top of page
Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the General Discussion on Social Development of the Third Committee of the Seventy-Ninth session of the UN General Assembly


Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the General Discussion on Social Development of the Third Committee of the Seventy-Ninth session of the UN General Assembly, held on 4 October 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်အဝေး၌ လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က

မြန်မာပြည်သူလူထုတစ်ရပ်လုံး၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် လူငယ်များက စစ်အာဏာရှင်စနစ်ဆိုးနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု ဒဏ်များကို အများဆုံးခါးစည်းခံနေရ၊ မြန်မာနိုင်ငံတွင် လူမှုရေးအကာအကွယ်ပေးရေးအတွက် အာရုံစိုက်ရမည့်အစား ပြည်သူများအား စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုရန်စွယ်မှ အကာအကွယ်ပေးရေး အတွက် ကူညီပေးရန် ကျယ်ကျယ်လောင်လောင် တောင်းဆိုနေရ၊

ပြည်သူများဒုက္ခခံစားနေရခြင်းနှင့် ဖြစ်ပေါ်နေသည့် အကျပ်အတည်းအတွက် အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် ၎င်း၏ တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုတို့ပင်ဖြစ်၊ ယင်းဇစ်မြစ်ကို အပြီးတိုင် ချုပ်ငြိမ်းရန် လိုအပ်၊ အဆိုပါ ပြည်သူများအား လွန်စွာထိခိုက်စေသည့် ဇစ်မြစ်ကို ဖြေရှင်းရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ခိုင်မာသော အရေးယူဆောင်ရွက်ချက်များချမှတ်ကာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်၊

ဒီမိုကရေစီအတွက် လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲများက အခြေခံကျ၊ သို့ရာတွင် အာဏာသိမ်းစစ်တပ်မှ ပြင်ဆင်နေသော မည်သည့်ရွေးကောက်ပွဲမဆို လွတ်လပ်၊ မျှတ၍ အားလုံး ပါဝင်မှုရှိသော ရွေးကောက်ပွဲဖြစ်နိုင်မည်မဟုတ်၊ စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲသည် ပြဿနာကို ဖြေရှင်းနည်းမဟုတ်ဘဲ ပဋိပက္ခများကို ပိုမိုကြာမြင့်စေပြီး တိုက်ခိုက်မှုများကိုသာ တိုးပွားစေမည်ဖြစ်၊

မြန်မာပြည်သူများ၏ ရပ်တည်ချက်မှာ ခိုင်မာကြောင်း၊ မိမိတို့အနေဖြင့် စစ်တပ်မှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း အလားတူလုပ်ဆောင်ရန် တောင်းဆိုကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်)


၁။       နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ (၇၉) ကြိမ်မြောက် အထွေထွေညီလာခံ၏ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုများ (General Debate) ကျင်းပမှုအပြီးတွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ ပင်မကော်မတီများ၏ အစည်းအဝေးများကို ၂-၁၀-၂၀၂၄ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ် လျက်ရှိပါသည်။


၂။       ပင်မကော်မတီအစည်းအဝေးများအနက် လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) အစည်းအဝေးများကို ၃-၁၀-၂၀၂၄ ရက် (ကြာသပတေးနေ့) မှ စတင် ကျင်းပခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိပါသည်။


၃။       တတိယကော်မတီတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု (Social Development) ခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးမှုအစီအစဉ် (General Discussion) အား ၃-၁၀-၂၀၂၄ ရက်နှင့် ၄-၁၀-၂၀၂၄ ရက်နေ့ များတွင် ကျင်းပခဲ့ရာ ၄-၁၀-၂၀၂၄ ရက် (သောကြာနေ့)၊ နံနက်ပိုင်းတွင်  မြန်မာအမြဲတမ်း ကိုယ်စားလှယ်က မိန့်ခွန်းပြောကြားခဲ့ရာ အောက်ဖော်ပြပါ အဓိကအချက်များကို ထည့်သွင်းပြောကြားခဲ့ ပါသည်-


(က)    ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယခုနှစ်တွင် အနာဂတ်အတွက် သဘောတူညီချက် (Pact for the Future – PftF) အား အတည်ပြုကာ သမိုင်းဝင် အောင်မြင်မှုကို ထူထောင် နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ Pact သည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (Sustainable Development Goals – SDGs) နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ အစီအစဉ် (2030 Agenda for Sustainable Development) တို့အား အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှု ရှိစေရန်နှင့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေလိုသည့် မိမိတို့၏ အန္တိမရည်မှန်းချက်ကို သက်သေပြ၍ အဓိက မောင်းနှင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊


(ခ)     သို့သော် ကမ္ဘာ့အသိုက်အဝန်းအနေဖြင့် နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် စည်းလုံးညီညွတ်မှုတို့ကို ခြိမ်းခြောက်ဟန့်တားနေသည့် ဖြစ်ပေါ်ဆဲ ပဋိပက္ခများ၊ စစ် အာဏာသိမ်းမှုများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ကြုံတွေ့နေရသော စိန်ခေါ်မှု စက်ဝန်းများတွင် ဆက်လက်နစ်ဝင်လျက်ရှိကြောင်း၊ ထို့အတွက် ထိရောက်မှုရှိသော နိုင်ငံစုံစနစ်ဖြင့် ပိုမိုအားစိုက်ထုတ်ရန် လိုအပ်နေသေးကြောင်း၊


(ဂ)     ဤနေရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဤခေါင်းစဉ်အောက်မှ ထုတ်ပြန်ထား သော အစီရင်ခံစာများအတွက် ကျေးဇူးတင်ရှိပြီး ယင်းအစီရင်ခံစာများပါ အကြံပြုချက် များကို ကြိုဆိုပါကြောင်း၊


(ဃ)    မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်း မှု ဖြစ်ပွားခဲ့ပြီးသည့်အချိန်မှစ၍ ပြစ်မှုကျူးလွန်သည့် အာဏာသိမ်း အကြမ်းဖက် စစ်တပ် သည် အရပ်သားပြည်သူလူထုအပေါ် မဆင်မခြင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း၊ ကျေးရွာများနှင့် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းနှင့် မီးရှို့ခြင်း စသော ရက်စက် ကြမ်းကြုတ်မှုများကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် အဆက်မပြတ် ကျူးလွန်လျက် ရှိကြောင်း၊


(င)     မြန်မာပြည်သူလူထုတစ်ရပ်လုံး၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် လူငယ်များက စစ်အာဏာရှင်စနစ်ဆိုးနှင့် စစ်တပ် ၏ ရက်စက်ကြမ်းကြုတ်မှု ဒဏ်များကို အများဆုံး ခါးစည်းခံနေရကြောင်း၊


(စ)     မတရား စစ်အာဏာသိမ်းချိန်မှအစပြု၍ ပြည်သူ ၅,၇၀၀ ကျော်မှာ စစ်တပ်၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ၃.၄ သန်းကျော်မှာ နေရပ်စွန့်ခွာနေရသည့်အပြင် ၁၈.၆ သန်း ကျော်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အရေးတကြီး လိုအပ်လျက် ရှိကြောင်း၊


(ဆ)    အဆိုပါ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေသူများ၏ တစ်ဝက် ကျော်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များဖြစ်ကြောင်း၊


(ဇ)     ၎င်းတို့အနေဖြင့် အလုပ်လက်မဲ့ဖြစ်မှုနှင့် ကျားမအခြေပြုအကျိုးသက်ရောက်မှုများဖြစ် သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် စော်ကားမှုများ အပါအဝင် နေရပ်စွန့်ခွာခြင်းကြောင့် ၎င်းတို့အပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများအား တုံ့ပြန်ရန်၊ ကြိုတင်ကာကွယ်ရန်နှင့် အထောက်အထားပြုစုရန် အတွက် လိုအပ်သည့် အခြေခံဝန်ဆောင်မှုများ မရရှိခြင်းနှင့် လုံခြုံရေးအန္တရာယ်၊ အခြေခံ အဆောက်အဦများ ပျက်စီးခြင်းနှင့် လူကုန်ကူးမှုကဲ့သို့သော လိင်အခြေပြုရာဇဝတ်မှုများ ကြောင့် အချိုးမညီမျှစွာ ဒုက္ခခံစားနေရကြောင်း၊


(ဈ)     ယင်းသို့သော စိန်ခေါ်မှုများ ဖြစ်ပေါ်နေသည့်တိုင် အမျိုးသမီးများသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီ ပြန်လည်ရှင်သန်လာရေးအတွက် ရှေ့တန်းမှ ပါဝင်လျက်ရှိကြောင်း၊


(ည)    တစ်ဖက်တွင်လည်း မြန်မာနိုင်ငံရှိ ကလေးငယ် ၆ သန်းကျော်မှာ နေရပ်စွန့်ခွာမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပုံမှန်ပညာရေး ပြတ်တောက်မှုများအောက်တွင် ရုန်းကန် နေရကြောင်း၊ အချို့သောဖြစ်စဉ်များတွင် စစ်တပ်၏ လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် ကလေးများမှာ ယာယီစခန်းများနှင့် ဗုံးခိုကျင်းများ၌ ပညာ ဆည်းပူးနေရကြောင်း၊ ထို့အတူ စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကာကွယ်ဆေးများ ပုံမှန် မရရှိသဖြင့် အာဟာရပြတ်လတ်မှုတို့ကို လည်း ရင်ဆိုင်နေရကြောင်း၊ အသက်မပြည့်သေး သော ကလေးငယ်များပင်လျှင် စစ်တပ်၏ အတင်းအကြပ် စစ်သားစုဆောင်းမှု ဘေးဆိုးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊


(ဋ)     အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၊ အထူးသဖြင့် အမျိုးသမီး မသန်စွမ်းသူများက အဓိက ဒုက္ခခံစားနေရကြောင်း၊ ၎င်းတို့အတွက် လိုအပ်သည့် အထောက် အကူပြု အစီအမံများ (Accessibility) မှာ သာ၍ ခက်ခဲလာပြီး အခွင့်အရေး များ ချိုးဖောက်ခံရမှု မှာ မြင့်တက်လာကြောင်း၊ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ၊ လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်မှုများနှင့် မြေမြှုပ်မိုင်းများကြောင့် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များ အပါအဝင် ပြည်သူများ မှာ ကိုယ်လက်အင်္ဂါများ ဆုံးရှုံး နေရ ကြောင်း၊


(ဌ)     ထို့အတူ မိမိတို့နိုင်ငံရှိ လူငယ်များမှာလည်း ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှုတွင် အလွန်အရေးပါ သော ဉီးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် စာသင်ကျောင်းများနှင့် တက္ကသိုလ်များတွင် ပညာသင်ကြားနေရမည့်အစား အများစုမှာ လူမဆန်သော စစ်တပ်၏ ရန်မှ ပြည်သူများ၏ အသက် အိုးအိမ်များအား ကယ်တင်ရန်နှင့် လူ့အသိုက်အဝန်းများအား ကာကွယ်ရန် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်နေကြောင်း၊ အချို့မှာ လည်း စစ်တပ်၏ မတရား ဖမ်းဆီးမှုကို ရှောင်ရှားရန် ပြည်တွင်းမှ ထွက်ခွာကြရကြောင်း၊ စစ်တပ်၏ တရားမဝင်သော အတင်းအကြပ် တပ်သားစုဆောင်းမှုကြောင့် အလုံးအရင်း ဖြင့် ရွှေ့ပြောင်းနေထိုင်းခြင်းနှင့် ဦးနှောက်ယိုစိမ့်မှုပြဿနာတို့မှာ ပို၍ စိုးရိမ် ရသည့် အခြေ အနေဖြစ်လာကြောင်း၊


(ဍ)     မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် လည်း နေရပ်စွန့်ခွာမှု၊ ပြည်သူများ၏ ဒုက္ခဆင်းရဲနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေကို ပိုမို ဆိုးရွားလာစေခဲ့ကြောင်း၊


(ဎ)     နိုင်ငံအများစုအနေဖြင့် ၎င်းတို့၏ နိုင်ငံသားများအတွက် လူမှုရေးအကာအကွယ်ပေးရေး (Social Protection) ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များကို ဤကော်မတီသို့ တင်ပြခဲ့ ကြောင်း၊ မြန်မာနိုင်ငံတွင်မူ လူမှုရေးအကာအကွယ်ပေးရေးအတွက် အာရုံစိုက်ရမည့် အစား ပြည်သူများ အား စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု ရန်စွယ်မှ အကာအကွယ်ပေးရေးအတွက် ကူညီပေးရန် ကျယ်ကျယ်လောင်လောင် တောင်းဆိုနေရကြောင်း၊


(ဏ)   ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြည်သူများ ဒုက္ခခံစားနေရခြင်းနှင့် ဖြစ်ပေါ်နေသည့် အကျပ် အတည်းအတွက် အဓိက ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် ၎င်း၏ တရားမဝင် စစ်အာဏာ သိမ်းရန် ကြိုးပမ်းမှုတို့ပင်ဖြစ်သည်မှာ ရှင်းလင်းမြင်သာကြောင်း၊ ယင်း ဇစ်မြစ် ကို အပြီးတိုင် ချုပ်ငြိမ်းရန် လိုအပ်ကြောင်း၊ အဆိုပါ ပြည်သူများအား လွန်စွာ ထိခိုက်စေ သည့် ဇစ်မြစ်ကို ဖြေရှင်းရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ခိုင်မာသော အရေးယူ ဆောင်ရွက်ချက် များ ချမှတ်ကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊


(တ)    မြန်မာပြည်သူများအနေဖြင့်မူ နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေး ကောင်စီအား မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ပေးနိုင်ရန်အတွက် ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန်နှင့် စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေး စီးဆင်းမှု ရပ်တန့်ရန် အစဉ်တစိုက် တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်း၊


(ထ)    ထို့အပြင် ဒီမိုကရေစီအတွက် လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲများက အခြေခံကျသည်ဟု အလေးအနက်ထား ပြောကြားလိုကြောင်း၊ သို့ရာတွင် အာဏာသိမ်း စစ်တပ်မှ ပြင်ဆင်နေသော မည်သည့် ရွေးကောက်ပွဲမဆို လွတ်လပ်၊ မျှတ၍ အားလုံး ပါဝင်မှုရှိသော ရွေးကောက်ပွဲ ဖြစ်နိုင်မည်မဟုတ်ကြောင်း၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ပြဿနာကို ဖြေရှင်းနည်း မဟုတ်ဘဲ ပဋိပက္ခများကို ပိုမို ကြာမြင့် စေပြီး တိုက်ခိုက်မှု များကိုသာ တိုးပွားစေမည်ဖြစ်ကြောင်း၊


(ဒ)     မြန်မာပြည်သူများ၏ ရပ်တည်ချက်မှာ ခိုင်မာကြောင်း၊ မိမိတို့အနေဖြင့် စစ်တပ်မှ ပြင်ဆင် နေသည့် အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း အလားတူ လုပ်ဆောင်ရန် တောင်းဆိုကြောင်း။


၄။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။


 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion on Social Development of the Third Committee of the Seventy-Ninth session of the UN General Assembly


(New York, 4 October 2024)


Mr. Chair,


I wish to extend our warmest congratulations to you and the bureau for your well-deserved elections. Please be assured of our delegation’s full support and cooperation in your work.


Myanmar aligns itself with the statements by ASEAN and G-77 and China.


This year, UN member states mark the historic success of adopting the Pact for the Future. Myanmar is of the view that the Pact serves as a key driver and testifies the ultimate ambition to reverse stagnation and keep the world on track for the implementation of SDGs and the 2030 Agenda for Sustainable Development.


However, the global community is still deeply rooted in the cycle of challenges resulted by the ongoing conflicts, military coups and natural disasters which are threatening and impeding international peace, security and solidarity.


More needs to be done through an effective multilateral system.


In this regard, Myanmar thanks the UN Secretary-General for his reports under this agenda item and welcomes his recommendations contained therein.


Mr. Chair,


Very sadly, in my country Myanmar, since the illegal military coup attempt in February 2021, the perpetrating military junta has been consistently committing series of atrocities in a systematic and widespread manner by launching indiscriminate aerial bombings on the civilian population and destroying and burning down villages and civilian properties.


The whole people of Myanmar especially women and girls, children, persons with disability, and youth are bearing the brunt of the military dictatorship and its atrocities.


Since the coup attempt in February 2021, over 5,700 people have been brutally killed by the military junta. More than 3.4 million people are displaced. Over 18.6 million people are in urgent need of humanitarian assistance.


More than half of those in need of humanitarian assistance are women and girls. They are disproportionately affected by unemployment and gender-specific impacts including increasing vulnerability to gender-based violence, rape, sexual exploitation and harassment, lack of access to essential services for responding, preventing, and documenting violence against women due to displacements, security risks, and damage to infrastructure and increased gender-based crimes such as trafficking.


Even at this challenging time, women are at forefront in fighting against the military dictatorship and restoring democracy in Myanmar.


Mr. Chair,


Over 6 million children have been part of the displacement and living under interrupted health-care and formal education. In some cases, some children are pursing education in makeshift camps and bunkers due to the junta’s aerial attacks and heavy artillery shelling. They are also facing food insecurity and malnutrition due to lack of access to regular immunization and vaccination. Underage children are also at risk of forced recruitment by the military.


I also wish to stress that persons with disability especially women suffers most. Accessibility is getting difficult. Violation of their rights is more frequent. Due to the junta’s atrocities, aerial attacks and landmines, many people including women and girls lost part of their body.


Our youth play an important and leading role in our fight for democracy. Though they are supposed to be at classes and universities, many of them joined the revolution against the inhumane military junta to save lives and protect the community. Some left the country to avoid from possible arbitrary arrest by the junta. Massive migration and the issue of brain drain have become more alarming after the military junta’s forced conscription. 


Unfortunately, the evolvement of recent Typhoon Ragi and its remnants have further exacerbated displacement, the people’s suffering and the humanitarian situation.


Mr. Chair,


Many countries informed this august committee of how much efforts they put to promote social protection of their respective citizens. Sadly in Myanmar, instead of paying attention to the social protection, we are crying out for help to protect civilians from the military junta’s atrocities.


Clearly, the root cause of the people’s suffering and the crisis in Myanmar is the military dictatorship and its unlawful military coup attempt. We need to end this root cause. The international community needs to step up and take bolder actions to address this destructive root cause.


In this regard, the people of Myanmar have persistently appealed the international community and the UN, particularly the Security Council, to take effective action to save lives and prevent the junta’s atrocities by cutting off arms, weapons, jet fuel and financial supplies to the military junta.


In conclusion, Mr. Chair, I wish to emphasize that free and fair elections are fundamental value of democracy. However, any election to be organized by the military junta in this situation will never be a free, fair and inclusive election. The junta’s planned sham election is not a solution for the crisis but rather will create more violence and protract the conflict.


Therefore the people of Myanmar are resolute, and we strongly oppose the junta’s planned sham election. We call for the international community to do the same.


Thank you.


 

*****











Comments


bottom of page