top of page
Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the General Debate of the United Nations Water Conference





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the United Nations Conference at the Midterm Comprehensive Review of the Implementation of the Objectives of the International Decade for Action, “Water for Sustainable Development,” 2018-2028, held on 24 March 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ၏ ၂၀၁၈-၂၀၂၈ ခုနှစ် အတွင်း ရေနှင့်ပတ်သက်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရေးညီလာခံ၊ အထွေထွေရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းမှ စစ်အာဏာရှင်စနစ်ရှိနေသ၍ ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၆) အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မည် မဟုတ်ဘဲ၊ လွတ်လပ်ငြိမ်းချမ်း၍ အားလုံးပါဝင်သည့် တရားမျှတသော ဒီမိုကရေစီလူမှုအဖွဲ့အစည်းကို တည်ထောင်ခြင်းမှတစ်ဆင့်သာ ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များအားလုံး ပြည့်မီစွာဆောင်ရွက်နိုင်မည်ဟု မြန်မာပြည်သူများက ယုံကြည်ကြောင်းဖြင့် ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်)


၁။ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၁၈-၂၀၂၈ ခုနှစ်အတွင်း ရေနှင့် ပတ်သက်သည့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရေးညီလာခံကို ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါညီလာခံကို နယ်သာလန် နိုင်ငံဘုရင်၊ တာဂျစ်ကစ္စတန်သမ္မတတို့က ဖွင့်လှစ်ပေးပြီး၊ ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က အဖွင့်အမှာစကားများပြောကြားခဲ့ပါသည်။ ညီလာခံ၏ အထွေထွ ရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ/အစိုးရ အကြီးအကဲများ၊ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ က မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၂၄-၃-၂၀၂၃ ရက်နေ့တွင်ပြုလုပ်သည့် အထွေထွေညီလာခံမိန့်ခွန်း ပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားသည့်မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင် ပါသည်-


(က) ရေသည် လူ့အသက်ဖြစ်ကြောင်း၊ လူသားအားလုံးအသက်ရှင်ရပ်တည်ရေးတွင် ရေသည် မရှိမဖြစ် လိုအပ်သည့် အရာတစ်ခုဖြစ်ပြီး လူသားများကျန်းမာစွာ အသက်ရှင်နေထိုင်ရေး အတွက် သန့်ရှင်းလတ်ဆတ်သည့် သောက်သုံးရေ လုံလောက်စွာရရှိရန်မှာ လွန်စွာ အရေးကြီးကြောင်း၊ သို့ဖြစ်ရာ ကုလသမဂ္ဂ၏ ရေရည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၆) သည် ကမ္ဘာလုံးဆိုင်ရာ သောက်သုံးရေ လုံလောက်စွာရရှိရေး၊ သင့်လျော်သော မိလ္လာနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရရှိရေး၊ ရေအရည်အသွေး ကောင်းမွန်ရေးပင်ဖြစ်ကြောင်း၊


(ခ) သို့ရာတွင် နိုင်ငံများအနေဖြင့် ၂၀၃၀ ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်ပြည့်မီရေး လမ်းကြောင်းပေါ်တွင် မရောက်ရှိသေးကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် လူဦးရေနှစ်ဘီလီယံသည် သန့်ရှင်းကောင်းမွန်သော သောက်သုံးရေ မရရှိကြကြောင်း၊ သောက်သုံးရေမလုံလောက်မှုနှင့် ရေမသန့်ရှင်းမှုမှရရှိသည့် ရောဂါများကြောင့် လူပေါင်းထောင်ပေါင်းများစွာ အသက်ဆုံးရှုံးလျက်ရှိကြောင်း၊ ရေမလုံလောက်မှု စိန်ခေါ်မှုသည် ဆက်လက်မြင့်တက်နေပြီး၊ သောက်သုံး ရေ၊ စားသောက်ကုန်ထုတ်လုပ်မှု၊ အသက်မွေး ဝမ်းကြောင်းမှု၊ မိလ္လာနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု၊ အခြားအိမ်တွင်း ဆောင်ရွက်မှုများအတွက် လုံလောက်သောရေရရှိရန် အရေးတကြီးလိုအပ်လာလျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်ကဏ္ဍများ အပါအဝင် မြို့ပြတည်ဆောက်ရေးနှင့် လူဦးရေတိုးတက်လာသည်နှင့် အမျှ ရေလိုအပ်မှု လည်း မြင့်တက်လာကြောင်း၊ ရေရှားပါးမှုကြောင့် စားသောက်ကုန်ထုတ်လုပ်မှုအပေါ် ထိခိုက်မှုရှိသကဲ့သို့၊ စားနပ်ရိက္ခာလုံလောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာခြိမ်းခြောက်လာကြောင်း၊ ထို့အတွက် ယခုကျင်းပသည့် ရေညီလာခံသည် ကုလသမဂ္ဂ၏ ရေရှည်ဖွံဖြိုးတိုးတက်ရေးရည်မှန်းချက် (၆) ဖြစ်သည့် ရေလုံလောက်စွာရရှိရေးဆိုင်ရာ မူဝါဒများချမှတ် အကောင်အထည်ဖော်ရေးအတွက် အဖွဲ့ဝင်များ၏ ကတိကဝတ်များကို ဆွေးနွေးဖလှယ်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း၊


(ဂ) မြန်မာနိုင်ငံ၌ အရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်တွင် ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေး၊ နည်းပညာဆက်သွယ်မှု၊ နိုင်ငံအဝှမ်းရေလုံလောက်မှုနှင့် လျှပ်စစ်မီးရရှိရေးကဏ္ဍများကို ဒေသခံအဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ကြောင်း၊ အောင်မြင်မှုများ အနက် တစ်ခုမှာ ၂၀၁၇ ခုနှစ်က တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို အိမ်ရှင်အဖြစ် ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့ကြောင်း၊ ယင်းညီလာခံက ရန်ကုန်ကြေညာချက် “Yangon Declaration: The Pathway Forward” ကို ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ ယင်းကြေညာချက်တွင် ၂၀၂၅ ခုနှစ်တွင် အားလုံးအတွက် သန့်ရှင်းသော သောက်သုံးရေနှင့် ကောင်းမွန်သော မိလ္လာစနစ်ရရှိရန် ကတိပြုခဲ့ကြပြီး၊ အခြေခံအအောက်အအုံများ ကောင်းမွန်ရေးအတွက် ဒေသတွင်းအဆင့်တွင် ပိုမိုရင်းနှီးမြှုပ်နှံရန်၊ ရေနှင့်ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်များနှင့်‌ ရေလုံလောက်မှုရှိရေးတို့အတွက် တိုးမြှင့်ဆောင်ရွက်ရန် သဘောတူသည့်အချက်များပါဝင်ကြောင်း၊


(ဃ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်မှ မတရားစစ်အာဏာသိမ်းမှုကြောင့် ယင်းသို့ရရှိခဲ့သည့် အောင်မြင်မှုများ တုံ့ဆိုင်းခဲ့ရကြောင်း၊ မတရားစစ်အာဏာသိမ်းမှုကြောင့် ပြည်သူများအပေါ် ဆိုးရွားစွာရိုက်ခတ်စေကြောင်း၊ စစ်တပ်မှ ပြည်သူများအား ဥပဒေမဲ့ဖမ်းဆီးအကျဉ်းချခြင်း၊ ညင်းပမ်းနှိပ်စက်ခြင်း၊ သေဒဏ်ပေးကွပ်မျက်ခြင်း၊ အကြိမ်ပေါင်းများစွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများအပါအဝင် ပြည်သူများအပေါ် ဆိုးရွားစွာရက်စက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် လူပေါင်း (၃,၁၅၈) ဦး သတ်ဖြတ်ခဲ့ကြောင်း၊ ကျေးရွားများအပေါ် စစ်လေယာဉ်များ ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ အိမ်ပေါင်း (၆၂,၀၀၀) ကျော် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊


(င) ယင်းသို့ လူမဆန်သောရက်စက်မှုများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေး နေရသူ (၁.၆) သန်းကျော် ရှိနေပြီး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်သူ (၁၇.၆) သန်း ကျော် ရှိကြောင်း၊ နေရပ်စွန့်ခွာသူအများစုသည် အစားအစာ၊ သောက်သုံးရေ မလုံလောက်မှုပြဿနာများကို ရင်ဆိုင်နေရ ကြောင်း၊ ကလေးသူငယ်အချို့သည်လည်း ရေမသန့်ရှင်းမှုကြောင့်ရရှိသည့် ရောဂါများခံစားနေရကြောင်း၊


(စ) မတရားအာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာပြည်သူများသည် ကဏ္ဍမျိုးစုံတွင် နောက်ကျ ကျန်ခဲ့ရာ လူနေမှုအဆင့်အတန်းသည် အဆိုးရွားဆုံးဖြစ်ကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အပြန်အလှန်မှီတည်လျက်ရှိရာ နိုင်ငံရေးတည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ စစ်အာဏာရှင်စနစ်ရှိနေသ၍ ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၆) အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း၊ လွတ်လပ်ငြိမ်းချမ်း၍ အားလုံးပါဝင်သည့် တရားမျှတသော ဒီမိုကရေစီလူမှုအဖွဲ့အစည်းကို တည်ထောင်ခြင်းမှ တစ်ဆင့် ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (၆) အပါအဝင် ရည်မှန်းချက် များအားလုံး ပြည့်မီစွာ ဆောင်ရွက်နိုင်မည်ဟု မြန်မာပြည်သူများ က ယုံကြည်ကြောင်း၊


(ဆ) ယခုညီလာခံသည် ရေနှင့်ပတ်သက်သည့်စိန်ခေါ်မှုများတိုက်ဖျက်ရေးနင့် ကမ္ဘာနှင့် အဝှမ်း သောက်သုံးရေ ဖူလုံစွာ ရရှိရေးမူဝါဒများချမှတ်နိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်သည်နှင့်အညီ၊ ညီလာခံမှ ချမှတ်ထုတ်ပြန်မည့် “ရေနှင့် ပတ်သက်၍ ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်” (Water Action Agenda) သည် ကုလသမဂ္ဂ ၏ ၂၀၁၈-၂၀၂၈ ခုနှစ်အတွင်း ရေနှင့် ပတ်သက်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်၏ ဒုတိယပိုင်းအကောင်အထည်ဖော်မှုအတွက် အရှိန်မြှင့်တင်နိုင်မည် ဖြစ်သကဲ့သို့ ၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပြည့်မီရေးလုပ်ငန်း အစီအစဉ်များ၏ ဒုတိယပိုင်းအစီအစဉ်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊


(ဇ) သန့်ရှင်းကောင်းမွန်သည့် သောက်သုံးရေ လုံလောက်စွာရရှိရေးဆောင်ရွက်ရာတွင် တစ်ဦး တစ်ယောက်မျှ မကျန်ရေးသည် အရေးကြီးကြောင်း၊ မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရည်မှန်းချက်ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရေမှသည် ငြိမ်းချမ်းမှု၊ စည်းလုံးမှု၊ ညီညွတ်မှုနှင့် ကြွယ်ဝမှုတို့ကို ဆောင်ကျဉ်းနိုင်ရမည်ဖြစ်ကြောင်း၊


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) ကို ပူးတွဲ ဖော်ပြအပ်ပါသည်။


၄။ အလားတူ ကုလသမဂ္ဂရေညီလာခံကို ၁၉၇၇ ခုနှစ် က နောက်ဆုံးကျင်းပခဲ့ပြီး (၄၆) နှစ် ကြာမှ ဤသို့ ၂၀၂၃ ရေညီလာခံကို ကျင်းပနိုင်ခဲ့သည်ဟု သိရှိရပါသည်။


၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun,

Permanent Representative of Myanmar to the United Nations

at the General Debate of the United Nations Conference at the Midterm Comprehensive Review of the Implementation of the Objectives of the International Decade for Action, “Water for Sustainable Development,” 2018-2028


(New York, 24 March 2023)


Mr. President,


I am honoured to deliver the statement at this historic United Nations Water Conference. I wish to thank the Netherlands and Tajikistan for hosting this conference.


Mr. President,

Water is life. It is essential for all living things. Ensuring clean water access is a basic human need for good health and well-being. It is important to stress the successful and timely achievement of the Sustainable Development Goal (6) of universal access to safe and affordable drinking water, equitable sanitation and hygiene, and improved water quality.


However, the world is not on track to achieve this goal by 2030. Today, two billion people globally lack access to safe and fresh drinking water, and thousands of people die every year across the globe from water-related diseases. The global water security challenge is escalating, and there is an urgency to ensure the vital human needs of water, including drinking water, food production, livelihoods, sanitation, and other domestic uses. The demand for safe water is increasing with the growing population and urbanization, including agriculture, industry, and energy sectors. Moreover, Water scarcity impacts significantly on food production and immensely threatens food security and development. As such, this Conference is an opportunity to achieve strong commitments to advancing SDG 6 and all water-related goals and targets.


Mr. President,


In my own country Myanmar, the elected civilian government had strived to implement Sustainable Development Goals through community-driven development projects of road transport, telecommunications, water and sanitation, and electricity. Significant progresses were achieved. One of the most notable achievements was hosting the “3rd Asia-Pacific Water Summit” in 2017 in Yangon, Myanmar. The "Yangon Declaration: The Pathway Forward," was issued at the Summit pledging to provide safe drinking water and sanitation for all by 2025 and agreeing to double investment at the regional level in infrastructure and community-based efforts, to address water-related disasters and significantly increase water security.


Unfortunately, those promising developments were thwarted by the illegal military coup in February 2021. The impact of the military coup on the people is devastating and huge. The military has been waging a campaign of violence and brutality against the people of Myanmar by all means, including arbitrary detention, torture to death in custody, summary execution and repeated massacres. As we speak, more than 3158 people including women and children have been brutally killed. The military conducted indiscriminate aerial bombings, heavy artillery shelling on villages and whole-sale burnings of over 62,000 residential homes. All atrocities committed are in a widespread, systematic and coordinated manner.


Due to such atrocities, over 1.6 million people are internally displaced and over 17.6 million people are in need of humanitarian assistance. Most internally displaced people are in difficulty to access to food, drinking water, sanitation and hygiene. Some children are suffering of various health issues related to lack of clean water.


Mr. President,


I am very sad to say that now Myanmar is lag behind in every sector, especially in socio-economic status. Political stability and Economic development are two sides of the same coin. We cannot achieve any sustainable development without peace and political stability. Undoubtedly, achieving SDGs, particularly Goal 6 in Myanmar will not be possible until the end of this military dictatorship. The people of Myanmar are confident that through building a free, peaceful, inclusive, just and democratic society, Myanmar can achieve successfully the SDGs including Goal 6.


Mr. President,


In conclusion, the Conference is a unique opportunity for the international community to set a roadmap and a timeline towards securing water for all and combating the global water challenges. My delegation is hopeful that the Water Action Agenda will accelerate progress in the second half of the Decade 2018-2028 and the second half of the 2030 Agenda. Most importantly, we all need to ensure that no community, no ecosystem is left behind when we thirst for clean water. Together we can achieve the goal timely and effectively.


Water must bring peace, unity, solidarity and prosperity.

I thank you.


**********





















Comentários


bottom of page