Statement by Ambassador Kyaw Moe Tun at the General Discussion of the Fifty-eighth Session of the Commission on Population and Development
- Myanmar Mission To UN
- Apr 8
- 5 min read




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion of the Fifty-eighth Session of the Commission on Population and Development, held on 8 April 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင်၏ (၅၈) ကြိမ်မြောက် အစည်းအဝေး၏ အထွေထွေဆွေးနွေးမှု အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
နိုင်ငံတစ်နိုင်ငံတွင် ကျန်းမာသော ဘဝများနှင့် အသက်အရွယ်အားလုံးအတွက် ကောင်းမွန်သော လူမှုဘဝတို့ ရရှိစေရေးမှာ ကောင်းမွန်သော စီမံအုပ်ချုပ်မှုက အလွန် အရေးပါသည့်အချက်ဖြစ်၊ စစ်တပ်၏ မတရား စစ် အာဏာသိမ်းမှုသည် ပြည်သူများ၊ ၎င်းတို့၏ အနာဂတ်၊ နိုင်ငံ့ ဖွံ့ဖြိုးတိုးတက်မှု အပေါ်ကြီးလေးသော သက်ရောက်မှုရှိ၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သည့် အရပ်သားအစိုးရလက်ထက်တွင် ဖော်ဆောင်နိုင်ခဲ့သည့် တိုးတက်မှုများအားလုံးမှာ ပြောင်းပြန်အခြေအနေသို့ ရောက်ရှိခဲ့၊ အချက်အချို့ကို ဖော်ပြရလျှင် ပြည်တွင်းတရားဥပဒေစိုးမိုးမှု နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှု ကဲ့သို့သော လုပ်ငန်းစဉ်များ လုံးဝဥဿုံ ဆိတ်သုဉ်းခဲ့၊
မြန်မာနိုင်ငံကို ရိုက်ခတ်ခဲ့သည့် ဖျက်အားပြင်း ငလျင်လှုပ်ခတ်မှု နှင့် ပြည်သူများ ကြုံတွေ့ခဲ့ရမှုက လက်ငင်း သာဓကပင်ဖြစ်၊ စစ်တပ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး စီမံချက် မရှိခြင်းကြောင့် ပြည်သူအချို့ အသက်ဆုံးရှုံးခဲ့ရ၊ ထို့ပြင် စစ်တပ်အနေဖြင့် ကန့်သတ်ချက် အမျိုးမျိုး ထားရှိခြင်းကြောင့် ငလျင်ဘေးဒဏ်သင့် ထိခိုက်နစ်နာသူများထံသို့ အရေးပေါ် လူသား စာနာ အကူအညီများ အချိန်မီ ထိရောက်စွာ ပို့ဆောင်ပေးနိုင်ခြင်း မရှိခဲ့၊ စစ်တပ်အနေဖြင့် ပဋိပက္ခ ဖြစ်ပွားရာ နေရာဒေသများရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများထံသို့ အရေးပေါ် လူသား စာနာ အကူအညီများ မရောက်ရှိစေရန် ရည်ရွယ်ချက် ရှိရှိ တားမြစ်လျက်ရှိသည်ဟု မှတ်ယူနိုင်၊
စစ်တပ်အနေဖြင့် ငလျင်ဒဏ်သင့်နေရာများ အပါအဝင် အရပ်သားပြည်သူများအပေါ်၌ မဆင် မခြင် လေကြောင်း တိုက်ခိုက်မှုများကို ဆက်လက်၍သာ ကျူးလွန်လျက်ရှိ၊ ငလျင်ဘေးဒဏ်သင့် ထိခိုက်နစ်နာသူများအတွက် ပြန်လည်ထူထောင် ရေးဆိုင်ရာ ကြိုးပမ်းမှုများ မပြတ် ပြုလုပ်နေသည့်နည်းတူ ယခုကဲ့သို့သော အရေးပေါ် အနေအထားတွင် မြန်မာနိုင်ငံ၏ ပြဿနာအား ဖြေရှင်းနိုင်ရန်အတွက် စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ မတရား စစ်အာဏာသိမ်းမှုအား အပြီးတိုင် ချုပ်ငြိမ်းရပ်တန့်ခြင်းက အဓိက သော့ချက်ပင်ဖြစ် ကြောင်းပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်)
၁။ (၅၈) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် (Commission of Population and Development – CPD) အစည်းအဝေးကို နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ၇-၄-၂၀၂၅ ရက်နေ့မှ ၁၁-၄-၂၀၂၅ ရက်နေ့အထိ ကျင်းပလျက်ရှိပါသည်။ အဆိုပါ အစည်းအဝေးကာလတွင် ယခုနှစ် အစည်းအဝေး၏ ခေါင်းစဉ် “Ensuring healthy lives and promoting well-being for all at all ages” အောက်မှ အထွေထွေ ဆွေးနွေးမှု အစီအစဉ်အပြင် Expert Panel (၂) ခု၊ Thematic Presentation၊ Multistakeholder Panel၊ Panel of National Experts နှင့် Side event (၃၀) ကျော်လည်း ပါဝင်ပါသည်။
၂။ အထွေထွေဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၁၁၀) ကျော်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများတို့မှ ကိုယ်စားလှယ်များ ပါဝင် ဆွေးနွေးခဲ့ကြပြီး ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၈-၄-၂၀၂၅ ရက်နေ့၌ ကျင်းပသည့် အစည်းအဝေးတွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အချက်များ အဓိက ပါဝင်ပါသည်-
(က) မြန်မာနိုင်ငံအနေဖြင့် Programme of Action of the International Conference on Population and Development (ICPD)၊ ယင်းအစီအစဉ်တွင် ထည့်သွင်းထားသည့် မျိုးပွားခွင့်၊ ကျားမတန်းတူညီမျှမှုနှင့် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့ အပါအဝင် လူ့အခွင့်အရေး နှုန်းစံတန်ဖိုးများအပေါ်ထားရှိသည့် ကတိကဝတ်တို့ကို ထပ်လောင်း အတည်ပြုပါကြောင်း၊ ထို့အတူ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များအား ကိုင်တွယ်လုပ်ဆောင်ရာတွင် ပြည်သူအား ဗဟိုပြုသည့်ချဉ်းကပ်မှုနှင့် အဆိုပါ ချဉ်းကပ်မှုအား အမျိုးသားရေးအဆင့် မဟာဗျူဟာများ၌ ထည့်သွင်းရေး၏ အရေးပါမှုတို့ကို ဆက်လက် အလေးထားပါကြောင်း၊
(ခ) နိုင်ငံတစ်နိုင်ငံတွင် ကျန်းမာသော ဘဝများနှင့် အသက်အရွယ်အားလုံးအတွက် ကောင်းမွန်သော လူမှုဘဝတို့ ရရှိစေရေးမှာ ကောင်းမွန်သော စီမံအုပ်ချုပ်မှုက အလွန် အရေးပါသည့်အချက် ဖြစ် ကြောင်း ကို မြန်မာနိုင်ငံအနေဖြင့် မတရား စစ်အာဏာသိမ်းမှုနှင့် မိမိတို့ကိုယ်တိုင် ရင်ဆိုင် ကျော်လွှားရသည့် အခက်အခဲများအပေါ် အခြေခံ၍ ကောင်းစွာ သိရှိနားလည်ပါကြောင်း၊
(ဂ) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ချိန် ကတည်းက စစ်တပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဥပဒေတို့ကို ဆက်တိုက် ချိုးဖောက်နေကြောင်း၊ ထို့အတူ အရပ်သား ပြည်သူလူထုအပေါ်တွင်လည်း စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများမြောက်သည့် ရက်စက်ကြမ်းကြုတ်မှုများကိုလည်း ကျူးလွန်လျက်ရှိကြောင်း၊
(ဃ) စစ်တပ်အနေဖြင့် ဥပဒေမဲ့ စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ ပြည်သူ (၆,၄၀၀) ကျော်ကို ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ ၃.၅ သန်းကျော်မှာ နေရပ်စွန့်ခွာနေရပြီး သန်း (၂၀) ခန့်မှာ လူသား ချင်းစာနာထောက်ထားမှုအကူအညီများကို အထူး လိုအပ်လျက်ရှိကြောင်း၊ ကလေးသူငယ် အများအပြား ပုံမှန် ကာကွယ်ဆေးထိုးခြင်းများ မရရှိ သကဲ့သို့ ကျောင်းခန်း၌ ပညာ သင်ကြားမှု မရ ရှိကြကြောင်း၊
(င) စစ်တပ်၏ မတရား စစ်အာဏာသိမ်းမှုသည် ပြည်သူများ၊ ၎င်းတို့၏ အနာဂတ်နှင့် နိုင်ငံ့ ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်ကြီးလေးသော သက်ရောက်မှုရှိပါကြောင်း၊ အထူးသဖြင့် ပြည်တွင်း မွေးဖွား၊ သေဆုံးမှု အချက်အလက်များ ကောက်ယူခြင်းကိုသော်လည်းကောင်း စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များအား ဖော်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များအား အကောင် အထည်ဖော်ဆောင်ရွက်ခြင်းကိုသော်လည်းကောင်း လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း၊
(စ) နယ်ပယ်ကဏ္ဍအစုံမှ မြန်မာပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ လူငယ်လူရွယ်များအနေဖြင့် စစ်တပ်မှ ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှုများ၏ ဒဏ်ကို ခါးစည်းခံနေရကြောင်း၊
(ဆ) ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သည့် အရပ်သားအစိုးရလက်ထက်တွင် ဖော်ဆောင်နိုင်ခဲ့သည့် တိုးတက်မှုများအားလုံးမှာ ပြောင်းပြန်အခြေအနေသို့ ရောက်ရှိသွားပြီဖြစ် ကြောင်း၊ အချက်အချို့ကို ဖော်ပြရပါလျှင် ပြည်တွင်းတရားဥပဒေစိုးမိုးမှု နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှု ကဲ့သို့သော လုပ်ငန်းစဉ်များ လုံးဝဥဿုံ ဆိတ်သုဉ်းခဲ့သည့် အခြေအနေကို မိမိတို့အားလုံး ရှင်းလင်း မြင်သာစွာ တွေ့မြင်နေရကြောင်း၊
(ဇ) ၂၈-၃-၂၀၂၅ ရက်နေ့တွင် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့အား အပြင်းထန်ဆုံး ထိခိုက်စေ ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အခြားသော နေရာဒေသများအပေါ်တွင်ပါ ရိုက်ခတ်ခဲ့သည့် ဖျက်အားပြင်း ငလျင်လှုပ်ခတ်မှုနှင့် ပြည်သူများကြုံတွေ့ခဲ့ရမှုက လက်ငင်း သာဓကပင်ဖြစ်ကြောင်း၊ ယင်း ငလျင် လှုပ်ခတ်မှုကြောင့် ပြည်သူ တစ်ရပ်လုံး ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို သာ၍ပင် ဆိုးရွားစေခဲ့ ကြောင်း၊
(ဈ) ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူဦးရေ (၃,၅၀၀) ကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ (၅,၀၀၀) ကျော် နှင့် ပျောက်ဆုံးသူ (၂၀၀) ကျော်တို့ရှိနေပြီဖြစ်ကြောင်း၊ အဓိကအားဖြင့် အဆိုပါ ငလျင်ကြောင့် ၃.၂ သန်းကျော် မြန်မာပြည်သူများ ထိခိုက်ခံစားခဲ့ရကြောင်း၊ နေအိမ်များ၊ အဆောက်အဦများ၊ လမ်းတံတားများ၊ ဘာသာရေးအဆောက်အအုံများ၏ ထိခိုက်ပျက်စီးဆုံးရှုံးမှုကလည်း အလွန့် အလွန်ကြီးမားကြောင်း၊
(ည) စစ်တပ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးစီမံချက် မရှိခြင်းကြောင့် ပြည်သူအချို့ အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ထို့ပြင် စစ်တပ်အနေဖြင့် ကန့်သတ်ချက် အမျိုးမျိုး ထားရှိခြင်းကြောင့် ငလျင်ဘေးဒဏ်သင့် ထိခိုက်နစ်နာသူများထံသို့ အရေးပေါ် လူသား စာနာ အကူအညီများ အချိန်မီ ထိရောက်စွာ ပို့ဆောင်ပေးနိုင်ခြင်း မရှိကြောင်း၊ စစ်တပ်အနေဖြင့် ပဋိပက္ခ ဖြစ်ပွားရာ နေရာဒေသများရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများထံသို့ အရေးပေါ် လူသား စာနာ အကူအညီများ မရောက်ရှိစေရန် ရည်ရွယ်ချက်ရှိရှိ တားမြစ်လျက်ရှိသည်ဟု မှတ်ယူနိုင်ကြောင်း၊ OCHA ၏ အချက်အလက်များအရ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူ (၅၀၀,၀၀၀) အနေဖြင့် အသက်ကယ် ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ နေထိုင်နေရကြောင်း၊
(ဋ) သို့ရာတွင် စစ်တပ်က မြန်မာပြည်သူများ ကြုံတွေ့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ထပ်ဆင့် တိုးပွားစေရန်သာ လုပ်ဆောင်လျက်ရှိကြောင်း၊
(ဌ) စစ်တပ်အနေဖြင့် ငလျင်ဒဏ်သင့်နေရာများ အပါအဝင် အရပ်သားပြည်သူများအပေါ်၌ မဆင် မခြင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်၍သာ ကျူးလွန်လျက်ရှိကြောင်း၊
(ဍ) ထို့ကြောင့် မိမိတို့အနေဖြင့် ငလျင်ဘေးဒဏ်သင့် ထိခိုက်နစ်နာသူများအတွက် ပြန်လည်ထူထောင် ရေးဆိုင်ရာ ကြိုးပမ်းမှုများ မပြတ် ပြုလုပ်နေသည့်နည်းတူ ယခုကဲ့သို့သော အရေးပေါ် အနေ အထားတွင် မြန်မာနိုင်ငံ၏ ပြဿနာအား ဖြေရှင်းနိုင်ရန်အတွက် စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ မတရား စစ်အာဏာသိမ်းမှုအား အပြီးတိုင် ချုပ်ငြိမ်းရပ်တန့်ခြင်းက အဓိက သော့ချက်ပင်ဖြစ် ကြောင်း၊
(ဎ) တရားမျှတမှုဖော်ဆောင်နိုင်ရန် ပြစ်မှုကျူးလွန်သူများအား မဖြစ်မနေ တာဝန်ခံမှု ရှိစေရမည် ဖြစ်ကြောင်း၊
(ဏ) သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို အလေးထား နားထောင်၍ ပြည်သူများနှင့်အတူ ရပ်တည်ပေးရန်၊ ပြည်သူများမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေရေး ကြိုးပမ်းမှုတွင် ဝိုင်းဝန်းကူညီပေးရန်၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် ပံ့ပိုးပေးရန်၊ အထူးသဖြင့် ယင်းလုပ်ဆောင်ချက်များ အတွက် ထိရောက်သည့် အရေးယူမှုများ ချမှတ်ပေးရန် တောင်းဆိုလိုကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion of the Fifty-eighth Session of the Commission on Population and Development
(New York, 8 April 2025)
Madam Chair,
I wish to begin by congratulating you and other members of the bureau on your election. I wish to assure you of our delegation’s full support for a fruitful outcome of this session.
Myanmar reaffirms its commitment to the Programme of Action of the International Conference on Population and Development (ICPD), its principles of human rights, including reproductive rights, gender equality and sustainable development.
We continue to recognize that people-centered approach must be at the heart of addressing population and development issues and the importance of integrating it in the national strategic plans.
However, Madam Chair, Myanmar understands by undergoing through an unlawful military coup and from its own struggles the imperativeness of good governance for a nation to ensure healthy lives and promote well-being for all at all ages.
In my country, Myanmar, since the illegal military coup in February 2021, the military junta has been consistently violating the international law and international humanitarian law and committing atrocities against the civilian population amounting to war crimes and crimes against humanity.
Since the coup, more than 6,400 people were brutally killed by the military junta. Over 3.5 million people are being displaced. Nearly 20 million people are in need of humanitarian assistance.
Many children do not have regular immunization programme, and many do not have formal education.
It is indeed have huge impact on the people and their future as well as the development of the nation.
Neither assessment of demographic data nor any implementation of processes towards the achievement of Sustainable Development Goals has been possible.
Myanmar people, from all walks of life, especially women, children and youth, bear the brunt of the military junta’s brutal atrocities.
All progresses achieved during the time of democratically elected government have completely reversed. We all can clearly witness of complete breakdown of rule of law, lack of preparedness for natural disasters, just name the few.
The case in point is the recent major earthquake which stroke Sagaing, Mandalay the hardest and other areas of the country on 28 March, and it has compounded existing challenges and difficulties to the entire population.
The death toll has rose to more than 3,500, whereas more than 5,000 got injured and 200 and more people remain missing. Over 3.2 million people were affected.
Destruction of houses, buildings, infrastructures, religious facilities are severely shocking.
Some people lost their lives due to the junta’s lack of natural disaster preparedness plan.
Moreover, due to the junta’s imposition of various restrictions, emergency humanitarian assistance could not reach to all earthquake victims timely. It even can be considered that the military junta intentionally stops delivery of emergency humanitarian assistance to the earthquake affected people who are in conflict affected areas.
According to OCHA, sadly 500,000 people across the country have been left without access to the life-saving health care.
Nonetheless, the military junta has been adding extra layer of burdens to the existing challenges faced by Myanmar people.
They have continued to launch indiscriminate aerial attacks on civilian population including those in the earthquake-affected areas.
While we all are engaging in recovery efforts for the earthquake victims, the key to address the issue in Myanmar, particularly at this critical moment, is to end the military dictatorship and its illegal coup.
Perpetrators must be held accountable in order to make justice prevail.
I appeal to the international community to show your solidarity with the people of Myanmar by listening attentively to the people, helping the people’s efforts to end the military dictatorship and build a federal democratic union in Myanmar, and most importantly taking effective action to this end.
I thank you.
*****






