Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the UN Security Council High-Level Open Debate on Famine and Conflict-Induced Global Food Insecurity, held on 3 August 2023
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် “ငတ်မွတ်မှုဘေးအန္တရာယ်နှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှုပြဿနာ” နှင့်ပတ်သက်၍ High-Level Open Debate တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က လုံခြုံရေးကောင်စီ၏ တိကျပြတ်သားခိုင်မာသော ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြည်လည်ထွန်းကားလာစေရန်နှင့် ငြိမ်းချမ်းတည်ငြိမ်လာစေရန် မြန်မာပြည်သူတစ်ရပ်လုံး၏ အပတ်တကုပ်ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အထောက်အကူပြုစေနိုင်မည်ဖြစ်ဟု ထောက်ပြ
(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃ ရက်)
၁။ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် “ငတ်မွတ်မှုဘေးအန္တရာယ်နှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှုပြဿနာ (Famine and Conflict-Induced Global Food Insecurity)” ခေါင်းစဉ်ဖြင့် High-Level Open Debate ကို ၃-၈-၂၀၂၃ ရက် (ကြာသပတေးနေ့) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အစည်းအဝေးကို သြဂုတ်လအတွက် လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော အမေရိကန်ပြည်ထောင်စုက ကြီးမှူးစီစဉ်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက သဘာပတိအဖြစ် တာဝန်ယူကာ UN Famine Prevention and Response Coordinator ဖြစ်သူ Ms. Reena Ghelani ၊ International Rescue Committee ၏ President and Chief Executive ဖြစ်သူ Mr. David Miliband နှင့် Edesia တည်ထောင်သူ Ms. Navyn Salem တို့ (၃) ဦးက ဆွေးနွေးသူများအဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၈၀) ကျော်မှ ကိုယ်စားလှယ်များပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-
(က) ဆာလောင်ငတ်မွတ်မှုနှင့် စားနပ်ရိက္ခာမလုံလောက်မှုတို့ကို ၂၀၃၀ ပြည့်နှစ်အမီ အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် မိမိတို့အားလုံး၌ ဘုံရည်မှန်းချက်ထားရှိသော်လည်း ရည်မှန်းချက် ပြည့်မီနိုင်ရန် နှောင့်နှေးကြန့်ကြာလျက်ရှိသည်မှာ ထင်ရှားကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု၊ ပဋိပက္ခများနှင့် ရာသီဥတုပြောင်းလဲခြင်းတို့က အခြေအနေကို ပိုမိုဆိုးရွားစေကြောင်း၊
(ခ) ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်အထိ ကမ္ဘာ့လူဦးရေ၏ (၈) ရာခိုင်နှုန်း သို့မဟုတ် လူဦးရေသန်း (၆၇၀) ခန့်သည် ဆာလောင်ငတ်မွတ်ခြင်း ဘေးအန္တရာယ်ကို ဆက်လက်ရင်ဆိုင်ကြုံတွေ့နေရ မည်သာဖြစ်ကြောင်း၊ ယင်းမှာ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များအနက် ဒုတိယမြောက် ပန်းတိုင် (Goal 2) ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဖော်ဆောင်ရန် ပျက်ကွက်သည့်သဘော သက်ရောက်ကြောင်း၊ ဤတွင် စားနပ်ရိက္ခာမလုံလောက်မှုပြဿနာကို အဓိကဖြစ်ပွားစေသည့် မောင်းနှင်အားများအနက် ပဋိပက္ခဖြစ်ပွားမှုမှာ အဓိကကျသည့် အချက်တစ်ခုပင်ဖြစ်ကြောင်း၊
(ဂ) ဥရောပတွင် ဖြစ်ပွားနေသည့် စစ်မက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည့် အစိုးရ ပြောင်းလဲမှုများကြောင့် ကမ္ဘာ့နေရာဒေသအသီးသီးတွင်လည်း မတည်ငြိမ်မှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိရာ ယနေ့အစည်းအဝေးတွင် ဤခေါင်းစဉ်အား ဆွေးနွေးခြင်းမှာ အထူးသင့်လျော်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် သန်းပေါင်းများစွာသော ပြည်သူများ၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့်နေရာများတွင် နေထိုင်လျက်ရှိသူများအတွက် စားနပ်ရိက္ခာဖူလုံမှုအပေါ် ကျရောက်သည့် လက်နက်ကိုင်ပဋိပက္ခများ၏ သက်ရောက်မှုများကို လျှော့ချနိုင်မည့် နည်းလမ်းများအား ရှာဖွေရန် လိုအပ်ကြောင်း၊
(ဃ) ပဋိပက္ခ၏ ဒုက္ခဘေးဒဏ်ကို ခံစားနေရသည့်နိုင်ငံမှ သံတမန်ဖြစ်သည့် အားလျော်စွာ စားနပ်ရိက္ခာ မလုံလောက်မှုအပါအဝင် အခြားထွေပြားသော အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နေရသည့် ပြည်သူများ၏ အခြေအနေမှာ လွန်စွာကြေကွဲဖွယ်ကောင်းသည်ကို ပြောကြားလိုကြောင်း၊
(င) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရားစစ်တပ်၏ တရားမဝင် စစ်အာဏာ သိမ်းမှုကြောင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးအတွက် ယခင်က ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့သည့် အားထုတ်မှုများနှင့် ဆယ်စုနှစ်တစ်ခုအကြာ တည်ဆောက်ခဲ့ရသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများမှာ အချည်းအနှီးဖြစ်ခဲ့ရကြောင်း၊ စစ်တပ်မှ ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို စနစ်တကျဖျက်ဆီးခဲ့ခြင်းနှင့် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုမှုဆက်ဆံခြင်းတို့ကြောင့် ဒေသတွင်းအကျိုးသက်ရောက်မှု ရှိသည့် ဘက်ပေါင်းစုံ စိန်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း၊
(စ) လက်ရှိတွင် ၁၅.၂ သန်းသော ပြည်သူများမှာ စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ပြင် ၁.၉ သန်းခန့်သော ပြည်သူများမှာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်လာရကြောင်း၊ မြန်မာနိုင်ငံ အတွင်း ကလေးသူငယ်များမှာလည်း အာဟာရချို့တဲ့မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရကြောင်း၊ WFP ၏ အချက်အလက်များအရ အသက် (၅) နှစ်အောက် ကလေးငယ် (၃) ဦးလျှင် (၁) ဦးနှုန်းဖြင့် ဖွံ့ဖြိုးမှုနှေးကွေးမှု ရင်ဆိုင်နေရကြောင်း၊ (၇) ရာခိုင်နှုန်းမှာ အာဟာရချို့တဲ့လာကြောင်း၊
(ဆ) မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်တက်လာခြင်းက ပြည်သူများကို ယခင်ကထက် ပို၍ ဆာလောင်ငတ်မှုဘေးအန္တရာယ်ဆီသို့ တွန်းပို့လျက်ရှိကြောင်း၊ အဓိကအားဖြင့် စစ်တပ်၏ ဖြတ် (၄) ဖြတ် အစီအစဉ်ကြောင့် စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာသည် ဆိုးရွားဆုတ်ယုတ်သည့် အခြေအနေသို့ ကျဆင်းရခြင်းဖြစ်ကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပွားသည့်အချိန်မှစ၍ အကြမ်းဖက်စစ်တပ် သည် အရပ်သားပြည်သူ များအပေါ် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့ပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုနှင့် အရပ်သားပြည်သူနေထိုင်ရာ မြို့နယ်များနှင့် ကျေးရွာများကို လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့သဖြင့် ၁.၆ သန်းသော ပြည်သူများမှာ နေရပ်စွန့်ခွာခဲ့ရကြောင်း၊ ထို့ပြင် စစ်တပ်သည် ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းကို အဓိကနည်းဗျူဟာတစ်ခုအဖြစ် စနစ်တကျနှင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြောင်း၊ ယနေ့အထိ ၎င်းတို့ မီးရှို့ဖျက်ဆီးခဲ့သည့် အရပ်သားပြည်သူပိုင် အိုးအိမ်စုစုပေါင်း (၇၀,၀၀၀) ကျော်ရှိလာပြီဖြစ်ကြောင်း၊
(ဇ) ထို့အတူ စစ်တပ်၏ တပ်ဖွဲ့ဝင်များသည် ပြည်သူများအား လယ်ယာစိုက်ပျိုးခြင်းနှင့် ကောက်ပဲသီးနှံရိတ်သိမ်းခြင်းတို့မှ တားဆီးခြင်းဖြင့် ပြည်သူများ၏ ဘဝများကို အစဉ်တစိုက် ဖျက်ဆီး လျက်ရှိကြောင်း၊ ယင်းသို့ ပစ်မှတ်ထားဖျက်ဆီးခြင်းကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းစဉ်မှာ သိသိသာသာ ထိခိုက်ပျက်စီးခဲ့ကြောင်း၊
(ဈ) စစ်တပ်မှ လူသားချင်းစာနာထောက်ထားမှုအကူအညီရရှိခြင်းအား လက်နက်တစ်ခုသဖွယ် အသုံးပြုခြင်းက အခြားသော ကြီးမားသည့် ပြဿနာတစ်ရပ်ပင်ဖြစ်ကြောင်း၊ အမှန်တကယ် အကူအညီ လိုအပ်နေသူများ၏ လက်ဝယ်သို့ သက်ကယ်လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို လူသားဆန်မှု၊ သမာသမတ်ကျမှု၊ ဘက်မလိုက်မှုနှင့် လွတ်လပ်မှုစသည့် အခြေခံကျသော လူသားချင်းစာနာမှု စည်းမျဉ်းများနှင့်အညီ အကူအညီပေးအပ်သည့်သူများအနေဖြင့် ပေးပို့ခွင့်ရရှိမှုသည် အရေးပါကြောင်း၊
(ည) သို့သော် မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအေဂျင်စီများအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် ယင်းအကူအညီများ ပေးအပ်ရန် စီစဉ်ဆောင်ရွက်ရာတွင် စစ်တပ်ဘက်မှ ငြင်းဆန်ခြင်း သို့မဟုတ် ကန့်သတ်ချက်များချမှတ်ခြင်း စသည့် စိန်ခေါ်မှုများကို အမြဲတစေရင်ဆိုင်နေရကြောင်း၊ ယင်းသို့ ငြင်းဆန်ခြင်း သို့မဟုတ် ကန့်သတ်ချက်များ ချမှတ်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း၊
(ဋ) လုံခြုံရေးကောင်စီအနေဖြင့် အခြေအနေအများစုတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခကြောင့် ဖြစ်ပေါ်သည့် စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာ၏ အကျိုးသက်ရောက်မှုကို လျှော့ချနိုင်ရေးအတွက် ယခုထက်ပို၍ လုပ်ဆောင်နိုင်သည့် အခွင့်အာဏာရှိကြောင်း၊
(ဌ) မြန်မာနိုင်ငံအရေးကိစ္စတွင် လုံခြုံရေးကောင်စီအနေဖြင့် ဆုံးဖြတ်ချက်အဆို (၂၆၆၉) အပါအဝင် တိုက်တွန်းတောင်းဆိုမှုများကို ချမှတ်၍ အကြမ်းဖက်မှုအားလုံး ရပ်တန့်ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုများကို အပြည့်အဝ၊ လုံခြုံစွာ ချွင်းချက်မရှိ ပေးအပ်နိုင်ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြောင်း၊
(ဍ) သို့သော်လည်း စစ်တပ်မှ ပြည်သူများအပေါ် အဖန်ဖန်တလဲလဲ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများ၊ နိုင်ငံတကာပြစ်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်ခြင်းများအား ငြင်းဆန်မှု အပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေအား ချိုးဖောက်ခြင်းတို့အတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် လုံခြုံရေးကောင်စီအနေဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊
(ဎ) လုံခြုံရေးကောင်စီ၏ တိကျပြတ်သားခိုင်မာသော ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြည်လည်ထွန်းကားလာစေရန်နှင့် ငြိမ်းချမ်းတည်ငြိမ်လာစေရန် မြန်မာပြည်သူတစ်ရပ်လုံး၏ အပတ်တကုပ် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်အား ဆန့်ကျင်ရာတွင် များစွာသော မြန်မာပြည်သူများသည် စည်းလုံးညီညွတ်ကြကြောင်း၊ သို့ဖြစ်ရာ စစ်တပ်အနေဖြင့် ပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်မက်မှာ အနိုင်ရနိုင်မည် မဟုတ်သကဲ့သို့ တိုင်းပြည်အုပ်ချုပ်ရန် သို့မဟုတ် စီးပွားရေးအား စီမံခန့်ခွဲရန် စွမ်းဆောင်နိုင်ခြင်း မရှိကြောင်း၊ အလားတူ ရေရှည်တည်တံ့ခိုင်မြဲသည့် တည်ငြိမ်အေးချမ်းမှုကိုလည်း ဆောင်ကျဉ်းနိုင်ခြင်း မရှိကြောင်း၊
(ဏ) မြန်မာနိုင်ငံတွင် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်သော အရပ်သားအစိုးရ အုပ်ချုပ်မှသာလျှင် ဖော်ပြပါရည်မှန်းချက်များကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဤသည်ပင်လျှင် ဒီမိုကရေစီအင်အားစုများ၏ အန္တိမရည်မှန်းချက်ထား ဆောင်ရွက်နေကြကြောင်း၊
(တ) သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ပေးအပ်နိုင်ရေးဟူသော လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို ထိရောက်စွာ ဖော်ဆောင်နိုင်မည့် လုပ်ဆောင်ချက်များကို ချမှတ်ရန် တိုက်တွန်းကြောင်း၊
(ထ) ဤအချိန်သည် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံအတွက် ထိရောက်မှုရှိသည့် ဆုံးဖြတ်ချက်အဆိုချမှတ်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို စတင်ရမည့် အကောင်းမွန်ဆုံးအချိန်ပင် ဖြစ်ကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations at the UN Security Council High-Level
Open Debate on Famine and Conflict-Induced Global Food Insecurity
(New York, 3 August 2023)
Mr. President,
First of all, Myanmar thanks the Presidency of the United States for organizing this high-level open debate. I wish to express our appreciation to the briefers for their insightful presentation.
Mr. President,
We all have a global target to end hunger and achieve food security by 2030. Yet, evidently we are off track. The consequences of the COVID-19 pandemic, conflicts and climate change are making the situation worse. According to the UN projections, 8% of the world population, nearly 670 million people, will still be facing hunger by 2030. That would mean a failure of global efforts to implement the sustainable development goal-2. Among other factors, conflicts remain a key driver of food insecurity.
The focus of today’s debate could not be timelier as a major war is raging in Europe and there have emerged instability and conflicts in many parts of the world following unconstitutional changes of a government. As such, the international community must find ways to minimize the impacts of armed conflicts on the food security for millions of people, particularly those living in the conflict-affected areas.
As a diplomat came from a conflict affected country, I must state that the reality of people suffering of various kinds including food insecurity is indeed a complete misery.
Mr. President,
In Myanmar, a decade of democratic reforms and hard-worn momentum to reduce poverty has been eliminated by the illegitimate military junta following the illegal coup in February 2021. The military junta’s systematic destruction of the rule of law and their atrocities against the people of Myanmar have created a multi-faceted crisis with regional implications.
Currently, 15.2 million people are in food insecurity. There are nearly 1.9 million internally displaced people. Malnutrition is hitting children in Myanmar particularly so hard. According to WFP, nearly one in three children in Myanmar under the age of 5 suffers from stunting and seven percent from wasting nationally.
Mr. President,
While rising poverty in Myanmar is pushing more and more people into hunger, the deteriorating levels of food insecurity are largely a result of the junta’s inhumane 4-cuts military campaign. Since the illegal coup, the junta forces have displaced 1.6 million people by committing atrocities against the civilian population and deploying indiscriminate artillery shelling and airstrikes against residential towns and villages. Moreover, a key tactic consistently used by the military junta is the systematic and widespread burning of civilian homes. So far, they have burnt down over 70,000 civilian properties.
The junta forces subsequently destroy their livelihoods by preventing them from farming and harvesting their crops. This targeted destruction of homes and livelihoods by the junta has significantly disrupted the production of food in many parts of the country.
Another serious issue is the weaponization by the military junta of humanitarian access. It is essential that aid workers be able to deliver life-saving humanitarian assistance to those in most needs based on the fundamental humanitarian principles of humanity, neutrality, impartiality and independence. However, denial or restriction of access by the junta is a constant challenge for humanitarian actors including UN agencies in Myanmar. Such denial or undue restriction is a violation of international humanitarian law.
Mr. President,
In conclusion, the Security Council can do more to minimize the effects of conflict-induced food insecurity in many situations. In the case of Myanmar, the Security Council has made repeated calls and demands, including through its resolution 2669, for an immediate end to all forms of violence and for full, safe and unhindered humanitarian access in Myanmar. But, the Council has yet to hold the military junta accountable for their repeated war crimes being committed against the civilian population as well as for consistent committing of international crimes and violations of international humanitarian law including the humanitarian access denial.
A decisive action from the UN Security Council will help the steadfast efforts of the Myanmar people for restoration of democracy and peace and stability in Myanmar. The vast majority of the people of Myanmar are unified in opposition to the military dictatorship. The military junta is not capable of winning its war against the people of Myanmar, it is not capable of governing the country or managing the economy, and it is not capable of delivering durable peace or stability. Only an inclusive, federal, democratic civilian government in Myanmar can deliver those goals – and that is exactly what the democratic forces in the country are committed to establish.
Therefore, I urge the Security Council to follow up with enforcement actions to its repeated demands for ending violence and unhindered humanitarian access in Myanmar. It is a high time for the members of the UNSC to start now a negotiation process to adopt timely an enforceable resolution on Myanmar.
I thank you.
*****
Comments