဋိပက္ခအတွင်း အရပ်သားပြည်သူ သေဆုံးမှု (၃၃,၄၄၃) ဦး၊ တစ်နည်း အားဖြင့် ၂၀၂၂ ခုနှစ်ထက် ၇၂ ရာခိုင်နှုန်း မြင့်တက်လာမှုနှင့် တစ်ကမ္ဘာလုံး အတိုင်း အတာဖြင့် အတင်းအကြပ် နေရပ်စွန့်ခွာမှု သန်း (၁၁၀) အထိ မှတ်တမ်းတင် မြင့်တက်လာ မှုတို့ကို ကုလသမဂ္ဂမှ မှတ်တမ်းထားရှိကြောင်း၊
(ဃ) ယခု အစည်းအဝေးတွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များမှ ယခုခေါင်းစဉ်အောက်မှ ဖြစ်ပေါ်တိုးတက်မှုများနှင့် စိန်ခေါ်မှုများကို ပြန်လည် သုံးသပ်နိုင်စေရန်နှင့် နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတို့အပေါ် လေးစားလိုက်နာမှု ပိုမိုအားကောင်းလာစေရန် နှစ်ဆ တိုးမြှင့် ဆောင်ရွက်ရေးနှင့် ယင်းဥပဒေများအား ချိုးဖောက်ခြင်းအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု တိုးမြှင့်ရေးတို့အား လုပ်ဆောင်စေနိုင်သော ကောင်းမွန်သည့် အခွင့်အလမ်း တစ်ခုပင်ဖြစ်ကြောင်း၊
(င) ဤတွင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို ၁၂၆၅ ပါ ပြဋ္ဌာန်းချက်များအား အကောင် အထည်ဖော်ဆောင်ရွက်ရေးနှင့် IHL နှင့် IHRL တို့အား ချိုးဖောက်သူများကို တာဝန်ခံမှု ရှိစေရေး တို့အတွက် လုံခြုံရေးကောင်စီမှ တာဝန်ယူမှုရှိသော အခန်းကဏ္ဍမှ ပါဝင်ခြင်းက အလွန်အရေးကြီးကြောင်း၊
(စ) ထိုသို့ အချိန်မီဆောင်ရွက်ခြင်း မရှိလျှင် သို့မဟုတ် တာဝန်ခံမှု ယန္တရားများအား ဖော်ဆောင်ခြင်း မရှိလျှင် IHL လိုက်နာမှု ပျက်ကွက်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာဖြင့် ပိုမိုဆိုးရွားစေသည့် စက်ဝန်းကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊
(ဆ) ကံမကောင်းစွာဖြင့် မြန်မာနိုင်ငံမှ မိမိတို့ပြည်သူများသည် အဆိုပါ အဖြစ်ဆိုးများကို နေ့စဉ် နှင့်အမျှ ကိုယ်တွေ့ရင်ဆိုင်နေရကြောင်း၊
(ဇ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းပြီးချိန်မှစ၍ အာဏာသိမ်း စစ်တပ်သည် ပြည်သူပေါင်း (၅,၁၀၀) ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း၊ ယခုအခါ (၃) သန်း ကျော်သော လူဦးရေမှာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်နေကြပြီး ပြည်သူပေါင်း (၁၈.၆) သန်း ကျော်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်လျက်ရှိကြောင်း၊ ပုဂ္ဂလိကပိုင် အဆောက်အဦ (၉၀,၀၀၀) ခန့်မှာ မီးရှို့ဖျက်ဆီးခံရခြင်း (သို့) ဖျက်ဆီးခံရခြင်းရှိပြီး၊ စစ်တပ်အနေဖြင့် မြန်မာနိုင်ငံရှိ ကျန်းမာရေးကဏ္ဍကို အကြိမ်ပေါင်း (၁,၂၉၃) ကြိမ်မက ရည်ရွယ်ချက်ရှိစွာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ကျန်းမာရေး အဆောက်အအုံ (၃၄၃) ခု ပျက်စီးခဲ့ ပြီး ကျန်းမာရေးဝန်ထမ်း (၁၀၄) ဦး သတ်ဖြတ်ခံခဲ့ရကြောင်း၊
(ဈ) လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်သည့် ဝန်ထမ်းများအား တိုက်ခိုက်မှုများအပြင် စစ်တပ်က အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) အပေါ်တွင်လည်း “Organization Registration” ဟူ၍ မဖြစ်မနေ စာရင်းသွင်းရန် အမိန့်ချထားကြောင်း၊ ယင်းမှာ NGO များ၏ သွားလာလှုပ်ရှားခွင့်ကို ကန့်သတ်ရန်နှင့် အကူအညီများအား လက်နက်သဖွယ် အသုံးချရန် ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင်လည်း “စစ်တပ်က လူသားစာနာမှု စည်းမျဉ်းများကို သွေဖည်လျက် မည်သူမည်ဝါက ထောက်ပံ့ကူညီမှုများကို မည်သည့်အချိန်အခါတွင် မည်သည့်ပုံစံဖြင့် လက်ခံရရှိမည်ကို ဆုံးဖြတ်ချက် ချမှတ်လျက်ရှိသည်” ဟု မီးမောင်းထိုးပြထားကြောင်း၊
(ည) ထို့ပြင် စစ်တပ်၏ မတရား စစ်သားစုဆောင်းမှုကလည်း လူငယ်အများစုအား ပြည်တွင်းမှ ပုန်းကွယ် တိမ်းရှောင်ရန် တွန်းပို့လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် စစ်တပ်က ရိုဟင်ဂျာ အချို့ကို စစ်သားအဖြစ် အဓမ္မစုဆောင်းကာ လူသားဒိုင်းအဖြစ် အသုံးချနေကြောင်း၊
(ဋ) ယမန်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရမှ ဘူးသီးတောင်အခြေအနေနှင့်ပတ်သက်၍ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်လည်း အရပ်သားပြည်သူများနှင့် အရပ်သားပြည်သူပိုင် ပစ္စည်းများအပေါ် တိုက်ခိုက်မှုအားလုံး ရပ်တန့်ရန်နှင့် ယင်းတို့အား အကာအကွယ်ပေးရန် တောင်းဆိုထားကြောင်း၊ စစ်တပ်အနေဖြင့်မူ အထိကရုဏ်းများ ဖန်တီးခြင်း၊ အကြီးစား ပျက်စီးဆုံးရှုံးမှုများ ဖန်တီးခြင်း၊ ဗုံးကျဲခြင်းနှင့် လေကြောင်းမှတဆင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခြင်းအားဖြင့် အသိုက်အဝန်းတွင်း ပဋိပက္ခများကို မကြာခဏ စေ့ဆော်လေ့ရှိ ကြောင်း၊ ထို့ကြောင့် ရခိုင်၊ ရိုဟင်ဂျာနှင့် ဟိန္ဒူဘာသာဝင် အရပ်သားပြည်သူများအနေဖြင့် နေအိမ်များ မီးရှို့ခံရခြင်းကြောင့်လည်း အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်နေရကြောင်း၊
(ဌ) လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စိတ်မချမ်းမြေ့ဖွယ်အခြေအနေများသည် ပဋိပက္ခများ မြင့်တက်လာမှု၊ အရပ်သားပြည်သူအပေါ် စစ်တပ်၏ အကြမ်းဖက်မှုနှင့် မဆင်မခြင် တိုက်ခိုက်မှု များကို ပြသနေကြောင်း၊ တစ်ဖက်တွင်လည်း စစ်တပ်အနေဖြင့် လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်များကို လစ်လျူရှုကာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ခံစား၍ ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူးလွန်နေသည်မှာ ထင်ရှားကြောင်း၊ ယင်းမှာ နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန်ခံမှု ယန္တရား မရှိသောကြောင့်ဖြစ်ကြောင်း၊
(ဍ) လုံခြုံရေးကောင်စီအနေဖြင့် မြန်မာအရေးကိစ္စအား ICC သို့ လွှဲပြောင်းတင်သွင်းခြင်းဖြင့် အဆိုပါ တာဝန်ခံမှု ကွာဟချက်ကို ဖြည့်တင်းနိုင်မည့် လမ်းစဉ်များချမှတ်ရန် လိုအပ်ပြီး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို ၂၆၆၉ ၏ နောက်ဆက်တွဲအဖြစ် အာဏာ သက်ရောက်မှုရှိသည့် ထိရောက်သောဆုံးဖြတ်ချက်တခုအား ချမှတ်ရန်လိုအပ်ကြောင်း၊
(ဎ) မိမိနှင့် မြန်မာပြည်သူများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေး ကောင်စီအား မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြောင်း၊ သို့သော် လည်း မိမိတို့၏ အသံများ၊ မေတ္တာရပ်ခံမှုများကို ယခုအချိန်အထိ ဥပေက္ခာပြုခြင်း ခံနေရသည့်အတွက် စိတ်ပျက်ရပါကြောင်း၊ ထိုသို့သော ပျက်ကွက်မှုကြောင့် ရိုဟင်ဂျာများ အပါအဝင် အပြစ်မဲ့ပြည်သူအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး၊ ရခိုင်ဒေသအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ၏ အိုးအိမ်များဆုံးရှုံးခဲ့ရကြောင်း၊
(ဏ) မြန်မာနိုင်ငံတွင် ပြည်သူများ အသက်ဆုံးရှုံးရမှု၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် မပေးနိုင်မှုတွင် နိုင်ငံတကာအသိုက်အဝန်းသည်လည်း တာဝန်ရှိကြောင်းဖြင့် ယခုအခါအများက ပြောကြားလျက်ရှိကြောင်း၊
(တ) လုံခြုံရေးကောင်စီထံမှ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ မလုပ်ဆောင်ပေးမီ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများအား အတင်းအကြပ် နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း မပြုရေးဟူသော စည်းမျဉ်းအား လေးစားခြင်းအပါအဝင် အခြားလိုအပ်သည့် အကာအကွယ်များကိုလည်း ပေးအပ်နိုင်ရန် တောင်းဆိုလိုပါကြောင်း၊
(ထ) ဤနေရာတွင် UNHCR မှ ယခုလ အစောပိုင်းတွင် Guidance Note on the International Protection Needs of People Fleeing Myanmar အား ထုတ်ပြန်ပေးခဲ့သည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်တွင် ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများအား ၎င်းတို့၏ နယ်မြေများတွင် လက်ခံပေးရန်၊ နိုင်ငံရေးခိုလှုံခွင့် ရရှိရေးအား အာမခံပေးရန်နှင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများအား အတင်းအကြပ် နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း မပြုရေးမူ (principle of non-refoulement) အား အမြဲတစေလိုက်နာရန် နိုင်ငံများအား တောင်းဆိုထားကြောင်း၊ ထို့ပြင် နိုင်ငံတကာ အကာအကွယ်တောင်းခံသူများအား စာရင်းပြုစုထားရှိရန်နှင့် စာရင်းသွင်းထားသည့် မှတ်တမ်းအထောက်အထားများအား ထုတ်ပေးရန်လည်း တောင်းဆိုထားကြောင်း၊
(ဒ) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ပြည်သူများအား ကာကွယ်ပေးရေးအား မြှင့်တင်နိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် စစ်ရေးကျင့်ဝတ်ကိုလည်း ယခုနှစ် မတ်လ၌ ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းထုတ်ပြန်ချက်တွင် IHL နှင့် IHRL တို့အား လေးစားလိုက်နာရန်၊ ချိုးဖောက်သူများအား တည်ဆဲဥပဒေများဖြင့် ပြင်းထန်စွာ အရေးယူရန်၊ မည်သည့် အရပ်သားပြည်သူကိုမျှ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုမပြုရန်တို့ ပါဝင်ကြောင်း၊
(ဓ) အချုပ်အားဖြင့်ဆိုသော် အရပ်သားပြည်သူများအား အပြည့်အဝ အကာအကွယ်ပေးရေး အတွက် IHL အား လေးစာလိုက်နာခြင်းနှင့် တာဝန်ခံမှု ယန္တရားခိုင်မာအားကောင်းရေး တို့က အချက်အချာကျကြောင်း၊ လုံခြုံရေးကောင်စီထံမှ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချက်ချင်းချမှတ်ရေးနှင့်တကွ စစ်တပ်ထံသို့ လက်နက်၊ ငွေကြေး၊ လေယာဉ်ဆီ စီးဆင်းမှု ဖြတ်တောက်ရေးတို့ကို ဆောင်ကြဉ်းနိုင်မှသာလျှင် ပြည်သူများ၏အသက်ကို ကယ်တင်ရေး၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးဟူသော မိမိတို့၏ မျှော်ရည်မှန်းချက်များ နှင့် ပိုမိုနီးစပ်စေနိုင်မည်ဖြစ်ကြောင်း၊
(န) မြန်မာပြည်သူများအတွက် ထိရောက်သော အကာအကွယ်ပေးမှုများ ဖော်ဆောင်နိုင်ရန် လုံခြုံရေးကောင်စီအနေဖြင့် ယခုပင် လုပ်ဆောင်သင့်ပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးချက် အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြ အပ်ပါသည်။
၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the
Republic of the Union of Myanmar to the United Nations at the United Nations Security Council Open Debate on “Twenty-fifth anniversary of Security Council resolution 1265 (1999)” under the agenda item “Protection of civilians in armed conflict”
(New York, 22 May 2024)
Mr. President,
At the outset, I wish to express my appreciation to the Presidency of Mozambique for organizing this open debate. I thank the briefers for their insightful statements. I also thank the Secretary General for his annual report on protection of civilians in armed conflict in which the situation of Myanmar is also highlighted.
Mr. President,
We are seeing an alarming trend of protracted conflicts, violence, military coups and their devastating consequences on civilians worldwide. The erosion in respect for international humanitarian law (IHL) and internaioal human rights law (IHRL) remains a major challenge along with the widespread civilian harm. The UN recorded 33,443 civilian deaths in armed conflict last year, a 72 percent increase from 2022 and a record-breaking 110 million forced displacement globally.
As we mark the twenty-fifth anniversary of the Security Council resolution 1265 (1999), this open debate offers an opportunity for the Council members and the UN member states to reflect on the progress and challenges on this agenda as well as to redouble our efforts to strengthen compliance with IHL, IHRL and enhance accountability for their violations.
Mr. President,
It is imperative for the Security Council to take a responsible role to ensure that the provisions of the resolution 1265 are implemented by holding perpetrators accountable for their violations of IHL and IHRL. In the past, the Council had demonstrated its willingness to enhance accountability for war crimes and crimes against humanity by referring to the ICC on two occasions.
If no timely action or accountability measure is taken, it will perpetuate a vicious cycle, where the lack of compliance with IHL is exacerbated by the culture of impunity.
Unfortunately, the people in my country, Myanmar, are witnessing this phenomena on a daily basis.
Since the attempted military coup in 2021, the military junta has brutally killed over 5,100 people. Over 3 million people have been internally displaced and more than 18.6 million are in need of humanitarian assistance. Nearly 90,000 private properties were burnt down or destroyed. The military junta deliberately attacked the health sector in Myanmar over 1,293 times, damaged 343 health facilities and killed 104 health workers.
In addition to committing attacks against humanitarian workers, the military junta also imposed the so-called compulsory “Organization Registration” on NGOs to restrict their movements and weaponize aid. Regarding Myanmar, the Secretary General in his report highlighted that “the military, contrary to humanitarian principles, made decisions on who would receive assistance and the timing and type of assistance”.
Moreover, the military’s unlawful forced conscription has also pushed many young people into hiding or fleeing from the country. In Rakhine State, it is disturbingly learnt that some Rohingya have been forcefuly recruited by the military junta and used them as human shield.
In its statement on the situation in Buthidaung, Northen Rakhine yesterday, the National Unity Government called for the cessation of all attacks on civilians and civilian property and for protection of civilians and property. The military junta is purportedly making inter-communal conflict by creating chaos and the largae-scale destruction, bombing and aerial attacks on the villages. Rakhine, Rohingya and Hindu civilians are being forced to move and their houses are being burnt.
Mr. President,
The current trajectory in Myanmar shows the intensification of conflicts, followed by unabated violence and indiscriminate attacks by the military junta against the civilian population. It is clear that the military continues to disregard the demands of the Council by committing more atrocities with impunity, and it is because of the lack of accountability mechanism by the international community.
The Security Council should take the initiative to fill the accountability gap by referring the situation in Myanmar to the ICC and adopting an enforcement resolution as a follow-up to the resolution 2669.
I myself and the people of Myanmar have repeatedly appealed the international community, in particular, the Security Council to help save lives by taking effective actions. Disappointedly, our voices, our appeals have been ignored. Ignorance of our voices by the international community and the Security Council have resulted in deaths of so many innocent people including Rohingya as well as destruction of homes including those in Rakhine State.
Many now said that the international community is also responsible for deaths of civilians and failure of the protection of civilians in Myanmar.
While awaiting effective action from the UN Security Council, I wish to request the international community to provide adequate protections for all of our people, including respecting the principle of non-refoulement.
Here, I thank the UNHCR for Guidance Note on the International Protection Needs of People Fleeing Myanmar issued early this month. In its guidance note, UNHCR calls on all States to allow civilians fleeing Myanmar access to their territories, to guarantee the right to seek asylum, and to respect for the principle of non-refoulment at all times. It also calls on States to register all individuals who seek international protection and issue documentary proof of registration to all concerned.
Mr. President,
Meanwhile, the National Unity Government continues to emphasize the importance of promoting PoC and issued the Military Code of Conduct for People’s Defence Forces in March this year. It includes, among others, People’s Defence Forces shall respect international humanitarian law (IHL) and international human rights law (IHRL); violators shall be seriously charged in accordance with the existing laws; shall not physically, mentally and sexually assault any civilian. Such code of conduct is communicated to the forces on the ground.
In conclusion, Mr. President, securing compliance with IHL and enforcing accountability mechanisms are central to the full protection of civilians. Immediate accountability measures by the Security Council in conjunction with the restriction of flow of arms, weapons and money as well as jet fuel to the military junta will bring us closer to our collective aspirations of saving lives, ending the military dictatorship and building a federal democratic union.
The Security Council should act now to bring tangible protection for the people of Myanmar.
I thank you.
*****
Comments