Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the ECOSOC Special Meeting on “Social and economic measures to prevent genocide, war crimes, ethnic cleansing and crimes against humanity”, held on 24 January 2023
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ “လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုတို့အား ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များ”ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အထူးအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံအရ စစ်တပ်မှ အကျိုးခံစားနေသော ပြစ်ဒဏ်ခတ်မှုမခံရခြင်းကို အပြီးတိုင် ရပ်တန့်ခြင်းနှင့် စစ်တပ်အား စစ်မှန်စွာ ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရအောက်တွင် ပြည့်ပြည့်ဝဝ ထားရှိခြင်းကသာလျှင် ပြည်သူများအား ဖော်ပြပါရက်စက်ကြမ်းကြုတ်မှုများ၏ အန္တရာယ်မှ ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခုဖြစ်ဟု ထောက်ပြခဲ့
(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်)
၁။ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရှိ စီးပွားရေးနှင့် လူမှုရေးကောင်စီတွင် “လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား ကြိုတင်ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များ” ခေါင်းစဉ်ဖြင့် အထူးအစည်းအဝေးတစ်ရပ်ကို ၂၄-၁-၂၀၂၃ ရက် (အင်္ဂါနေ့) ၌ ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်စား လူမျိုးတုံးသတ်ဖြတ်ရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်၊ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ (Pre-recorded Video) နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး ကော်မရှင်ဥက္ကဋ္ဌတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်ပြီး Global Centre for Responsibility to Protect ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး၊ World Academy of Art and Science ၏ ဥက္ကဋ္ဌ နှင့် Auschwitz Institute for the Prevention of Genocide and Mass Atrocities ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးတို့က Briefers များအဖြစ် ပါဝင်ဆွေးနွေး ခဲ့ကြပြီး လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးရုံးနှင့် နိုင်ငံရေးရာနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးရာဌာန (Department of Political and Peacebuilding Affairs – DPPA) တို့မှ လက်ထောက်အတွင်းရေးမှူးချုပ်တို့က Respondents များအဖြစ် အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
၃။ အဖွဲ့ဝင်နိုင်ငံများမှ မိန့်ခွန်းပြောကြားသည့်အစီအစဉ်၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်က မိန့်ခွန်း ပါဝင်ပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားသည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-
(က) မြန်မာနိုင်ငံတွင် ဖက်ဆစ်စစ်တပ်က တိုင်းရင်းသားလူနည်းစုများနှင့် ရိုဟင်ဂျာများ အပါအဝင် မြန်မာပြည်သူပြည်သားများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၌ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုမှာ ၎င်းတို့၏ လုပ်ရပ်မြောက်များစွာအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာများအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များအဖြစ် ပြောင်းရွှေ့ခဲ့ရကြောင်း၊
(ခ) ဖက်ဆစ်စစ်တပ်အနေဖြင့် ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှုများကို ရပ်တန့်ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှုကိုပင် ကျူးလွန်ခဲ့ကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းမှု (၂) နှစ်တာကြာမြင့်သည့် ကာလတလျှောက်တွင် လူမဆန်သောစစ်တပ်အနေဖြင့် ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို လုံးဝဥဿုံဖျက်ဆီးခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာပြည်သူများနှင့် ဒေသတွင်းအခြေအနေအပေါ် ကြီးလေးသော နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့ကြောင်း၊
(ဂ) မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သော်လည်း စစ်တပ်အနေဖြင့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို စဉ်ဆက်မပြတ်ကျူးလွန် လျက်ရှိကြောင်း၊ သို့ရာတွင် စစ်တပ်မှ တရားမဝင်အာဏာဆက်လက်ရယူလိုသည့် တစ်ခုတည်းသော ဆန္ဒကြောင့် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာမလုံခြုံမှု၊ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်နေရမှု၊ နေရပ်စွန့်ခွာနေရမှုနှင့် နယ်ခြားဖြတ်ကျော်မှုခင်းများ၏ ဦးတည်ရာနေရာဖြစ်လာခြင်းစသော လူသားချင်း ဆိုင်ရာ အကျပ်အတည်းများကို နဖူးတွေ့ ဒူးတွေ့ ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့လျက်ရှိကြောင်း၊
(ဃ) မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံအရ စစ်တပ်မှ အကျိုးခံစားနေသော ပြစ်ဒဏ်ခတ်မှု မခံရခြင်းကို အပြီးတိုင်ရပ်တန့်ခြင်းနှင့် စစ်တပ်အား စစ်မှန်စွာ ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရအောက်တွင် ပြည့်ပြည့်ဝဝထားရှိခြင်းကသာလျှင် ပြည်သူများအား ဖော်ပြပါ ရက်စက်ကြမ်းကြုတ်မှုများ၏ အန္တရာယ်မှ ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အား ချုပ်ငြိမ်းစေခြင်းက အလွန်အရေးပါအရာရောက်ကြောင်း၊
(င) တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် ပြည်သူတစ်ရပ်လုံးအား လူမျိုးတုံးသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းခြင်းနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များမှ အကာအကွယ်ပေးရမည့် တာဝန်ရှိသည်ကို ထပ်လောင်းအတည်ပြုကြောင်း၊ မြန်မာစစ်တပ်နှင့် ယင်းအဖွဲ့အစည်းအား အားဖြည့်ထောက်ခံပေးနေသူများအနေဖြင့်မူ လူ့အခွင့်အရေးနှင့် လူသားဆန်မှုအပေါ် မထီမဲ့မြင်ပြုလျက်ရှိကြောင်းကို ကြိမ်ဖန်များစွာ ပြသနေခဲ့ကြကြောင်း၊
(စ) အခြားတစ်ဖက်တွင်လည်း မြန်မာပြည်သူပြည်သားများမှ ကုလသမဂ္ဂအား မြန်မာနိုင်ငံအတွက် R2P မူကို အသုံးပြု၍ ကူညီပေးရေးနှင့် No-Fly Zone သတ်မှတ်ပေးရေး ကနဦးတောင်းဆိုမှုများမှာ ရလဒ်ဖြစ်ထွန်းခဲ့ခြင်း မရှိကြောင်း၊
(ဆ) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့်လည်း နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူ များအပေါ်တွင် ပျက်ကွက်ခဲ့သည်ဟု ၁၂-၁၁-၂၀၂၂ ရက်နေ့၌ မှန်မှန်ကန်ကန်ထောက်ပြခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ ကုလသမဂ္ဂအနေဖြင့် ထိရောက်မှုရှိသော အရေးယူမှုများကို အချိန်နှင့်တပြေးညီ ချမှတ်ပေး ခြင်းဖြင့် အတွင်းရေးမှူးချုပ်အနေဖြင့် ဤနှစ်အတွင်း၌ အလားတူထပ်မံပြောကြားရန် လိုအပ်မည် မဟုတ်ဟု မျှော်လင့်ပါကြောင်း၊
(ဇ) စစ်တပ်မှ လူမျိုးတုံးသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနှင့် လူသား မျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခြင်းမှ တားမြစ်နိုင်ရန် လူမှုရေးနှင့် စီးပွားရေး အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် အရေးကြီးကြောင်း၊ အလားတူပင် ယခုအချိန်ကာလသည် ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာနိုင်ငံအရေးကိစ္စနှင့် မြန်မာစစ်တပ်အား ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန်နှင့် ၎င်းတို့အကျိုးခံစားနေသည့် ပြစ်ဒဏ် ခတ်ခြင်းမခံရသည့်ယန္တရားကို အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက် ကုလသမဂ္ဂမှ အသံတစ်သံတည်း ထွက်ဆိုကာ စုပေါင်းအင်အားဖြင့် အရေးယူဆောင်ရွက်ရမည့် အလိုအပ်ဆုံး အချိန်ပင်ဖြစ်ကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the
Republic of the Union of Myanmar to United Nations at the ECOSOC Special Meeting on “Social and economic measures to prevent genocide, war crimes, ethnic cleansing and crimes against humanity”
(New York, 24 January 2023)
Madam President,
We appreciate your leadership for convening today’s special meeting. We also thank the President of the General Assembly, the Special Adviser on the Prevention of Genocide, the President of the Human Rights Council, Chair of the Peacebuilding Commission and the panelists for their insightful remarks.
Madam President,
It has been eighteen years since Member States made a declaration on their responsibility to protect populations from genocide, war crimes, ethnic cleansing and crimes against humanity at the 2005 World Summit. Unfortunately, we continue to witness a prevalence of violence, terrorism and brutality in different regions of the world and the failure of Member States to prevent such atrocious crimes. Today’s assembly of the special meeting of ECOSOC couldn’t be more fitting, addressing the second pillar of the Responsibility to Protect, the root causes of atrocity crimes and focusing on socioeconomic measures to prevent them.
As has been rightly reflected in your Concept Note, the current range and intensity of the crises encountered by the international community is considerably severe. They have exacerbated existing challenges and inflicted various humanitarian crises which directly affect well-being of the people, and peace and security of the global community in a wider spectrum. In this respect, ECOSOC has been given the role to carry out responsibilities to assist states in protecting their populations, particularly the most vulnerable ones.
Madam President,
In Myanmar, the fascist military committed numerous atrocities against Myanmar people including ethnic minorities and Rohingya. Military’s atrocities against Rohingya in 2017 is one of the many and resulted in hundreds of thousands of Rohingya took refuge in Bangladesh.
The fascist military did not stop committing such crimes. It attempted to stage an illegal coup in February 2021. During this 2-year period, the inhumane military junta has completely dismantled rule of law, and caused serious consequences to the population in Myanmar, even those in the region. It has been continuously committing massacres, war crimes and crimes against humanity despite all the repeated calls for a cessation of violence from the people of Myanmar and the international community. Their ultimate desire to retain power illegitimately has only led towards massive destruction of the people in the face of numerous humanitarian crises, including food insecurity, living with fear, internal displacement and destination of transnational organized crimes, to name a few.
According to the UN Office on Genocide Prevention, some of the common indicators for atrocity crimes include “economic stability caused by severe crisis in the national economy” and “widespread mistrust in State institutions as a result of impunity”. A pervasive culture of impunity and the breakdown of rule of law have created a breeding ground for extremism, radicalization and terrorism, further inflaming the brutality and atrocity crimes committed by the military against the civilian populations. In this context, it is imperative to address the root causes. It is to end the military dictatorship.
Based on our own experience, it is clear that making military under complete control of a truly elected government and ending impunity would be a means to prevent peoples from such atrocities. It is indeed vital to end the military dictatorship in Myanmar.
Socioeconomic measures to prevent crimes against humanity and implementing sustainable development are only contingent on peace, stability, human rights and effective governance, based on the rule of law. Goal 16 of promoting peace, justice and strong institutions at all levels remains the priority for Myanmar and our people.
Madam President,
In conclusion, Myanmar reaffirms our responsibility to protect populations from genocide, war crimes, ethnic cleansing and crimes against humanity while the unlawful junta and its enablers have consistently shown their disregard for human rights and humanity. It was indeed regrettable that our people’s initial call for the exercise of principle of Responsibility to Protect and declaration of no-fly-zone by the UN did not bear any fruit.
On 12 November last year, the UN Secretary-General rightly pointed out that the international community failed Myanmar people. We are hopeful that with the decisive and timely action from the UN, the Secretary-General does not need to repeat it this year. It is important to take necessary social and economic measure to prevent such atrocities. Equally I wish to stress that it is high time for this UN to raise a single voice, uphold the principle of the responsibility to protect and act collectively by using all tools at its disposal to hold perpetrators including the military junta accountable and end their cycle of impunity.
I thank you.
*****
Comments