top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun at the General Exchange of Views of the 2025 Substantive Session of the United Nations Disarmament Commission

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Apr 8
  • 5 min read




Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the General Exchange of Views of the 2025 Substantive Session of the United Nations Disarmament Commission, held on 8 April 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးကော်မရှင်၏ ၂၀၂၅ ခုနှစ်၊ ဘာသာရပ်ဆိုင်ရာ အထွေထွေဆွေးနွေးမှုအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က

နျူကလီးယားလက်နက်များ အသုံးပြုခြင်း သို့မဟုတ် အသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်းမှ ကင်းလွတ်မည့် တစ်ခု တည်း သော အာမခံချက်မှာ ၎င်းလက်နက်များအား အပြီးတိုင် အလုံးစုံ ဖျက်သိမ်းပစ်ခြင်းသာဖြစ်၊

အကြမ်းဖက်စစ်တပ်က ၎င်းတို့၏ အကျိုးအမြတ်အတွက် စီးပွားရေးနှင့်စစ်ရေးနှစ်မျိုး ဒွန်တွဲအသုံးပြုနိုင်သည့် နည်းပညာများကို ပြည်သူလူထုအပေါ် ထိခိုက်စေရန်အတွက်သာ အသုံးချ နေသည်ကို  မကြာခဏ မြင်တွေ့ရ၊

မြန်မာနိုင်ငံတွင်  လတ်တလော ဖြစ်ပွားခဲ့သော စစ်ကိုင်းငလျင်ဒဏ်ကြောင့် လူပေါင်း ၃,၅၀၀ ကျော် သေဆုံးခဲ့ပြီး၊ ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း အကြမ်းဖက် စစ်တပ်သည် ငလျင်ဒဏ်သင့်ဒေသများ အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အရပ်သားပြည်သူများအပေါ် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်ခွဲခြားခြင်း မရှိဘဲ ပြင်းထန်သော လေကြောင်းတိုက် ခိုက်မှုများ နှင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေ၊

မြန်မာပြည်သူများ၏ ဒုက္ခဆင်းရဲနှင့် အသက်များကို ကယ်တင်ရန်အပြင် ၎င်းတို့၏ အနာဂတ်ကိုပါ ကယ်တင်နိုင်ရန် အာဏာသိမ်းစစ်အုပ်စုထံသို့ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်း၊ ဂျက်လေယာဉ်ဆီနှင့် စစ်ရေးနှင့်အရပ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် ပစ္စည်းများ စီးဆင်းမှုကို ရပ်တန့်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆို ပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်)


၁။        နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးကော်မရှင်၏ ၂၀၂၅ ခုနှစ် အစည်းအဝေး ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ် လျှက်ရှိပြီး၊ ၈-၄-၂၀၂၅ ရက်နေ့တွင် ပြုလုပ်သည့် ဘာသာရပ်ဆိုင်ရာ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကိုယ်စားပြု မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။         ထို့သို့ပြောကြားရာတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ် က အောက်ဖော်ပြပါ အဓိကအချက်များ ကို ပြောကြားခဲ့ ပါသည်-


(က)     သေချာရေရာမှုမရှိသည့် ကမ္ဘာ့အရေးအခင်းအခြေအနေများ၊ နိုင်ငံများအကြား ယုံကြည်မှု လျော့နည်းလာခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အား အားနည်းစေခြင်း တို့သည် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ နိုင်ငံတကာဆွေးနွေးညှိနှိုင်းမှုများအပေါ်တွင် တိုက်ရိုက်သက်ရောက်မှုရှိလာပါကြောင်း၊


(ခ)       ထိုသို့သော အခြေအနေ၌ ဤ အစည်းအဝေးသည် နိုင်ငံတကာ လက်နက်ဖျက်သိမ်းရေး ကြိုးပမ်း ဆောင်ရွက်များအပေါ် မိမိတို့၏ ကတိကဝတ်ကို ပြန်လည်အားဖြည့်ရန် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများ၏ ဦးဆောင်မှုအောက်တွင် လက်ရှိ လက်နက်ဖျက်သိမ်းရေးကော်မရှင် ယန္တရား၏ လုပ်ငန်းအဖွဲ့နှစ်ခုလုံးတွင် အဓိပ္ပာယ်ရှိသော တိုးတက်မှုများ ရရှိနိုင်ရန် စုပေါင်းလုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊


(ဂ)       နျူကလီးယားလက်နက်များ ဆက်လက်၍တည်ရှိနေမှုနှင့်  ၎င်းတို့အား အသုံးပြုနိုင်ချေရှိမှုနှင့် အသုံးပြုရန် ခြိမ်းခြောက်မှုတို့သည် လူသားမျိုးနွယ်အတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ပါကြောင်း၊ နျူကလီးယားလက်နက်များ အသုံးပြုခြင်း သို့မဟုတ် အသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်းမှ ကင်းလွတ်မည့် တစ်ခုတည်းသော အာမခံချက်မှာ ၎င်းလက်နက်များအား အပြီးတိုင် အလုံးစုံ ဖျက်သိမ်းပစ်ခြင်းသာဖြစ်သည်ကို ထပ်လောင်း ပြောကြားလိုပါကြောင်း၊ နျူကလီးယား လက်နက်မပြန့်ပွားရေးစာချုပ်သည် နျူကလီးယား လက်နက် ဖျက်သိမ်းရေး၊ ပျံ့ပွားမှုမရှိစေရေး နှင့် နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုမှုတို့၏ အခြေခံအုတ်မြစ် အဖြစ် ဆက်လက် တည်ရှိနေသည်ဟု မိမိတို့အနေဖြင့် ယုံကြည်ပါကြောင်း၊  


(ဃ)     ကိုးကြိမ်မြောက်နှင့် ဆယ်ကြိမ်မြောက် နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် ပြန်လည် သုံးသပ်ရေးညီလာခံများတွင် အစည်းအဝေး ရလဒ်များ ရရှိနိုင်ခဲ့ခြင်း မရှိသည့် အပေါ် မိမိတို့အနေဖြင့် စိတ်ပျက်မိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် ပြန်လည်သုံးသပ်ရေးညီလာခံအတွက် အကြိုပြင်ဆင်ရေးကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေးသို့ ချဉ်းကပ်လာသည်နှင့်အမျှ အနှစ်သာရပြည့်ဝသော ရလဒ်တစ်ခုရရှိရန် မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုများကို နှစ်ဆတိုးမြှင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊


(င)       မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစမ်းသပ်ခြင်းဆိုင်ရာ အလုံးစုံတားမြစ်ရေးစာချုပ် (CTBT)  အား ကမ္ဘာလုံးဆိုင်ရာ လိုက်နာကျင့်သုံးရေးနှင့်စပ်လျဉ်း၍ အလွန်အရေးကြီးသော အခန်းကဏ္ဍ အဖြစ် သတ်မှတ်ထားရှိပြီး၊  အာဏာသက်ဝင်မှုရှိစေရန်အတွက် အတည်ပြု လက်မှတ်ရေးထိုးရန် ကျန်ရှိနေသောနိုင်ငံများ၊ အထူးသဖြင့် နောက်ဆက်တွဲ အမှတ် (၂) တွင် ပါဝင်သည့် အတည်ပြု လက်မှတ်ရေးထိုခြင်း မရှိသေးသည့် နိုင်ငံများ အနေဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အတည်ပြု လက်မှတ်ရေးထိုးရန် တိုက်တွန်းပါကြောင်း၊


(စ)       နျူကလီယားလက်နက်များ တားမြစ်ခြင်း ဆိုင်ရာစာချုပ်သည် လက်ရှိတည်ရှိနေသော အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းများကို အင်အားဖြည့်စွက်၍ နျူကလီးယားလက်နက်များ လုံးဝဖျက်သိမ်းရေးဟူသောမိမိတို့၏ ဘုံရည်မှန်းချက်ကို တိုးတက်လာစေရန် အထောက်အကူ ဖြစ်စေသည်ဟု ယူဆပါကြောင်း၊ အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်စာချုပ်၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်များကို ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများကို ခိုင်မာအားကောင်းစေရန် ဒေသဆိုင်ရာချဉ်းကပ်နည်းတစ်ခုအဖြစ် နျူကလီးယားလက်နက်ကင်းမဲ့ဇုန်များ တည်ထောင်ခြင်းကို ထောက်ခံပါကြောင်း၊ 


(ဆ)     မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာလုံခြုံရေးအခြေအနေတွင် ပေါ်ထွန်းလာသော နည်းပညာများ ဆိုင်ရာ ဆက်လက်ဖြစ်ပေါ်တိုးတက်မှုများနှင့် အဆိုပါ ဆွေးနွေးမှုများကို မှတ်သားထားကြောင်း၊ ကိစ္စရပ်တစ်ခုတည်း နှစ်နေရာတွင် ဆွေးနွေးမှုမျိုး မဖြစ်ရန် ရှောင်ရှားရန် လိုကြောင်း၊ ဉာဏ်ရည် တု နည်းပညာ အပါအဝင် ပေါ်ထွန်းလာသော နည်းပညာများကို ၎င်းတို့၏ ဖြစ်နိုင်ချေရှိသော အကျိုးကျေးဇူးများ နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည် ဖော်ရန်အတွက် အသုံးချနိုင်မည်ဖြစ်ကြောင်း၊ နည်းပညာကွာဟချက်ကို ပေါင်းကူးပေးရန် ဖွံ့ဖြိုး ဆဲနိုင်ငံများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် နည်းပညာအကူအညီပေးရေးတို့ အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် တိုက်တွန်းပါကြောင်း၊ တစ်ချိန် တည်းမှာပင် အသစ်ပေါ်ထွန်းလာသော နည်းပညာများကို မည်သည့်နယ်ပယ်တွင်မဆို အသုံးချရာ၌ ၎င်းတို့၏ စစ်ရေးနှင့် အရပ်ဘက် နှစ်မျိုးအသုံးပြုနိုင်သည့် သဘောသဘာဝကြောင့် နိုင်ငံတကာလူသားချင်း စာနာမှုဆိုင်ရာဥပဒေ နှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ အပါအဝင် နိုင်ငံတကာဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်ရန်လိုကြောင်း၊


(ဇ)       အကြမ်းဖက်စစ်တပ်က ၎င်းတို့၏ အကျိုးအမြတ်အတွက် စီးပွားရေးနှင့်စစ်ရေးနှစ်မျိုး ဒွန်တွဲအသုံးပြုနိုင်သည့် နည်းပညာများကို ပြည်သူလူထုအပေါ် ထိခိုက်စေရန်အတွက်သာ အသုံးချ နေသည်ကို  မကြာခဏမြင်တွေ့ရလျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် တရားမဝင် အာဏာ သိမ်း မှုကြိုးပမ်းချိန်မှစ၍ စစ်တပ်သည် ICT နည်းပညာများအသုံးချ၍ ပြည်သူလူထုအား ဖိနှိပ်မှု များ ဆောင်ရွက်ခဲ့သလို ပြည်ပမှ တင်သွင်းသည့် ဂျက်လေယာဉ်ဆီ ကို အသုံးပြု၍ အရပ်သားများ အပေါ် ခွဲခြားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊  အကြမ်းဖက် စစ်တပ် သည် ၎င်းတို့၏ နိုင်ငံအနှံအပြား အကြမ်းဖက်မှုများနှင့် စနစ်တကျ ဖိနှိပ်မှုများ အတွက် အသုံးပြုနိုင်သည့် မည်သည့်ပစ္စည်း ကိုမဆို စစ်ရေးအတွက် အသုံးမပြုရန် တားမြစ်ထားသည့် စည်းမျဉ်းများကို ဝေဝါးအောင် ပြုလုပ်ကာ အကြမ်းဖက်မှုများကို ဆောင်ရွက်လျက်ရှိနေသည်မှာ ထင်ရှားပါ ကြောင်း၊  


(ဈ)      မြန်မာနိုင်ငံတွင်  လတ်တလော ဖြစ်ပွားခဲ့သော စစ်ကိုင်းငလျင်ဒဏ်ကြောင့် လူပေါင်း ၃,၅၀၀ ကျော် သေဆုံးခဲ့ပြီး၊ ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း အကြမ်းဖက် စစ်တပ်သည် ငလျင်ဒဏ်သင့်ဒေသများ အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အရပ်သားပြည်သူများအပေါ် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်ခွဲခြားခြင်း မရှိဘဲ ပြင်းထန်သော လေကြောင်းတိုက် ခိုက်မှုများ နှင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေပါကြောင်း၊


(ည)     အကြမ်းဖက်စစ်တပ်၏ လူမဆန်မှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် ရာဇဝတ်မှုများ အဆုံးသတ်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် မြန်မာပြည်သူများ၏ ဒုက္ခဆင်းရဲနှင့် အသက်များကို ကယ်တင်ရန်အပြင် ၎င်းတို့၏ အနာဂတ်ကိုပါ ကယ်တင်နိုင်ရန် အာဏာသိမ်းစစ်အုပ်စုထံသို့ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်း၊ ဂျက်လေယာဉ်ဆီနှင့် စစ်ရေးနှင့်အရပ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် ပစ္စည်းများ စီးဆင်းမှုကို ရပ်တန့်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆို ပါကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်း အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြ အပ်ပါသည်။


 

၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations,

at the General Exchange of Views of the 2025 Substantive Session of the

United Nations Disarmament Commission


(New York, 8 April 2025)


Mr. Chair,


I wish to begin by congratulating you and other members of the bureau on your election. You can count on our delegation’s full support for a fruitful outcome of this session.


Myanmar aligns itself with the statements delivered on behalf of NAM and ASEAN.


Mr. Chair,


The growing sense of global uncertainity, the erosion of trust among nations and the undermining of international institutions directly impact our multilateral negotations of the disarmament agenda. Against this backdrop, the substantive session of the UNDC offers an opportunity to revitalize our commitment to multilateral disarmament efforts.


We are confident that under the leadership of the respective Chairs, we can work collectively to achieve meaningful progress in both Working Groups of the current UNDC cycle.


Mr. Chair,


Nuclear weapons pose a security threat to humanity due to their continued existence as well as their possible use or threat of use. Myanmar reaffirms our position that the only guarantee against the use or threat of use of nuclear weapons is their total elimination.


Myanmar believes that NPT remains the cornerstone of nuclear disarmament, non-proliferation and peaceful use of nuclear energy. We expressed our disappointment over the consecutive failures to adopt an outcome document at the Ninth and Tenth NPT Review Conference. As we approach the Third Session of the Preparatory Committee for the 2026 NPT Review Conference, we must redouble our efforts in fostering trust, flexibility and mutual understanding to achieve a substantive outcome.


Myanmar attaches great importance to the universal adherence to the CTBT and calls upon all states that have not ratified it, especially the remaining Annex II states, to do so without delay for its entry into force.


Myanmar welcomed the convening of the Third Meeting of State Parties to the TPNW earlier this year. We are of the view that TPNW complements other existing multilateral instruments and contributes to advancing our shared goal of the total elimination of nuclear weapons.


As a state party to Southeast Asia Nuclear-Weapons-Free Zone, Myanmar supports the establishment of NWFZs as a regional approach to strengthen global norms against nuclear weapons.


Mr. Chair,


Myanmar takes note of the ongoing deliberations on emerging technologies in the context of international security and underscores the need to streamline our discussion to avoid a possibly duplicative track.


Emerging technologies, including artificial intelligence, can be harnessed for their potential benefits and the implementation of sustainable development goals. Myanmar calls for enhanced international cooperation for capacity building and technical assistance to developing countries to bridge the technological gap.


At the same time, the application of emerging technologies in any domain should be complied with international law, including international humanitarian law and international human rights lawdue to their dual-use nature.


Mr. Chair,


Their dual-use aspect is of particular concern for Myanmar since the military junta never shies away from exploiting dual-use goods and technologies to their advantage at the expense of civilians.


Since the attempted coup in 2021, the military junta has employed among others ICTs for digital oppression and jet fuel for indiscriminate air strikes over civilians. It’s crystal clear that the military blurs the line between the dual use of any item as long as they can be utilized for their widespread terror campaigns and systematic subjugation.


Even after the recent devastating Sagaing earthquake in Myanmar which took more than 3,500 lives and created huge damages, the military continues to launch indiscriminate and disproportionate aerial attacks and bombardments on civilian population across the country, including the earthquake-affected regions.


There is no end to the military’s inhumanity, brutality and atrocities.


Therefore, I appeal to all Member States to cut the flow of arms, weapons, jet fuel and dual-use items to the military junta to save the suffering and lives of the people of Myanmar as well as their future.


I thank you.


*****








Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page