top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun at the General Discussion of the 69th Session of the Commission on the Status of Women

Writer: Myanmar Mission To UNMyanmar Mission To UN




Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations,  at the General Discussion of the 69th Session of the Commission on the Status of Women, held on 14 March 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၆၉) ကြိမ်မြောက် Commission on the Status of Women အစည်းအဝေး၏ အထွေထွေဆွေးနွေးမှု အစီအစဉ်အတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က

မတရားစစ်အာဏာသိမ်းမှု (၄) နှစ်ကျော်လာခဲ့သည့်တစ်လျှောက် စစ်အုပ်စု၊ ၎င်း၏ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆက်စပ်နေသူများအနေဖြင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ကာ နိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီးများနှင့် မိန်းကလေး ငယ်များ အပါအဝင် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်နေ၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ ကလေးသူငယ်များအနေဖြင့် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုဒဏ်ကို ခါးစည်းခံနေရ၊

မြန်မာနိုင်ငံတွင် လုံခြုံရေးပြဿနာမှာ အဆမတန် ကြီးမားလာ လျက်ရှိပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ် များ အနေဖြင့် နေ့စဉ်နှင့်အမျှ အကြောက်တရားအောက်တွင် နေထိုင်နေရ၊ စစ်အာဏာရှင်အား တိုက်ထုတ်နေ သည့် အမျိုးသမီးများ၏ ကြံ့ခိုင်မှု ကို အထူး ချီးကျူးဂုဏ်ပြုကြောင်း၊

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် လုံးဝ အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မိမိတို့၏ ကြိုးပမ်းမှုများကို နိုင်ငံတကာအသိုက်အဝန်းမှ ဝိုင်းဝန်းကူညီပေးကြရန် ထပ်လောင်းတောင်းဆိုပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်)


၁။        နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် (၆၉) ကြိမ်မြောက် Commission on the Status of Women (CSW) ဆိုင်ရာ အထွေထွေဆွေးနွေးမှု အစည်းအဝေး၊ ဝန်ကြီးများအဆင့် စကားဝိုင်းနှင့် အပြန်အလှန် ဆွေးနွေးမှု အစည်းအဝေးများကို ၁၀-၃-၂၀၂၅ ရက်နေ့မှ ၂၁-၃-၂၀၂၅ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ကုလသမဂ္ဂအဖွဲ့ နိုင်ငံများမှ ခေါင်းဆောင်များ၊ နယူးယောက်အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စား လှယ်များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပါဝင်၍ မိန့်ခွန်းများ ပြောကြားလျက် ရှိရာ ၁၄-၃-၂၀၂၅ ရက် (သောကြာနေ့)၊ နံနက်တွင် ပြုလုပ်သည့် အထွေထွေဆွေးနွေးမှု အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။


၂။         မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အချက်များ အဓိက ပါဝင်ပါသည်-


(က)     နှစ် (၃၀) ပြည့် Fourth World Conference on Women အား အမှူးထားလျက် Beijing Platform for Action အား ထပ်လောင်း အတည်ပြုခြင်း၊ အမျိုးသမီးများ၏ အခွင့်အရေးအား ကာကွယ်မြှင့်တင်ရေး၊ အမျိုးသမီးများ လုပ်ပိုင်ခွင့် ပိုမို ရရှိရေး၊​ accessibility အား ညီတူညီမျှ ရရှိရေးနှင့် ကျားမတန်းတူညီမျှမှုတို့ ပါဝင်သည့် နိုင်ငံရေးကြေညာစာတမ်းအား ယခုနှစ် အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့သည့်အတွက် ကော်မရှင်၊ အထူးသဖြင့် နိုင်ငံရေးကြေညာ စာတမ်း ထုတ်ပြန်ရေး Co-facilitator များအဖြစ် ဆောင်ရွက်ပေးကြသူများနှင့် ကော်မရှင် ဥက္ကဋ္ဌ တို့အား ဂုဏ်ပြု ချီးမွမ်းလိုပါ ကြောင်း၊


(ခ)       ကမ္ဘာ့နေရာအနှံ့အပြားတွင် ပဋိပက္ခများ ပိုမို မြင့်တက်လာခြင်းက ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီး များ၏ အခွင့်အရေးနှင့် ၎င်းတို့၏ လူနေမှုဘဝ သာယာရေးတို့အား ကာကွယ်စောင့်ရှောက်ပေး ခြင်းကို ထိခိုက်လာကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများနှင့် အသစ်ဖြစ်ပေါ်လျက် ရှိသော ပြဿနာအမျိုးမျိုးတို့ ကြောင့် အမျိုးသမီးများမှ ၎င်းတို့၏ အခွင့်အရေးကို အပြည့်အဝ ရရှိ နိုင်ရေးက အချိုးမညီမျှစွာ သက်ရောက်မှုရှိနေပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ပိုမို ထိရှလွယ်စေလျက်ရှိ ကြောင်း၊


(ဂ)       သို့ဖြစ်ရာ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (၅) ပြည့်မှီရေးအတွက် ဖြစ်ပေါ် နေသည့် စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန် ထိရောက်သော အဆင့်များ လိုအပ်နေမှုကို ချန်လှပ်၍ မရကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အလွန်အရေးပါသည့် ၂၀၂၅ ခုနှစ် မှတ်ကျောက် အချိန်အခါကို ကောင်းစွာ အသုံးချလျက် ကြေညာချက်ပါ ခိုင်မာသော၊ အခြေခံကျသော အချက် များကို ဆက်လက် စောင့်ကြည့်သင့်ကြောင်း၊ ထို့အတူ BPFA အား အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ချမှတ်ထားသည့် ကတိကဝတ်များကိုလည်း အခြားသော သက်ဆိုင်ရာ စာချုပ်စာတမ်းများနှင့်တကွ ခိုင်မာအားကောင်းစေရန် ဆောင်ရွက်သင့်ကြောင်း၊


(ဃ)     မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလများတွင် အမျိုးသမီးများ၏ အခွင့်အရေး အား မြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် သင့်လျော်သည့် ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊


(င)       အဆိုပါ ကာလအတွင်း တာဝန်ယူသည့် အရပ်သားအစိုးရက Convention on the Elimination and Discrimination Against Women (CEDAW) အား အကောင်အထည်ဖော်မှုကို အကျိုးပြု စေရန် ဦးစားပေး အားထုတ်ကြိုးပမ်းခဲ့ပြီး အမျိုးသားအဆင့် အစီအမံများကိုလည်း ချမှတ်ခဲ့ ကြောင်း၊ ဆုံးဖြတ်ချက် ချမှတ်ရေးအဆင့် အပါအဝင် ကဏ္ဍပေါင်းစုံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များမှ ပါဝင်နိုင်ခွင့်မှာ သိသိသာသာ မြင့်မားခဲ့ကြောင်း၊


(စ)       ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မတရားစစ်အာဏာသိမ်းမှုကြောင့် တိုးတက်မှုများအားလုံး ဆုတ်ယုတ် ခဲ့ရပြီး အမျိုးသမီးများ၏ အခွင့်အရေးများမှာ နေ့စဉ် တိုက်ခိုက်ခံနေရခြင်းက အထူးပင် စိတ်ပျက် ဝမ်းနည်းဖွယ်ကောင်းကြောင်း၊


(ဆ)     မတရားစစ်အာဏာသိမ်းမှု (၄) နှစ်ကျော်လာခဲ့သည့်တစ်လျှောက် စစ်အုပ်စု၊ ၎င်း၏ လက်နက် ကိုင် တပ်ဖွဲ့များနှင့် ဆက်စပ်နေသူများအနေဖြင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ကာ နိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီးများနှင့် မိန်းကလေး ငယ်များ အပါအဝင် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်နေ ကြောင်း၊


(ဇ)       အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ ကလေးသူငယ်များအနေဖြင့် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုဒဏ်ကို ခါးစည်းခံနေရကြောင်း၊ စစ်တပ်အနေဖြင့် အဓမ္မပြုကျင့်ခြင်းကို စစ်လက် နက်သဖွယ် အသုံးချက်လျက်ရှိကြောင်း၊


(ဈ)      ထို့အပြင် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ် လိုအပ် နေသူ သန်း (၂၀) ခန့်ရှိပြီး ၎င်းတို့အနက် ၁၀.၄ သန်းမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖြစ်ကြောင်း၊


(ည)     တစ်ဖက်တွင်လည်း ပဋိပက္ခနှင့်ဆက်စပ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကိုယ်ဝန်ဆောင်သည်များ၊ နို့တိုက်မိခင်များ၊ သန္ဓေတားခြင်း၊ လူမှုစိတ်ပညာ ထောက်ပံ့မှုနှင့် မွေးကင်းစ ရင်းသွေးငယ် များအား စောင့်ရှောက်မှုပေးအပ်ရေး စသည်ဖြင့် အသစ်ပေါ်ပေါက်လာသော ကျန်းမာရေး ပြဿနာများသည်လည်း အာရုံစိုက်မှုနှင့် ရန်ပုံငွေတို့ ရရှိနိုင်ရန် ညီတူညီမျှ လိုအပ်ကြောင်း၊


(ဋ)       စစ်တပ်၏ လက်အောက်ခံများမှ ထိန်းချုပ်ထားသည့် နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုများ ဖြစ်ပေါ်နေခြင်းနှင့်အတူ စစ်တပ်၏ အတင်းအကြပ် တပ်သားစုဆောင်းမှုကြောင့် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များသည် လူကုန်ကူးမှုနှင့် အလားတူ ခြိမ်းခြောက်မှုများ ကြုံတွေ့ရသည့် အန္တရာယ် မြင့်မားလာလျက်ရှိကြောင်း၊


(ဌ)       မြန်မာနိုင်ငံတွင် လုံခြုံရေးပြဿနာမှာ အဆမတန် ကြီးမားလာ လျက်ရှိပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် နေ့စဉ်နှင့်အမျှ အကြောက်တရားအောက်တွင် နေထိုင်နေရကြောင်း၊


(ဍ)       သို့သော် စစ်အာဏာရှင်အား တိုက်ထုတ်နေသည့် အမျိုးသမီးများ၏ ကြံ့ခိုင်မှုကို အထူးချီးကျူးဂုဏ်ပြုကြောင်း၊


(ဎ)       တော်လှန်ရေးတွင် ပါဝင်နေကြသည့် ရဲရင့်သော အမျိုးသမီးများ၊ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများမှာ အသိုက်အဝန်း ပေါင်းစုံကို ကိုယ်စားပြုကာ အထိရှလွယ်ဆုံးသူများအတွက် ကျယ်လောင်သော၊ ရှင်းလင်းသော အသံများကို ထုတ်ဖော်ပေးလျက်ရှိကြောင်း၊


(ဏ)     သို့ဖြစ်ရာ ရဲရင့်သော မြန်မာအမျိုးသမီးများ၏ လုပ်ဆောင်မှုများအတွက် ကျေးဇူးတင်လျက် လေးစားဦးညွတ်သည်ဟု ပြောကြားလိုပါကြောင်း၊


(တ)     အထူးသဖြင့် ၎င်းတို့က နယ်စပ်ဒေသများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများနှင့် အိမ်နီးချင်းနိုင်ငံများရှိ နေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည်များအတွက် လိုအပ်သည့် အထောက်အပံ့များကို ရရှိနိုင်မည့် လမ်းကြောင်းအစုံကို အသုံးချလျက်ရှိကြောင်း၊ အချို့သော နေရာဒေသများတွင် တော်လှန်ရေးအင်အားစုများအနေဖြင့် အကူအညီ လိုအပ်နေသည့် အရပ်သားပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေး ငယ်များအတွက် မရှိမဖြစ်လိုအပ်သော ပြည်သူ့ဝန်ဆောင်မှုများကို အစားထိုး ပေးအပ်နိုင်ရန် ဒေသန္တရအုပ်ချုပ်ရေးကို တည်ဆောက်လျက်ရှိသည့် သာဓကများပင်ရှိကြောင်း၊


(ထ)     သို့ဖြစ်ရာ မိမိအနေဖြင့် အောက်ပါအချက်များကို မီးမောင်းထိုး ပြောကြားလိုပါကြောင်း -


(၁)       အကူအညီများ အမှန်တကယ် လိုအပ်နေသူများထံသို့ ရောက်ရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးသဖြင့် ဒေသန္တရတော်လှန်ရေးတာဝန်ခံများနှင့် ပေါင်းစည်းညီညွတ်သော ပုံစံဖြင့် ထိတွေ့ဆက်ဆံ ကာ လက်တွဲပူးပေါင်းဆောင်ရွက်ရန်၊

(၂)        ဆင့်ကဲဖြစ်ပေါ်နေသည့် အကျပ်အတည်းများကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် မြေပြင်တွင် လှုပ်ရှားလုပ်ဆောင်နေသူများအား လုံလောက်သော၊ စီမံခန့်ခွဲရလွယ်ကူသော ရန်ပုံငွေ များ ထောက်ပံ့ပေးရန်၊

(၃)       စစ်တပ်အပေါ် ပစ်မှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခြင်းကို နိုင်ငံရေး ဆန္ဒအပေါ် အခြေခံလျက် ဆက်လက် ကျင့်သုံးရန်၊ စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေးစီးဆင်းမှုများ ရပ်တန့်ရန်နှင့် ရာဇဝတ်မှုကျူးလွန်သူများအား တာဝန်ခံမှု ရှိစေရန်၊

(၄)       ပြဿနာ၏ ဇစ်မြစ်ကို ဖြေရှင်းရန်၊ စစ်အာဏာရှင်စနစ်နှင့် ၎င်း၏ ပြစ်ဒဏ် ကင်းလွတ်ခွင့်အား အပြီးသတ်ချုပ်ငြိမ်းရန်။


(ဒ)       မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် လုံးဝ အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မိမိတို့၏ ကြိုးပမ်းမှုများကို နိုင်ငံတကာအသိုက်အဝန်းမှ ဝိုင်းဝန်းကူညီပေးကြရန် ထပ်လောင်းတောင်းဆိုပါကြောင်း၊


(ဓ)       သို့မှသာ မိမိတို့ နိုင်ငံတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် လုံခြုံရေးတို့ ပေါ်ထွန်းလာနိုင်မည် ဖြစ်ပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များလည်း ၎င်းတို့၏ အခွင့်အရေးများကို အပြည့်အဝ အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


 

၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion of the 69th Session of the Commission on the Status of Women


(New York, 14 March 2025)


Mr. Chair,


At the outset, I wish to congratulate you and the bureau for your elections and appreciate your stewardship for the 69th Session of the Commission on the Status of Women.


Myanmar commends the commission, in particular the co-facilitators and chairperson for the adoption of the Political Declaration on the occasion of the 30th Anniversary of the Fourth World Conference on Women, reaffirming the BFPA, and reflecting crucial elements for the promotion and protection of women’s right, empowerment of women and ensuring equal accessibility and most of all, addressing gender equality in the document.


Mr. Chair,


Escalating global conflicts have hindered safeguarding women’s rights and well-being across the world. Women's ability to fully exercise their rights is being disproportionately impacted by existing and new emerging issues, making women and girls more vulnerable.


In this light, the pressing need for concrete steps to address the challenges hampering the achievement of Sustainable Development Goal 5 cannot be overstated. The international community should continue making follow-up on the valid and relevant fundamentals of the Declaration and strengthen its pledges to furthering the BFPA's implementation in harmony with other relevant agreements by seizing the crucial 2025 milestone.


For my country Myanmar, we have observed that a conducive environment for the promotion and protection of women rights appeared promising during the democratic transitioning period.


The government then prioritized and stepped up its effort to contributing the implementation of the CEDAW and adopted a series of national level plans. Increased participation of women and girls in all sectors, including at the decision-making level, was relatively unprecedented and rather visible.


It is regrettable that the unlawful military coup in February 2021 has reversed all progress, where women’s rights are now under increased attack every day.


For more than 4 years, the military junta, its armed forces and affiliates have committed atrocities amounting to war crimes and crimes against humanity against innocent civilians, including women and girls, across the country.


Women, girls and children bear the brunt of the junta’s atrocities. The military junta has used rape as a weapon of war. Some reports revealed that the victims of the military junta’s gang rape ranged from as young as 5 years old to as old as 83 years old.


Moreover, almost 20 million people are in urgent need of humanitarian assistance, and women and girls counts for 10.4 million among them.


There are also emerging health issues, such as providing care and services to the victims of conflict-related sexual violence, pregnant women, breast-feeding moms, contraception, psychological support and newborn babies, which demand equal attention and funding.


In addition, the junta’s forced conscription, alongside the development of online scams at a large scale in the areas controlled by the military junta’s affiliates have heightened the risk of women and girls into human trafficking and other threats as such. Accompanied by fear on a daily basis, security has become a massive issue for women and girls in Myanmar.


Nevertheless, the resilience of Myanmar women in the fight against the military dictatorship deserves high recognition.


Courageous women involved in the spring revolution, Myanmar Women Human Rights Defenders, CSOs and activists have consistently represented different communities and continue making loud and clear voices for the most vulnerable ones.


Taking this opportunity, I wish to thank and salute the courageous Myanmar women for their efforts.


They have also been applying all channels available to provide distinctive forms of assistances to displaced persons and refugees in the border areas, liberated areas controlled by the Ethnic Revolutionary Organizations and neighbouring countries. Concrete examples of success are in place in some parts of the country where revolutionary forces are establishing local governance to substitute and providing essential public services to the civilians, particularly women and girls in need.


In this regard, Mr. Chair, I wish to stress the following important points, among others.


(1)     The international community must pursue collective and coordinated efforts to engage and work together with all relevant stakeholders, especially the local resistance authorities, to ensure assistance reach effectively to those in need.

(2)     Provide adequate, yet flexible funding resources, to the people working on the ground to efficiently resolve the multi-layered crisis.

(3)     Building on political will, continue to exercise means such as putting on targeted sanctions on the military junta, stop the flow of arms, weapons, jet fuel and financial assistance to the military junta and ensure accountability.

(4)     Address the root cause of the issue, ending the military dictatorship and its culture of impunity


We appeal again the international community to help us in our effort towards ending the military dictatorship once and for all and establishing a federal democratic union in Myanmar.


Only by doing so, will peace, justice and security prevail in our country and thereby create better space where women and girls could enjoy their rights to the fullest extent.


I thank you.

 


*****











Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page