Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the United Nations Security Council Annual Open Debate on “Women, Peace and Security: Women Building Peace in a Changing Environment,” held on 25 October 2024
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်“Women, Peace and Security: Women Building Peace in a Changing Environment”ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများအရ ဒီမိုကရေစီဆန်သော အားလုံးပါဝင်သည့် အဖွဲ့ အစည်းများအား တောင့်တင်းခိုင်မာအားကောင်းစေရန် ကျယ်ပြန့်ထိရောက်သည့် အကူ အညီများ လိုအပ်သည်ဟု အလေးအနက် ထား ပြောကြားလို၊ သို့မှသာ WPS Agenda ဖော်ဆောင် ရန် ဖြစ်နိုင်မည်ဖြစ်၊ ထို့အတူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပေါ် ကျူးလွန် သည့် အကြမ်းဖက်မှုအားလုံးကို ဖြေရှင်းရန်နှင့် ၎င်း တို့၏ ကိုယ်ပိုင် အရည်အသွေးများ ကြွယ်ဝစေရန် ဥပဒေနှင့်မူဝါဒများတွင် လိင်ပိုင်းဆိုင်ရာရှုထောင့်များကို ထည့်သွင်းရမည်ဖြစ်၊
တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအရေးအား ဖြေရှင်းနိုင်ရန် အဓိကဇစ်မြစ်ဖြစ်သော စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့ကို မေ့လျော့၍ မရ၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေခြင်းအား ချက်ချင်းရပ်တန့်ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်၊
(၄) နှစ်ဟူသော ကာလမှာ အလွန်ကြာမြင့်နေပြီဖြစ်၍ အချိန်သည်လည်း မိမိတို့ကို စောင့်ဆိုင်း၍ မနေကြောင်း၊ မိမိတို့၏ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသက်အိုးအိမ် များကို မလိုအပ်ပါဘဲ စွန့်လွှတ်အနစ်နာခံနေရ၊
နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန် သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် ထပ်လောင်း တောင်းဆိုကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်)
၁။ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရှိ လုံခြုံရေးကောင်စီတွင် အမျိုးသမီး, ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အကြောင်းအရာအောက်မှာ “ပြောင်းလဲလာသည့် ပတ်ဝန်းကျင်တွင် အမျိုးသမီးများ ငြိမ်းချမ်းရေး တည်ဆောက်ရေး” ခေါင်းစဉ်ဖြင့် တံခါးဖွင့် အစည်းအဝေးကို ၂၄-၁၀-၂၀၂၄ ရက်နှင့် ၂၅-၁၀-၂၀၂၄ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ ထိုသို့ ကျင်းပပြုလုပ်ရာတွင် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး UN Women အမှုဆောင်ညွှန်ကြားရေးမှူးကလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၄ ခုနှစ်ဆိုင်ရာ နှစ်စဉ် အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့အတူ အရပ်ဘက်လူမှုအဖွဲ့ အစည်း ကိုယ်စားလှယ်များအဖြစ်, FemWise-Africa၏ Co-Chairဖြစ်သူ Ms. Effie Owuor နှင့် Women’s Peace Network ၏ Founder and Executive Director ဖြစ်သူ မဝေဝေနုတို့က ဆွေးနွေးသူများအဖြစ် ပါဝင် ဆွေးနွေးခဲ့ကြပါသည်။
၃။ ၎င်းတို့၏ ဆွေးနွေးပြောကြားမှုများအပြီးတွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် တကွ ကုလသမဂ္ဂ အဖွဲ့ဝင် (၁၀၂) နိုင်ငံမှ ကိုယ်စားလှယ်များကလည်း ပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန်းခွန်းတွင် အောက်ဖော်ပြပါ အဓိက အချက်များ ပါဝင် ပါသည်-
(က) ကမ္ဘာတစ်ဝန်းတွင် ပဋိပက္ခများ ရာနှင့်ချီ၍ မြင့်တက်လာခြင်းမှာ ကိန်းဂဏန်းမျှသာ မဟုတ်ကြောင်း၊ ယင်းပဋိပက္ခများနှင့် နောက်ဆက်တွဲဆိုးကျိုးများကို အရပ်သားပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များက အများဆုံး ခါးစည်းခံနေရ ခြင်းမှာ လူသားဆန်မှု သိသိသာသာ ကျဆင်းလာခြင်းနှင့် မိမိတို့၏ နိုင်ငံပေါင်းစုံစနစ် ကျရှုံး၍ ပြစ်မှု ကျူးလွန်သူများက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ ကမ္ဘာလုံး ဆိုင်ရာ စံနှုန်းမူဘောင်များကို အဆက်မပြတ် ကျူးလွန်ခွင့် ရရှိ နေခြင်းတို့ကို ပြသနေကြောင်း၊
(ခ) မိမိတို့အနေဖြင့် နစ်နာသူများ၏ အသံကို ရှင်းလင်းကျယ်လောင်စွာ ကြားသိရကြောင်း၊ မိမိတို့အနေဖြင့် ကျူးလွန်သူများအပေါ်၌လည်း ကန့်ကွက်ရှုတ်ချထားကြောင်း၊ သို့ရာတွင် နိုင်ငံရေးဆန္ဒနှင့် ပေါင်းစပ်မှုရှိသည့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ကင်းမဲ့နေခြင်း က အဆိုပါ အကျပ်အတည်းများ အရှိန်အဟုန်ဖြင့် တိုးပွားစေရန် လမ်းဖွင့်ပေး နေကြောင်း၊
(ဂ) သို့ဖြစ်ပါ၍ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ပြည့် ဝစေရန်နှင့် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက်ပန်းတိုင်များ ပြည့်မှီစေရန် အဓိကကျသော မောင်နှင်အားများအနက် တစ်ခုအပါအဝင်ဖြစ်သည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အစီအစဉ်အား အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် မိမိတို့ ချမှတ်ထားသည့် နိုင်ငံရေးသန္နိဋ္ဌာန်ကို ပြန်လည်အသက်သွင်းရန်နှင့် ကတိကဝတ်တို့အား ဆက်လက်ကိုင်ဆောင်ထားရန် လိုအပ်သည်ဟု ထပ်တူထပ်မျှ ရှုမြင်ပါကြောင်း၊
(ဃ) မြန်မာနိုင်ငံတွင် ကျားမတန်းတူညီမျှမှု၊ အမျိုးသမီးများအား လုပ်ပိုင်ခွင့် ပိုမိုရရှိစေခြင်းနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကဏ္ဍတို့တွင် ပြည့်ဝစွာ ပါဝင်ခွင့် ရရှိစေရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ရိုးဖြောင့် စွာ မြှင့်တင်ခြင်းတို့ကို အရပ်သားအစိုးရလက်ထက်၌သာ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊
(င) ထို့မတိုင်ခင်က အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်အား အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရေးမှာ စစ်အာဏာရှင်အဆက်ဆက်ကြောင့် စိန်ခေါ်မှု မြောက်များစွာနှင့် အဆက်မပြတ် ရင်ဆိုင်ခဲ့ရကြောင်း၊ ယင်းဆယ်စုနှစ်များတွင် နိုင်ငံရေး အခြေအနေများကို စစ်အုပ်စု၏ ဖိုဝါဒကြီးစိုးမှုဖြင့်သာ အုပ်ချုပ်ခဲ့ကြောင်း၊ ယခုအခါတွင် လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ က မတရား စစ်အာဏာသိမ်းမှုကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကဏ္ဍတို့တွင် ပါဝင်ဆောင်ရွက်ခွင့် အပါအဝင် ယခင်က ရရှိခဲ့သော တိုးတက်မှုများ ဆုတ်ယုတ်ခဲ့ရကြောင်း၊
(စ) စစ်ကောင်စီအနေဖြင့် ပြည်သူများ၏ ကြီးမားသော ခုခံတော်လှန်မှုကို ဘက်ပေါင်းစုံမှ ရင်ဆိုင် နေရသည်နှင့်အမျှ အရပ်သာပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းအား တိုးမြှင့် လုပ်ဆောင် လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ နေရာဒေသများ၊ နေရပ်စွန့်ခွာသူ စခန်းများပေါ်သို့ လေကြောင်းမှတဆင့် ဗုံးကျဲခြင်းကို ထပ်တိုး၍ စနစ်တကျနှင့် ကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိသောကြောင့် အလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှု၊ အရပ်သားပြည်သူ အသက်သေကျေပျက်စီးမှုများနှင့် အခြေခံ အဆောက်အဦများ ကြီးမားစွာ ထိခိုက်ပျက်စီးခြင်း တို့ကို ဖြစ်ပေါ်စေကြောင်း၊
(ဆ) စစ်အုပ်စုမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် အရပ်သားပြည်သူအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများမှာ စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိနေ ပြီဖြစ်ကြောင်း၊ ၎င်းတို့၏ တပ်သားများအနေဖြင့် များပြားလှသော လူအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြောင်း၊ အမျိုးသမီးများ အပါအဝင် အရပ်သား များအား လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် နောက်ဆုံးဖြစ်စဉ်မှာ ၁၉-၁၀-၂၀၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူများအနက် အချို့မှာ စိတ်ပိုင်းဆိုင်ရာအရာ ချို့ယွင်း နေသူများဖြစ်ကြောင်း၊ အချို့မှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ခုတ်ထစ်ပိုင်းခြားခံထားရ ကြောင်း၊ အချို့၏ ဦးခေါင်းများ မှာ ခြံစည်းရိုးများအပေါ်တွင် ချိတ်ဆွဲခံထားရကြောင်း၊ ၎င်းတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများမှာ လည်း ပြန့်ကျဲနေကြောင်း၊ ဤဖြစ်စဉ်ကို ပြောကြားရသည်မှာပင် ထိတ်လန့် ဖွယ်ကောင်း ကြောင်း၊
(ဇ) ထိုသို့သော စိန်ခေါ်မှုများ ပြည့်နှက်နေသည့် အခြေအနေ၊ အသက်အန္တရာယ်ခြိမ်းခြောက်မှု ကြီးမားသည့် ပတ်ဝန်းကျင်၌ပင် ရဲစွမ်းသတ္တိပြည့်ဝသော မြန်မာ အမျိုးသမီးများနှင့် မိန်းကလေး ငယ် များက မိမိတို့မှ စစ်အာဏာရှင်အား အမြစ်ပြတ် တိုက်ထုတ်ရာတွင် မြေပြင်ရှိ တော်လှန်ရေး အင်အားစု အသွင်ဖြင့်တဖန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်သူ များအဖြစ်လည်း ရှေ့တန်းမှ မားမားမတ်မတ် ပါဝင် လျက် ရှိကြောင်း၊ အချို့မှာ မြန်မာ နိုင်ငံ အနာဂတ်အား ရေးဆွဲသည့် စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင် လျက်ရှိကြောင်း၊
(ဈ) ထိုသို့ ပါဝင်နေလင့်ကစား အများစုမှာ စိတ်ဒဏ်ရာများ ရရှိနေပြီး လူမှုစိတ်ပိုင်းဆိုင်ရာ အကူအညီ များ လိုအပ်လျက်ရှိပါကြောင်း၊
(ည) ၎င်းတို့ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံတည်ဆောက်ရေးနှင့် အနာဂတ်ပုံဖော်ရေး လုပ်ငန်း စဉ်များအတွက် အရှိန်အဟုန် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အမျိုးသမီးများ ပါဝင်ခွင့် ပိုမို ရရှိစေနိုင်မည့် အခင်းအကျင်းကို ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ဤနေရာတွင် မိမိတို့ ၏ မိတ်ဖက်ပူးပေါင်းဆောင်ရွက်သူများအား ကူညီပေးရန် တိုက်တွန်းလိုကြောင်း၊ အထူးသဖြင့် အမျိုးသမီး အခွင့်အရေး အဖွဲ့အစည်းများအတွက် အကူအညီများနှင့် သင့်လျော်သည့် အစီအစဉ် ရှိသော ရန်ပုံငွေ ထောက်ပံ့မှုများ ပေးအပ်ရေးက အလွန်အရေးကြီး ကြောင်း၊
(ဋ) မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများအရ ဒီမိုကရေစီဆန်သော အားလုံးပါဝင်သည့် အဖွဲ့ အစည်းများအား တောင့်တင်းခိုင်မာအားကောင်းစေရန် ကျယ်ပြန့်ထိရောက်သည့် အကူ အညီများ လိုအပ်သည်ဟု အလေးအနက်ထား ပြောကြားလိုကြောင်း၊ သို့မှသာ WPS Agenda ဖော်ဆောင် ရန် ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ကျူးလွန် သည့် အကြမ်းဖက်မှုအားလုံးကို ဖြေရှင်းရန်နှင့် ၎င်း တို့၏ ကိုယ်ပိုင်အရည်အသွေးများ ကြွယ်ဝ စေရန် ဥပဒေနှင့်မူဝါဒများတွင် လိင်ပိုင်းဆိုင်ရာရှုထောင့်များကို ထည့်သွင်းရမည်ဟု ထပ်လောင်း ပြောကြားလိုကြောင်း၊
(ဌ) တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအရေးအား ဖြေရှင်းနိုင်ရန် အဓိကဇစ်မြစ်ကို မေ့လျော့၍ မရကြောင်း၊ ယင်းဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့ဖြစ်ကြောင်း၊
(ဍ) စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား ကျူးလွန်သူအားလုံးကို တာဝန်ခံမှုရှိစေရေးက အထူး အရေးပါကြောင်း၊
(ဎ) ထို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေခြင်းအား ချက်ချင်းရပ်တန့်ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
(ဏ) မိမိတို့ဘက်မှလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်း၊ ပြည်ပ၌ အမျိုးသမီးများ ဦးဆောင်လျက်ရှိသော အဖွဲ့များ၊ ပြည်သူများနှင့် အတူတကွရပ်တည်ကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးတို့ကို လက်တွဲညီညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
(တ) (၄) နှစ်ဟူသော ကာလမှာ အလွန်ကြာမြင့်နေပြီဖြစ်၍ အချိန်သည်လည်း မိမိတို့ကို စောင့်ဆိုင်း၍ မနေကြောင်း၊ မိမိတို့၏ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသက်အိုးအိမ် များကို မလိုအပ်ပါဘဲ စွန့်လွှတ်အနစ်နာခံနေရကြောင်း၊
(ထ) ကမ္ဘာကြီးအနေဖြင့် ပြစ်မှုကျူးလွန်သူများက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အသုံးချ၍ ရာဇဝတ်မှုများ ဆက်လက်တိုးချဲ့မည်ကို လက်ပိုက်ကြည့်မနေသင့်ကြောင်း၊ ဤလုံခြုံရေး ကောင်စီအနေဖြင့် လည်း တုံ့ဆိုင်းနေမည့်အစား မြန်မာနိုင်ငံ အကျပ်အတည်းအား ချုပ်ငြိမ်းရန် ကောင်စီ၏ အလုံးစုံသော အခွင့်အာဏာနှင့် တာဝန်ဝတ္တရားတို့ကို အသုံးချကာ အရေးယူ ဆောင်ရွက်သင့် ကြောင်း၊
(ဒ) နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန် သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် ထပ်လောင်း တောင်းဆိုကြောင်း။
၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the
Republic of the Union of Myanmar to the United Nations, at the
United Nations Security Council Annual Open Debate on
“Women, Peace and Security: Women Building Peace in a Changing Environment”
(New York, 25 October 2024)
Madam President,
At the outset, I wish to extend our warmest appreciation to Switzerland, Presidency of the UN Security Council for organizing this open debate on WPS ahead of the 25th anniversary of our landmark resolution 1325 (2000).
I also wish to thank the briefers including my fellow Myanmar Ms.WaiWai Nu for their insightful statements.
Madam President,
The figures of conflicts exceeding by 100 across the globe is not a mere number. But having civilians; especially women and children, bearing the brunt of those conflicts and their consequences count as a clear decline in humanity and represents the failure of our multilateralism where perpetrators constantly have room to violate the universal normative frameworks in a blatant manner and with total impunity.
We all heard the voices of victims loud and clear. We allalso made our condemnations loudly to the perpetrators. Yet, clearly the lack of political will and effective and coherent actions continue to serve as enablers for the intensifying momentum of these crises.
We therefore share the same view on the need for member states to reinstate their political commitment and continue upholding the pledges made for the full implementation of WPS agenda which serves as one of the key drivers for ensuring international peace and security and achieving the sustainable development goals.
Madam President,
In Myanmar, ensuring gender equality, empowering women and their inclusivity in peace and security sector, alongside others, was prompted for awareness and sincere promotion only during the elected civilian government’s tenure.
Prior to that, implementation of WPS agenda has consistently faced a wide range of challenges instigated by the successive military dictatorships. During those decades, all political dynamics were guided by Myanmar military’s patriarchy. And currently, the illegal military coup of February 2021 has pushed back the progresses achieved before including the participation of women and girls in the peace and security sectors.
Since facing with significant people’s resistance from many aspects, the junta intensified its targeted atrocities against the civilians. It has continued to increase systemic and widespread aerial bombings on civilian areas, including IDP campsresulting in the mass displacement, civilian causalities and severe damages to numerous infrastructures.
The military junta’s atrocities against civilians including women and girs have reached at alarming level. The junta forces committed many massacres. The recent case in point is the heinous killing of civilians including women on 19 October. Some are mentally disabled. The civilians were decapitated. Their heads were hung on fences. Their body parts were dismembered and scattered apart. It is horrendous even to mention it here.
Under this challenging circumstances, even at high riskof live threathening environment, courageous Myanmar women and girls continue to be playing at the forefront of ourresistance against the military dictatorship, as part of resistance forces on the ground, as part of NUG, NUCC, CRPH, CSOs and women human rights defenders. Some women are participating in negotiation of shaping the future Myanmar.
While they are playing an important role in our resistance against the military junta, many of them are in trauma and in need psychosocial support.
While maintaining the momemtun of the women participation in our nation building and shaping future Myanmar, we have to create a condition to enable more women participation. Therefore, I wish to urge all our partners to help our efforts in this regard. It is important to provide more assistance to women’s right organizations and make funding arrangement flexible.
Madam President,
Learning from our own experiences, we wish to emphasize that the extensive and effective support is needed to strengthen democratic and inclusive institutionsin ensuring full implementation of the WPS agenda. Likewise, we echo that gender perspectives must be integrated in laws and policies to address all forms of violence against women and girls and enriching their capacities.
At the same time, we must not forget to address the root cause of the crisis in Myanmar, the military dictatorship and its culture of impunity. It is vital to end the military dictatorship and to bring all perpeetrators of war crimes and crimes against humanity accountable.
To enable to do so, the international community must work together in a coordinated and coherent manner to stop flow of arms, weapons, jet fuel and financial assistance to the juntaimmediately.
On our part, the NUG, EROs, CSOs together with women-led groups functioning inside and outside of Myanmar aw well as the people at large stand united to end this military dictatorshipand building a federal democratic union in Myanmar.
Four years is long enough and the clock is ticking. Our people have paid off unnecessary price by sacrificing their lives. The world should not watch the perpetrators from further committing crimes with total impunity. This august body must not stand idle instead act by using its full authority and responsibility to help ending the crisis in Myanmar.
We hereby reiterate our request to the international community, particularly the Security Council, to walk the talk and write a rightful legacy on addressing Myanmar’s issue effectively.
I thank you.
*****
Commenti