top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun at the General Exchange of Views of the Third Meeting of State Parties to the Treaty on the Prohibition of Nuclear Weapons

Writer's picture: Myanmar Mission To UNMyanmar Mission To UN




Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations,  at the General Exchange of Views of the Third Meeting of State Parties to the Treaty on the Prohibition of Nuclear Weapons, held on 5 March 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ တတိယအကြိမ် အစည်းအဝေး အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က  တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိလင့်ကစား မြန်မာနိုင်ငံအနေဖြင့် စာချုပ်၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်းရန် ကတိကဝတ်ပြုထား၊  အခြေအနေပေးသည်နှင့် မိမိတို့ အနေဖြင့် နျူကလီးယားလက်နက်များ တားမြစ်ရေး စာချုပ်၏ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာမည်ဖြစ်၊

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုနှင့် စစ်တပ်က ဆက်လက်ကျူးလွန်နေသည့် ရက်စက် ကြမ်းကြုတ်မှု များသည် နိုင်ငံ၏ ငြိမ်းချမ်းရေးအခြေခံများကို ပြိုကွဲစေခဲ့ပြီး၊ နိုင်ငံသား များအ‌ပါ် ဆင်းရဲဒုက္ခများ ပေါ်ပေါက်စေကာ ဒေသတွင်း ငြိမ်းချမ်း၊ တည်ငြိမ်ရေးကိုလည်း ထိခိုက်စေ၊

နိုင်ငံတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ထူထောင်နိုင်ရန်အလို့ငှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် မြန်မာပြည်သူများ အနေဖြင့် သဋိဌာန် ချထားပြီးဖြစ်ပြီး၊ ယင်းအတွက် ပြဿနာ အရင်းအမြစ်ကိုဖြေရှင်းရန် နှင့် မြန်မာပြည်သူများအပေါ် ပံ့ပိုးကူညီပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်း၊

အကြမ်းဖက် စစ်တပ် ထံသို့ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်းများနှင့် ဂျက်လေယာဉ်ဆီ စီးဆင်းမှုကို ဖြတ်တောက်ခြင်းဖြင့် မြန်မာပြည်သူ များကို ကူညီပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားခဲ့


 (နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်)


၁။        နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ တတိယအကြိမ် အစည်းအဝေး အား အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပလျက်ရှိပါသည်။ အဆိုပါ အစည်းအဝေး၌ စာချုပ်အဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ အဆိုပါ အစည်းအဝေး၏ ၅-၃-၂၀၂၅ ရက်နေ့တွင်ပြုလုပ်သော အထွေထွေဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။


၂။         မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်း၌ အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင် ပါသည်-


(က)     ကမ္ဘာ့ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်လာခြင်း၊ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့် စံနှုန်းများ ဆုတ်ယုတ်လာခြင်းတို့သည် ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေးအခင်းအကျင်းကို ထိခိုက်စေလျက်ရှိကြောင်း၊  သိပ္ပံဆိုင်ရာ အကြံပေးအဖွဲ့ (Scientific Advisory Group) ၏ အစီအရင်ခံစာအရ ၂၀၂၅ ခုနှစ် အစပိုင်းတွင်ပင် ကမ္ဘာပေါ်ရှိ နျူကလီးယား ထိပ်ဖူးသိုလှောင်မှု တိုးမြင့်လာကြောင်းနှင့် နျူကလီးယားလက်နက်များ အဆင့်မြှင့်တင်ရေး ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နေ သည်ကို အစီရင်ခံ ထားကြောင်း၊


(ခ)       နျူကလီးယား အန္တရာယ် ကြီးထွားလာနေစဉ်၌ပင် နျူကလီးယားနယ်ပယ်ရှိ တိုးတက် ပြောင်းလဲ လာသော နည်းပညာများက ၎င်း၏ အန္တရာယ်ကို ပိုမို ဆိုးရွားစေလျက်ရှိပါကြောင်း၊ လူသား မျိုးနွယ်များသည် နျူကလီးယား ကပ်ဘေးအန္တရာယ်ဆီသို့ တဖြည်းဖြည်း ဦးတည်လျက် ရှိပါသဖြင့် နျူကလီးယားလက်နက်ကင်းစင်သော ကမ္ဘာတစ်ခု ပေါ်ပေါက်လာနိုင်ရန် မိမိတို့၏ ပူးပေါင်းရည်မှန်းချက် အောင်မြင်ရေးအတွက် ယခင်ထက်ပို၍ ကြိုးပမ်းအားထုတ်မှုများ နှစ်ဆတိုးမြှင့်ဆောင်ရွက်ကြရန် အလျင်အမြန် လိုအပ်လျက်ရှိ ကြောင်း၊


(ဂ)       နျူကလီးယားလက်နက်များသည် မိမိတို့ လူသားမျိုးနွယ် တည်ရှိမှုအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ၊ မတော်တဆဖြစ်စေ၊ နျူကလီးယားလက်နက်ကို အသုံးပြုမိပါက လူသားချင်းစာနာမှုဆိုင်ရာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကပ်ဆိုးကြီးများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊


(ဃ)     ထို့ကြောင့် နျူကလီးယားလက်နက်များ အသုံးပြုခြင်း (သို့မဟုတ်) အသုံးပြုရန် ခြိမ်းခြောက် ခြင်းကို ကာကွယ်ရန် တစ်ခုတည်းသော အာမခံချက်မှာ အဆိုပါလက်နက်များ လုံးဝ ဖျက်သိမ်း ရေး ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ကြောင်း၊ နျူကလီးယားလက်နက် ကင်းစင်သော ကမ္ဘာတစ်ခုပေါ်ပေါက်လာစေရန် အရေးတကြီး လိုအပ်ချက်သည် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်၏ လမ်းညွှန်အခြေခံမူများထဲမှ တစ်ခုဖြစ်ပါကြောင်း၊  နျူကလီးယား လက်နက်များ အား တားမြစ်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် အညီ ဖြစ်ပြီး၊ အဆိုပါလက်နက်များအား ပပျောက်စေရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါကြောင်း၊


(င)       မြန်မာနိုင်ငံအနေဖြင့် ဗီယင်နာလုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု၏ သိသာထင်ရှားသော တိုးတက်မှုများကို ကြိုဆိုသည့်အပြင် ပြီးခဲ့သည့် နှစ်က အင်ဒိုနီးရှား၊ ဆော်တူမေးနှင့် ပရင်စီပီ၊ ဆီယာရာလီယွန်နှင့် ဆော်လမွန်ကျွန်းစုနိုင်ငံတို့၏ အတည်ပြုလက်မှတ်ရေးထိုးခြင်းတို့ကိုလည်း ကြိုဆိုပါကြောင်း၊  နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် အနေဖြင့်  ကမ္ဘာလုံးဆိုင်ရာ အာဏာသက်ဝင်မှုရရှိရန်မှာ အလွန်အရေးကြီးသည်ဟု မြန်မာနိုင်ငံ က ယုံကြည်ကြောင်း၊ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အတည်ပြု လက်မှတ်ရေးထိုးနိုင်ကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို ကို တိုက်တွန်းကြောင်း၊


(စ)       ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်တွင် မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး၊ အဆိုပါဆောင်ရွက်ချက်နှင့်အညီ အတည်ပြုလက်မှတ်ရေးထိုးခြင်းလုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်၏ တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်ကို အတည်ပြုလက်မှတ် ရေးထိုးနိုင်ရေး လုပ်ငန်းစဉ်များမှာ အဟောသိကံ ဖြစ်ခဲ့ရပါကြောင်း၊


(ဆ)     တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိလင့်ကစား မြန်မာနိုင်ငံအနေဖြင့် စာချုပ်၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်းရန် ကတိကဝတ်ပြုထားကြောင်း၊  အခြေအနေပေးသည်နှင့် မိမိတို့ အနေဖြင့် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်၏ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာမည် ဖြစ်ပါကြောင်း၊


(ဇ)       နိုင်ငံအဆင့်၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တို့တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့သည် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်၏ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းပါဝင်လာစေရေး ကြိုးပမ်းမှုများတွင် တိုးတက်မှုရရှိရန် အထောက်အကူပြုနိုင်သည်ဟု ယူဆပါကြောင်း၊  သို့ရာတွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုနှင့် စစ်တပ်က ဆက်လက်ကျူးလွန်နေသည့် ရက်စက် ကြမ်းကြုတ်မှု များသည် နိုင်ငံ၏ ငြိမ်းချမ်းရေးအခြေခံများကို ပြိုကွဲစေခဲ့ပြီး၊ နိုင်ငံသား များအ‌ပါ် ဆင်းရဲဒုက္ခများ ပေါ်ပေါက်စေကာ ဒေသတွင်း ငြိမ်းချမ်း၊ တည်ငြိမ်ရေးကိုလည်း ထိခိုက်စေ ကြောင်း၊


(ဈ)      ထို့ကြောင့် နိုင်ငံတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ထူထောင်နိုင်ရန်အလို့ငှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် မြန်မာပြည်သူများ အနေဖြင့် သဋိဌာန် ချထားပြီးဖြစ်ပြီး၊ ယင်းအတွက် ပြဿနာ အရင်းအမြစ်ကိုဖြေရှင်းရန် နှင့် မြန်မာပြည်သူများအပေါ် ပံ့ပိုးကူညီပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းပါကြောင်း၊  အကြမ်းဖက် စစ်တပ် ထံသို့ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်းများနှင့် ဂျက်လေယာဉ်ဆီ စီးဆင်းမှုကို ဖြတ်တောက်ခြင်းဖြင့် မြန်မာပြည်သူ များကို ကူညီပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်း အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations,

at the General Exchange of Views of the Third Meeting of State Parties to the Treaty on the Prohibition of Nuclear Weapons


(New York, 5 March 2025)


Mr. President,


At the outset, I wish to congratulate you and other members of the Bureau on your election. I assure you of our delegation’s full support throughout the meeting.


Mr. President,


Heightened geopolitical tensions, persistent conflicts and backsliding of international rules and norms are eroding the global security architecture. The Scientific Advisory Group reported an estimated increase in global stockpile of nuclear warheads and ongoing nuclear arsenal modernization efforts at the beginning of 2025. Nuclear rhetorics and threats continue to prevail while evolving technologies in the nuclear domain further exacerbate its danger.


As humanity moves inches closer to nuclear catastrophe, it is now more urgent than ever to redouble our efforts in achieving our collective goal of the world without nuclear weapons.


Mr. President,


Nuclear weapons pose an existential threat to humanity because a single use of nuclear weapons will have catastrophic humanitarian and environmental consequences whether the use is intentional or accidental.


Therefore, we firmly believe that the only guarantee against the use or threat of use of nuclear weapons is their total elimination. The urgency of achieving a nuclear-weapon free world is one of the guiding principles of the creation of the TPNW. The prohibition of nuclear weapons is in line with international humanitarian law and a critical step towards their elimination.

 

Mr. President,


Myanmar welcomes the significant progress in the implementation of the Vienna Action Plan as well as the ratification by Indonesia, Sao Tome and Principe, Sierra Leone and Solomon Islands last year. Myanmar attaches great importance to universalization of the TPNW and urges all member states to ratify it without delay.


Under the elected civilian government, Myanmar signed the Treaty in 2018 and considered progressively for ratification accordingly.


Unfortunately, our plan to ratify the TPNW was disrupted by the attempted illegal military coup in 2021.


Despite the setbacks and challenges caused by the military coup, Myanmar remains steadfast to upholding the purposes and objectives of the Treaty. We will become a State Party to the TPNW whenever circumstances permit.


Mr. President,


We are of the view that peace and stability at national, regional and international levels can all contribute to achieving progress in our TPNW universalization efforts.


Sadly, for Myanmar, the military coup and ongoing atrocities by the military junta have shattered the fabric of peace in the country, caused human suffering and impacted regional peace and stability.


Therefore, I urge the international community to address the root cause and support the people of Myanmar and their resolutions to end the military dictatorship and build a federal democratic union to restore peace and stability.


Please help the people of Myanmar by cutting the flow of arms, weapons and jet fuel to the military junta.


I thank you, Mr. President.


*****








Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page