top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at UNSC High-level Open Debate on Peacebuilding and Sustaining Peace: New Agenda for Peace–Addressing Global, Regional and National Aspects of Conflict Prevention


Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the United Nations Security Council High-level Open Debate on Peacebuilding and Sustaining Peace: The New Agenda for Peace – Addressing Global, Regional and National Aspects of Conflict Prevention, held on 21 August 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကျင်းပပြုလုပ်သည့် “High-level Open Debate on Peacebuilding and Sustaining Peace: The New Agenda for Peace – Addressing Global, Regional and National Aspects of Conflict Prevention” တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မိမိတို့သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး နှင့် တရားမျှတမှု ပေါ်ထွန်းလာသည်အထိ ကြံ့ကြံ့ခံဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်ပြီးဖြစ်၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို မြန်မာပြည်သူများထက် မည်သူတစ်ဦး တစ်ယောက်ကမျှ ပို၍ သိရှိနားလည်နိုင်မည်မဟုတ်၊ မိမိတို့ထက် မည်သူ့ကမျှ မြန်မာနိုင်ငံအား ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ သာယာဝပြောသော နိုင်ငံ ဖြစ်စေလိုသည့်ဆန္ဒ  သာလွန်ကိန်းဝပ်နေမည်မဟုတ်၊ မိမိတို့၏ ပြဿနာကို ရေရှည်တည်တံ့သည့်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ပံ့ပိုးကူညီလိုသည့် နိုင်ငံများကို ကြိုဆိုလင့်ကစား ၎င်းတို့အနေဖြင့် မြန်မာပြည်သူများ၏အသံကို အလေးအနက်ထားနားထောင်ရန်နှင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်ဆန္ဒကို ရိုးသားစွာလေးစားကြရန် တိုက်တွန်းလို၊ အထူးသဖြင့် ပြဿနာအား ဖြေရှင်းမည့် မည်သည့်အစီအစဉ်မဆို မြန်မာပြည်သူများ၏ မျှော်မှန်းချက်နှင့် ကိုက်ညီမှုရှိရန်လိုပြီး၊ ရေရှည်တည်တံ့သော အဖြေဖြစ်ရေးအတွက် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ရန် အလွန်အရေးကြီး၊ လက်ရှိအခြေအနေတွင် မြန်မာပြည်သူများ အထူးလိုအပ်နေသည်မှာ နိုင်ငံတကာအသိုက်အဝန်း၏ လက်ငင်း၊ တိကျပြတ်သားသော အရေးယူဆောင်ရွက်မှုပင် ဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်)


၁။       နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံရေးကောင်စီတွင် ၂၀၂၄ ခုနှစ်၊​ သြဂုတ်လအတွက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဆီရီယာလီယွန်နိုင်ငံမှ ကြီးမှူး၍ “ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ရေရှည်တည်တံ့သောငြိမ်းချမ်းရေး - ငြိမ်းချမ်းရေး အစီအစဉ်အသစ် အောက်မှ ကမ္ဘာလုံးဆိုင်ရာအဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံအဆင့်တို့၌ ပဋိပက္ခကြိုတင် ကာကွယ်ရေး” ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးကို ၂၁-၈-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပခဲ့ပါသည်။


၂။       အဆိုပါအစည်းအဝေးတွင်Department of Political and Peacebuilding Affairs မှ Assistant Secretary-General for Peacebuilding Support Ms. Elizabeth Mary Spehar ၊ Independent Commission for Peace and National Cohesion မှ Executive Secretary Ms. Hawa Samai၊ African Union Commissioner for Political and Peace and Security Mr. Bankole Adeoye နှင့် Volontariat pour le développement d’Haiti မှ Executive Director Mr. Arnoux Descardes တို့က ဆွေးနွေးသူများ အဖြစ်ပါဝင် ဆွေးနွေးခဲ့ကြပါသည်။ ထို့အတူ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၆၉) နိုင်ငံမှ ကိုယ်စားလှယ်များက ပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။ မြန်မာနိုင်ငံကိုယ်စား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-

(က)    ကမ္ဘာ့နေရာဒေသအများအပြားတွင် ကျူးကျော်စစ်၊ ပဋိပက္ခများ၊ စစ်မက်များနှင့် ကဏ္ဍ ပေါင်းစုံ ချိတ်ဆက်နေသည့် ခြိမ်းခြောက်မှုများဖြစ်ပေါ်မှု ဆက်လက်မြင့်တက်လျက်ရှိရာ ယနေ့ ကမ္ဘာသည် ယခင်က မတွေ့ကြုံဖူးသော နှုန်းထားဖြင့် အန္တရာယ်အမျိုးမျိုးကို တိုးမြှင့်ရင်ဆိုင်နေရကြောင်း၊ 


(ခ)     အရပ်သားပြည်သူများအား အဆင့်တိုင်းတွင် လုံခြုံရေးနှင့် အကာအကွယ်ပေးမှု မှေးမှိန် လာသည့်အလျောက် လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်မှု များ၊ နည်းပညာအချင်းပွားမှုများ၊ မညီမျှမှုများ၊ အရပ်သား ဆက်စပ်အဖွဲ့အစည်းများ၏ ပါဝင် လှုပ်ရှားခွင့်အားနည်းလာမှုများ၊ အရေးပေါ်ရာသီဥတုအခြေအနေများနှင့်အတူ ယင်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုများကြောင့် ရိုက်ခတ်မှုဒဏ်နှင့် ထိခိုက်ခံစားနေရသည့် ကမ္ဘာ့ပြည်သူများက ၎င်းတို့၏ ဆင်းရဲဒုက္ခများကို လျော့ပါးစေ၍ လူနေမှုဘဝများ ပိုမိုကောင်းမွန်စေရန် အာမခံပေးနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို လိုလားတောင့်တလျက်ရှိကြောင်း၊


(ဂ)     ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အဆိုပါစိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားကာ ၎င်း၏ Our Common Agenda Policy Brief 9 တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အလေးထား ဖော်ပြခဲ့ကြောင်း၊ ထို့အပြင် မျက်မှောက်နှင့် အနာဂတ် မျိုးဆက်များ၏ သာလွန်ကောင်းမွန်သော အနာဂတ်များအတွက် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်အသစ် ဖော်ဆောင်နိုင်စေမည့် Summit of the Future (SoTF) အား ခေါ်ယူကျင်းပရန် အဆိုပြုခဲ့ကြောင်း၊


(ဃ)    ယခုအခါ မိမိတို့မှ စည်းလုံးညီညွတ်မှုဆီသို့ လျှောက်လှမ်းနေသည့် ခရီးပန်းတိုင်ကို လာမည့် (၁) လ တာအတွင်း ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် SoTF အစည်းအဝေးသည် နိုင်ငံတကာအသိုက်အဝန်းအကြား နိုင်ငံပေါင်းစုံ ဖြေရှင်းနည်းများ အပေါ် သဘောတူညီမှုနှင့် ငြိမ်းချမ်းရေးမှ အစပြု၍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအထိ ကွဲပြားသော ခေါင်းစဉ်အသီးသီးအတွက် လစ်ဟာနေသည့် ကွက်လပ်များကို ဖြည့်တင်းပေးနိုင်မည့် အခွင့်အရေးနှင့် အခင်းအကျင်း တစ်ရပ်အဖြစ် ရှုမြင်ပါကြောင်း၊


(င)     သို့ဖြစ်ရာ ပဋိပက္ခများ ကြိုတင်ကာကွယ်ခြင်းအား ခိုင်မာအားကောင်းစေရေးကို မိမိတို့၏ မဟာဗျူဟာများ၏ အချက်အချက်နေရာမှထားရှိခြင်းဖြင့် နိုင်ငံအဆင့်၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တို့တွင် ငြိမ်းချမ်းရေးအား တည်ဆောက်နိုင်မည်ဟု ယုံကြည် ပါကြောင်း၊ ထို့အတူ မိမိတို့အနေဖြင့် ကုလသမဂ္ဂပဋိညာဉ်ပါ စည်းမျဉ်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေအား လိုက်နာခြင်း၊ လူ့အခွင့်အရေးအား မြှင့်တင်၊ ကာကွယ်ခြင်းနှင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အား ထိန်းသိမ်းစောင့်ရှောက် ခြင်းတို့အပေါ် ချမှတ်ထားသည့် ကတိကဝတ်များကိုလည်း ဆက်လက်ဆုပ်ကိုင်ထားရမည် ဖြစ်ကြောင်း၊


(စ)     လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် လူထုထောက်ခံမှုအလျဉ်းမရှိသော စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချုပ်ငြိမ်းစေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရန် တော်လှန်ရေးတစ်ရပ်ကို ဖြတ်ကျော်လျက်ရှိကြောင်း၊ မတရား စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှု များကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုဖက်သော ပဋိပက္ခများ၏ ပြင်းထန်မှုနှင့် ယင်း၏ နောက်ဆက်တွဲအကျိုးဆက်ဆိုးများကို မိမိတို့ ကျော်ဖြတ်ခဲ့ရသည့် ထူးကဲသော အတွေ့အကြုံများမှ တစ်ဆင့် ကောင်းစွာ သိရှိနားလည်သင်ယူခွင့်ရခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့သည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အဖိုးအခကို အတိုင်းထက်အလွန် သိနားလည်ပါကြောင်း၊


(ဆ)    ဤအချက်များအပေါ် အခြေခံလျက် အောက်ပါအကြောင်းအရာများကို အလေးထား ပြောကြားလိုပါကြောင်း-


(၁)     ယခင် အရွေးချယ်ခံ အရပ်သားအစိုးရလက်ထက်တွင် ခက်ခက်ခဲခဲတည်ဆောက် ခဲ့ရသည့် ဖြစ်ပေါ်တိုးတက်မှုများသည် သိသိသာသာ ဆုတ်ယုတ်ခဲ့ပြီဖြစ်ကြောင်း၊


(၂)      မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က တရားဥပဒေစိုးမိုးမှု၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေတို့အား ဆက်လက်ချိုးဖောက်၍ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသဖြင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မရရှိနိုင်ဘဲဖြစ်နေကြောင်း၊


(၃)     စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နေရပ်စွန့်ခွာသူနှင့် ဒုက္ခသည်များ အရေအတွက်မှာ (၃.၂) သန်းအထိ မြင့်တက်လာခဲ့ပြီး (၁၈.၆) သန်းခန့်မှာ လူသားချင်း စာနာထောက်ထားမှုအကူအညီများကို အထူးလိုအပ်လျက်ရှိကြောင်း၊ ကလေးငယ်များနှင့် လူငယ်အများအပြားမှာလည်း ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ဆုံးရှုံးနေရပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များနှင့် ရိုဟင်ဂျာများ အပါအဝင် ထိခိုက်လွယ်သော အုပ်စုများမှာ စစ်တပ်မှ ကျူးလွန်သည့် အမျိုးမျိုးသော အကြမ်းဖက်မှုများကို ရင်ဆိုင်နေရကြောင်း၊ စစ်တပ်သည် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်း များကို နိုင်ငံရေးအရနှင့် လက်နက်သဖွယ် အသုံးချလျက်ရှိသဖြင့် ယင်းလုပ်ငန်း များ လုပ်ဆောင်ရာတွင်လည်း စိန်ခေါ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လိုအပ်သည့် ဝန်ဆောင်မှုများကို ထိရောက်စွာ ဖော်ဆောင်ပေးရန် ခက်ခဲလျက်ရှိကြောင်း၊


(၄)     တရားမဝင်လူကုန်ကူးမှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အွန်လိုင်းလိမ်လည်မှု များ စသည့်ဖြစ်စဉ်များလည်း စိုးရိမ်ဖွယ်ကောင်းအောင် မြင့်တက်လျက်ရှိပြီး အိမ်နီးချင်း နိုင်ငံများနှင့် အခြားနိုင်ငံများကိုပါ အကျိုးသက်ရောက်မှုရှိနေကြောင်း၊


(၅)     ငွေကြေးဖောင်းပွမှု အလွန်မြင့်တက်လာခြင်း၊ စားသောက်ကုန်ပစ္စည်းများ၏ ကုန်စျေးနှုန်း ခေါင်ခိုက်လာခြင်း၊ ဝင်ငွေနည်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း မရှိခြင်း၊ အလုပ် လက်မဲ့ဖြစ်ခြင်းနှင့် မတရားစစ်သားစုဆောင်းမှုနှင့် ရွှေ့ပြောင်း နေထိုင်မှုများကြောင့် ပညာရှင်များ ယိုစိမ့်မှု ပြဿနာ စသည်ဖြင့် ပြည်တွင်း စီးပွားရေးနှင့် လူမှုရေးအခြေအနေသည်လည်း အလွန်အမင်း ပျက်စီးလျက် ရှိကြောင်း၊


(ဇ)     သို့ရာတွင် မြန်မာပြည်သူများမှ နိုင်ငံတကာအသိုက်အဝန်းအား ထိရောက်သော အရေးယူဆောင်ရွက်ချက်များနှင့် အကူအညီများပေးအပ်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုနေမှုကို မျက်ကွယ်ပြုခံခြင်းသည့်အပေါ် စိတ်ပျက်မိပါကြောင်း၊ ထို့ပြင် နိုင်ငံတကာအသိုက်အဝန်းမှ ခိုင်မာသည့် လုပ်ဆောင်ချက်များ ပျက်ကွက်နေခြင်းကြောင့် တရားမဝင် စစ်အာဏာသိမ်းမှု သက်တမ်းရှည်နေရခြင်းနှင့် စစ်တပ်အနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခွင့် လိုင်စင် လက်ဝယ်ရရှိနေခြင်းကို ပိုမိုရှည်ကြာစေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊


(ဈ)     ဤမျှကြာညောင်းသော ကာလတလျှောက်တွင် မိမိတို့၏ ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ လူငယ်လူရွယ်များမှာ တရားခံစစ်တပ်မှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် နိုင်ငံတကာရာဇဝတ်မှုများ၏ ဒဏ်ကို ခါးစည်းခံနေရကြောင်း၊


(ည)    မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်သူများသည် မိမိတို့နိုင်ငံအဆင့်၌ ပြဿနာ၏ အရင်းအမြစ်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရန် အားထုတ်နေခြင်းမှတစ်ဆင့် ပြည်တွင်း၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိကြောင်း၊


(ဋ)     အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အမျိုးသမီးများ ဦးဆောင်သည့် အစုအဖွဲ့များ အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မြေပြင်မှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံးက မိမိတို့၏ အန္တိမပန်းတိုင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ပေါ်ထွန်းလာသည်အထိ ကြံ့ကြံ့ခံဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်ပြီး ဖြစ်ကြောင်း၊


(ဌ)     ရှင်းလင်းသည်မှာ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေကို မြန်မာပြည်သူများထက် မည်သူ တစ်ဦး တစ်ယောက်ကမျှ ပို၍ သိရှိနားလည်နိုင်မည် မဟုတ်ကြောင်း၊ မိမိတို့ထက် မည်သူ့ကမျှ မြန်မာနိုင်ငံအား ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ သာယာဝပြောသော နိုင်ငံ ဖြစ်စေ လိုသည့် ဆန္ဒသာလွန် ကိန်းဝပ်နေမည်မဟုတ်ကြောင်း၊


(ဍ)     တဖက်တွင်လည်း မိမိတို့၏ ပြဿနာကို ရေရှည်တည်တံ့သည့်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ပံ့ပိုးကူညီလိုသည့် နိုင်ငံများကို ကြိုဆိုလင့်ကစား ၎င်းတို့အနေဖြင့် မြန်မာပြည်သူများ၏အသံကို အလေးအနက်ထား နားထောင်ရန်နှင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်ဆန္ဒကို ရိုးသားစွာ လေးစားကြရန် တိုက်တွန်းလိုပါကြောင်း၊


(ဎ)     အထူးသဖြင့် ပြဿနာအား ဖြေရှင်းမည့် မည်သည့်အစီအစဉ်မဆို မြန်မာပြည်သူများ၏ မျှော်မှန်းချက်နှင့် ကိုက်ညီမှုရှိရန်လိုပြီး၊ ရေရှည်တည်တံ့သော အဖြေဖြစ်ရေးအတွက် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ရန် အလွန်အရေးကြီးကြောင်း၊


(ဏ)   လက်ရှိအခြေအနေတွင် မြန်မာပြည်သူများ အထူးလိုအပ်နေသည်မှာ နိုင်ငံတကာ အသိုက်အဝန်း၏ လက်ငင်း၊ တိကျပြတ်သားသော အရေးယူဆောင်ရွက်မှုပင်ဖြစ်ကြောင်း၊


(တ)    နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်အား တသီးတခြား ဖယ်ကျဉ်နိုင်ရန်နှင့် ၎င်းတို့ထံ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ ငွေကြေးစီးဆင်းမှုအားလုံး ဖြတ်တောက် နိုင်ရန် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက် အားထုတ်မှသာလျှင် မြန်မာနိုင်ငံအနေ ဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး ငြိမ်းချမ်း တည်ငြိမ်သော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊


(ထ)    ဤသို့ဖြစ်စေရန် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလျက်ရှိကြောင်း၊ မိမိအနေဖြင့် လုံခြုံရေးကောင်စီအား ယခုပင် အရေးယူ ဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုပါကြောင်း။


၄။       မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 


၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against the delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the United Nations Security Council High-level Open Debate on Peacebuilding and Sustaining Peace: The New Agenda for Peace – Addressing Global, Regional and National Aspects of Conflict Prevention


(New York, 21 August 2024)


Mr. President,


I wish to begin by extending my profound appreciation to you and the Presidency of Sierra Leone for convening this High-level Open Debate on Peacebuilding and Sustaining Peace: “Addressing global, regional and national aspects of conflict prevention”, reflecting on the Secretary-General’s New Agenda for Peace.


I am also thankful to the briefers for their comprehensive statements.


Mr. President,


As aggression, conflicts, wars and a series of interlocking threats continue to swell in numerous parts of the globe, our world today has been unprecedentedly and increasingly endangered in multiple forms.


With security and protection of civilians fading at all levels, global citizens, subjected to and affected by the prevailing armed conflicts, terrorism, technological warfare, inequalities, shrinking space for civic participation, climate emergency alongside other ramifications, have desired for sustaining peace and development that could mitigate their sufferings and guarantee the betterment of their livelihoods.


In recognition of these challenges, the UN Secretary-General underscored the importance of stronger international cooperation in his Policy Brief 9 of “Our Common Agenda” and proposed to convene the Summit of the Future aiming at achieving a new global consensus for a better future for the present and future generations.


We are approaching this journey of solidarity in a month of time and Myanmar views the upcoming SoTF as an important opportunity and venue for the international community to agree on multilateral solutions and fill in gaps for various agendas, ranging from peace to sustainable development.


Accordingly, we are of the view that strengthening of conflict prevention must be placed at the center of all strategies to ensure peace at the national, regional and international levels. We must also continue to adhere to the principles of the UN Charter and International Law and uphold our commitment to the promotion and protection of human rights and the maintenance of international peace and security for all.


Mr. President,


My country, Myanmar is currently undergoing through a revolution to end the unpopular military dictatorship and to build a federal democratic union in Myanmar. I wish to stress that astonishing experiences have taught us to completely understand the intensity of violent conflicts, ignited by the illegal military coup and the junta’s continued atrocities, and its severe consequences. We are therefore cognizant of the price of sustainable peace and development more than ever.


As such I wish to highlight the following points:


First, there is a critical roll back in the hard-earned progresses achieved during the tenure of the previous elected civilian government.


Second, peace, security and development can hardly be afforded in Myanmar due to the military junta’s continued disregard of the rule of law, violation of international law, international human rights law and international humanitarian law and perpetration of war crimes and crimes against humanity.

Third, as a result of the military junta’s atrocities, the number of displacement and refugees has reached 3.2 million, and 18.6 million people are in need of humanitarian assistance. Large number of children and youth have lost their right to education and health. Vulnerable groups including women and girls as well as Rohingya have been facing numerous forms of violence by the junta forces. Humanitarian operations remain challenging where essential services cannot be delivered efficiently as being highly politicized and weaponized by the military junta.


Fourth, incidents of trafficking and transnational organized crimes, including online scams, are alarmingly growing, and it has impacts on the neighbouring countries and beyond.


Fifth, the economic and social outlook of the country is becoming extremely dire, particularly due to high inflation, skyrocketing commodity prices, low income, lack of employment opportunities, unemployment and brain drain driven by the forced conscription and migration.


Yet, Mr. President, we regret that desperate calls of Myanmar people to the international community for effective action and support have been repeatedly ignored. We witness that the absence of concrete actions from the international community have extended the unlawful military coup and the junta’s license to commit the international crimes. Throughout this lengthy period,sadly our people especially women and girls and youth are bearing the brunt of the perpetrating military junta’s atrocities and international crimes.


Nevertheless, Myanmar people have been endeavouring their best at the national level to establish sustainable peace in the country through their efforts for ending the military dictatorship which is the root causes of the conflict. The National Unity Government, Ethnic Resistance Organizations, NGOs, CSOs including women led groups for peace and security and all relevant actors on the ground have been working together to achieve our ultimate goal of building a federal democratic union. Thus, we are committed to endure until peace and justice prevail in Myanmar.


Clearly, no one else knows the real situation of Myanmar better than the people of Myanmar do. No one else wants Myanmar to be a peaceful, stable and prosperous state more than we do.


While welcoming any support of all interested member states to find a sustainable solution to our crisis, we urge them to listen attentively and seriously to the people of Myanmar and respect our aspiration sincerely.


It is critically important that all initiatives to resolve the crisis must be in line with the people’s wishes and for a sustainable solution.


What the people of Myanmar desperately need now is an immediate and decisive action from the international community. Only through a concerted and coordinated effort from the international community to isolate the military junta and cut it off from all support including the flow of arms and weapons, jet fuel, money to the military junta will Myanmar return its path towards democracy and create a peaceful and stable environment.


In this regard, the role of the UN, especially the UN Security Council remains vital. I urge them to act now.


I thank you, Mr. President.


*****










Comentarios


bottom of page