top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the Debate on the Report of the Security Council for 2023 at the Plenary Meeting of the United Nations General Assembly


Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the Debate on the Report of the Security Council for 2023 at the Plenary Meeting of the United Nations General Assembly, held on 25 June 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် လုံခြုံရေးကောင်စီ၏ ၂၀၂၃ ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်မှုမရှိခြင်း၏ ရိုက်ခတ်မှုသည် မြန်မာပြည်သူများအဖို့ အလွန်ကြီးမားမှုရှိပြီး၊ ပြည်သူများသည် ယင်းပျက်ကွက်မှု၏ ဆိုးရွားသော အကျိုးဆက်များဖြစ်သည့် ပိုမိုအသက်ဆုံးရှုံးခြင်း၊ ပိုမိုကိုယ်လက်အင်္ဂါဆုံးရှုံးခြင်း၊ ပိုမိုနေရပ်စွန့်ခွာမှုများပြားလာခြင်း၊ ဒုက္ခ ပိုမိုကြီးထွားလာခြင်း၊ မျှော်လင့်ချက်များ ပိုမိုမဲ့လာခြင်း အစရှိသော ဒဏ်အမျိုးမျိုးကို ခါးစည်းခံနေရ ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့်လည်း အဆိုပါအသက်ဆုံးရှုံးမှုများနှင့် မြန်မာအရပ်သားပြည်သူများအား အကာအကွယ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် တာဝန်ရှိ၊ မတရား စစ်အာဏာသိမ်းထားသည့် စစ်တပ်က သတင်းအမှားများ၊ ဖန်တီးလုပ်ကြံထားသော အချက်အလက်များဖြင့် ဝါဒဖြန့်ကာ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအပေါ်  မကြာခဏ မဟုတ်မမှန် စွပ်စွဲအမည်ဖျက်ပြောကြားလျက်ရှိ၊ စစ်တပ်သည် ၎င်းတို့ ထိန်းချုပ်ထားသော နိုင်ငံခြား အခြေစိုက် မြန်မာသံရုံးများနှင့် ၎င်းတို့၏ သတင်းရုပ်သံများမှတဆင့် သတင်းအမှားများ၊ ဖန်တီးလုပ်ကြံထားသော အချက်အလက်များကို ဖြန့်ဝေကာ နိုင်ငံတကာအသိုက်အဝန်းအား အထင်အမြင်လွဲမှားစေရန် လှည့်စားလုပ်ဆောင်လျက်ရှိ၊ သတိချပ်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ၂၅ရက်)


၁။       နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်သွင်းသည့် ၂၀၂၃ ခုနှစ်အတွက် လုံခြုံရေး ကောင်စီ၏ နှစ်စဉ်အစီရင်ခံစာ (Annual Report of the Security Council for 2023) နှင့် ပတ်သက်၍ အထွေထွေဆွေးနွေးမှုအား ၂၅-၆-၂၀၂၄ ရက် (အင်္ဂါနေ့) တွင် ကျင်းပခဲ့ပါသည်။


၂။       အဆိုပါအစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော တောင်ကိုးရီးယားနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်က လုံခြုံရေးကောင်စီ၏ နှစ်စဉ်အစီရင်ခံစာ (၂၀၂၃ ခုနှစ်) ကို မိတ်ဆက်ပေးခဲ့ပြီး အထွေထွေညီလာခံ သဘာပတိနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၃၀) မှ ကိုယ်စားလှယ်များက မိန့်ခွန်းများ ပြောကြား ခဲ့ကြပါသည်။ ထို့ပြင် ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်၍ ထည့်သွင်း ဖော်ပြ ထားသဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပါဝင်ပြောကြားခဲ့ပါသည်။


၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အချက်များ အဓိက ပါဝင်ပါသည်-


(က)    နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကုန်လွန်ခဲ့သော နှစ်များတလျှောက်နှင့် လက်ရှိတွင် ကမ္ဘာ့နေရာအနှံ့အပြား၌ ကာလကြာညောင်းစွာ ဖြစ်ပေါ်သော ကျူးကျော်တိုက်ခိုက်မှုများ၊ ပဋိပက္ခများနှင့် စစ်မက်များကို ဆက်လက်ကြုံတွေ့နေရကြောင်း၊ ယင်းမတည်ငြိမ်မှုများ၏ နောက်ဆက်တွဲအကျိုးဆက်နှင့် ဆိုးကျိုးသက်ရောက်မှုများသည် ကမ္ဘာ့အသိုက်အဝန်း၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေး၊ အထူးသဖြင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ၏ ချမ်းသာသုခတို့အပေါ် ကြီးလေးသော ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေကြောင်း၊


(ခ)     လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့် တာဝန်အရ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ထိန်းသိမ်းရန် တာဝန်ရှိသည့် အရေးပါသော နိုင်ငံတကာအင်္ဂါရပ်တစ်ခု ဖြစ်ကြောင်း၊


(ဂ)     သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ယနေ့အစီအစဉ်အား ကောင်စီ၏လုပ်ငန်းဆောင်တာများ ကို လေ့လာအကဲဖြတ်ရန်နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြားတွင် အတွေးအမြင်နှင့် နားလည် ယူဆမှုများအား အပြန်အလှန် ဖလှယ်နိုင်သည့် အခွင့်အရေးတစ်ရပ်အဖြစ် သာမက ထိရောက်မှုရှိသော နိုင်ငံပေါင်းစုံစနစ်အောက်မှ လက်ရှိကြုံတွေ့နေရသော ဘက်ပေါင်းစုံ စိန်ခေါ်မှုများအား ပြည့်ပြည့်ဝဝ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို တက်ကြွစွာ ခွဲခြမ်းစိတ်ဖြာနိုင်မည့် အခွင့်အရေးအဖြစ်လည်း ရှုမြင်ပါကြောင်း၊


(ဃ)    စင်စစ်အားဖြင့် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ ဆက်လက်တည်ရှိ နေခြင်းမှာ အထူးစိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ ယင်းပဋိပက္ခများအနက် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော တရားမဝင် စစ်အာဏာသိမ်းမှုသည်လည်း တစ်ခုအပါအဝင်ပင် ဖြစ်ကြောင်း၊


(င)     လုံခြုံရေးကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်အတွက် ကောင်စီ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ အခြေအနေ (Situation in Myanmar) အား အနည်းငယ်မျှဖြင့် စာပိုဒ် (၁) ပိုဒ် ထည့်သွင်း ကာ ဖော်ပြထားသည့်အပေါ် ကျေးဇူးတင်ပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်မှု မရှိသလောက်နည်းပါးသည့် အခြေအနေမှာ အလွန်အင်မတန်မျှ စိတ်ပျက်ဖွယ်ကောင်းကြောင်း၊


(စ)     မိမိအနေဖြင့် ကောင်စီအဖွဲ့ဝင်နိုင်ငံအချို့၏ ကြိုးပမ်းအားထုတ်မှုများကို ကျေးဇူးတင်ရှိ သော်ငြား ကောင်စီ၏ နှစ်စဉ်အစီရင်ခံစာတွင် မြန်မာ့အရေးနှင့်ဆက်စပ်၍ ဤမျှ တိုတောင်းစွာ ဖော်ပြထားခြင်းကို ကြည့်ခြင်းအားဖြင့် ၂၀၂၃ ခုနှစ် တလျှောက်လုံးတွင် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအတွက် အနိမ့်ဆုံးအားထုတ်မှုသာ ရှိခဲ့သည့်အချက်ကို ပေါ်လွင်စေသဖြင့် စိတ်ပျက်မိပါကြောင်း၊


(ဆ)    ယင်းသို့ လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်မှု မရှိခြင်း၏ ရိုက်ခတ်မှုသည် မြန်မာ ပြည်သူများအဖို့ အလွန်ကြီးမားမှုရှိပြီး၊ ပြည်သူများသည် ယင်းပျက်ကွက်မှု၏ ဆိုးရွားသော အကျိုးဆက်များဖြစ်သည့် ပိုမိုအသက်ဆုံးရှုံးခြင်း၊ ပိုမိုကိုယ်လက်အင်္ဂါဆုံးရှုံးခြင်း၊ ပိုမို နေရပ်စွန့်ခွာမှု များပြားလာခြင်း၊ ဒုက္ခပိုမိုကြီးထွားလာခြင်း၊ မျှော်လင့်ချက်များ ပိုမိုမဲ့လာ ခြင်း အစရှိသော ဒဏ်အမျိုးမျိုးကို ခါးစည်းခံနေရကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် လည်း အဆိုပါအသက်ဆုံးရှုံးမှုများနှင့် မြန်မာအရပ်သားပြည်သူများအား အကာအကွယ် ပေးရန် ပျက်ကွက်ခြင်းတို့အတွက် တာဝန်ရှိသည်မှာ ရှင်းလင်းမြင်သာပါကြောင်း၊


(ဇ)     မြန်မာနိုင်ငံတွင် လူပေါင်း (၅,၃၀၀) ဦး သတ်ဖြတ်ခံခဲ့ရပြီး (၃.၁) သန်းသော ပြည်သူများမှာ နေရပ်စွန့်ခွာသူများ ဖြစ်နေရကြောင်း၊ (၁၈.၆) သန်းကျော်သော ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လိုအပ်လျက်ရှိကြောင်း၊ ထိုမျှမက မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ချိန်မှုစ၍ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှုတို့ ကျဆင်းလာခဲ့ပြီး ပြည်သူများအနေဖြင့် နေ့စဉ်ဘဝများကိုပင် ခက်ခက်ခဲခဲ ဖြတ်သန်းရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း၊ အလားတူ နေရပ်စွန့်ခွာမှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အတင်းအကြပ် တပ်သားစုဆောင်းမှုတို့သည် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အထင်ရှားဆုံးသော ခြိမ်းခြောက်မှုများပင်ဖြစ်ကြောင်း၊


(ဈ)     ထို့နည်းတူ စစ်တပ်သည် မြန်မာပြည်သူပြည်သားများ၏ အခြေခံအခွင့်အရေးများနှင့် အခြေခံ လူမှုဘဝများကို နေ့စဉ်နေ့တိုင်း မတရားပြုကျင့်လျက်ရှိကြောင်း၊ ၎င်းတို့သည် အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည် ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေတို့ကိုပါ ချိုးဖောက်လျက်ရှိပြီး လူသားမျိုး နွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုမြောက်သည့် ရက်စက် ကြမ်းကြုတ်မှုများကိုလည်း ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊


(ည)    မိမိအနေဖြင့် ဤအချက်အလက်များနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆိုးရွားသော ပကတိအခြေအနေတို့ကို လေးလံသောစိတ်ဖြင့် ထုတ်ဖော်ပြောကြားနေရလင့်ကစား မိမိ ကိုယ်တိုင်နှင့် မြန်မာပြည်သူများအနေဖြင့် မိမိတို့၏ တော်လှန်ရေးအပေါ် မျှော်လင့်ချက် ဆုံးရှုံးခြင်းအတိ မရှိကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံတွင် စစ်အာရှင်စနစ် ကျရှုံးစေရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန် ခိုင်မာပြတ်သားသည့်စိတ်ရှိပြီးဖြစ် ကြောင်း၊


(ဋ)     ဤနေရာတွင် မတရား စစ်အာဏာသိမ်းထားသည့် စစ်တပ်က သတင်းအမှားများ၊ ဖန်တီး လုပ်ကြံထားသော အချက်အလက်များဖြင့် ဝါဒဖြန့်ကာ ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများအပေါ်  မကြာခဏ မဟုတ်မမှန်စွပ်စွဲအမည်ဖျက် ပြောကြားလျက်ရှိသည်ကို အလေးထား ပြောကြားလိုကြောင်း၊ များစွာသောဖြစ်စဉ်များအနက် ၁၉-၆-၂၀၂၄ ရက်နေ့ တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကို မီးမောင်းထိုး ပြောကြားလိုကြောင်း၊


(ဌ)     အဆိုပါ ဖြစ်စဉ်တွင် မန္တလေးမြို့၌ ကျင်းပမည့် ဘာသာရေးပွဲတော်တစ်ခုသို့ သွားရောက် ရန် မောင်းနှင်လာခဲ့သည့် မော်တော်ယာဉ်တစ်စီးတွင် စီးနင်းလိုက်ပါလာသော လူသိများ သည့် သံဃာတော် ဆရာတော်ကြီး (၂) ပါးနှင့် ယာဉ်မောင်းတစ်ဦးမှာ ပစ်ခတ်ခံခဲ့ရပြီး သံဃာတော်တစ်ပါးမှာ ဖြစ်စဉ်ဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူခဲ့ပြီး ကျန်ခရီးသည် များမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊


(ဍ)     ဖြစ်စဉ်ဖြစ်ပွားလျှင်ဖြစ်ပွားပြီးချင်းတွင် စစ်တပ်က ယင်းပစ်ခတ်မှုများကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည်ဆိုပြီး ၎င်းတို့၏ သတင်းမီဒီယာ ရုပ်သံများတွင် ကြေညာခဲ့ကြောင်း၊ ထို့ပြင် ယာဉ်မောင်းကိုလည်း ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မဟုတ်မမှန်ထွက်ဆိုရန် အတင်းအကျပ်ခိုင်းစေ ခဲ့ကြောင်း၊ သို့သော မော်တော်ယာဉ်တွင် လိုက်ပါစီးနင်းခဲ့သည့် အသက်ရှင်ကျန်သော ဆရာတော်ကြီးကမူ ၂၀-၆-၂၀၂၄ ရက်နေ့တွင် အများပြည်သူများ သိရှိရန် အတိအလင်း ထုတ်ဖော်မွတ်ကြားခဲ့ပြီး၊ ၎င်းအနေဖြင့် စစ်တပ်၏ စစ်ဆေးမှုကို ကြိမ်ဖန်များစွာ ခံခဲ့ရကြောင်း၊ ဆရာတော်ကြီးက ပစ်ခတ်မှုကို စစ်တပ်၏ တပ်သားများက ကျူးလွန်ခဲ့ သည်ဟုလည်းကောင်း၊ ဖြစ်စဉ်ဖြစ်ပွားစဉ် ၎င်းမှ ဦးခေါင်းဒဏ်ရာရရှိ၍ မော်တော်ယာဉ် ပေါ်မှ ဆင်းလာရာ၌ စစ်တပ်၏ တပ်သားများကို အဘယ်ကြောင့် ဤမျှရက်စက်ရ သနည်းနှင့် မိမိတို့မှာ သံဃာတော်များဖြစ်သည်ဟုပင် ပြောကြားခဲ့ရသည်ဟု လည်းကောင်း အမှန်တရားကိုသာ မွတ်ကြားခဲ့ကြောင်း၊


(ဎ)     ထို့နောက်တွင်မူ စစ်တပ်က အဆိုပါပစ်ခတ်မှုကို ၎င်းတို့၏ တပ်သားများမှ ကျူးလွန်ခဲ့ သည်ဟု ထုတ်ပြန်ကြေညာခဲ့ရကြောင်း၊ တစ်နည်းအားဖြင့် စစ်တပ်မှ အသက်ရှင် ကျန်ရစ်သူ ယာဉ်မောင်းအား လိမ်လည်ထွက်ဆိုရန် အတင်းအကျပ် ခိုင်းစေခြင်းက ပြည်သူများ၏ ဖိနှိပ်ရန်နှင့် အမှန်တရားအား ဖုန်းကွယ်လိုသည့် စစ်တပ်၏ အားထုတ်မှုကို အတိုင်းသားပြသခြင်း ဖြစ်ကြောင်း၊


(ဏ)   စစ်တပ်အနေဖြင့် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုပေါင်းများစွာ ကျူးလွန်ပြီး ပြည်သူများနှင့် အခြားသူများကိုသာ ပြစ်တင်ပုံချရန် ကြိုးပမ်းခြင်းမှာ ယခုဖြစ်စဉ် တစ်ခု သာမကဘဲ အလားတူ ဖြစ်စဉ် မြောက်များစွာရှိကြောင်း၊ အထူးသဖြင့် စစ်တပ်သည် ၎င်းတို့ ထိန်းချုပ်ထားသော နိုင်ငံခြားအခြေစိုက် မြန်မာသံရုံးများနှင့် ၎င်းတို့၏ သတင်း ရုပ်သံများမှ တဆင့် သတင်းအမှားများ၊ ဖန်တီးလုပ်ကြံထားသော အချက်အလက်များကို ဖြန့်ဝေကာ နိုင်ငံတကာအသိုက်အဝန်းအား အထင်အမြင်လွဲမှားစေရန် လှည့်စား လုပ်ဆောင်လျက်ရှိကြောင်း၊ ဤတွင် နိုင်ငံအချို့အနေဖြင့် စစ်တပ်၏ မှန်ကန်မှုမရှိသော သတင်းအချက်အလက်များကို နားယောင်နေသည်မှာ အလွန်အကျည်းတန်ပါကြောင်း၊ မိမိအနေဖြင့် စစ်တပ်၏ အဆိုပါလှည့်စားလုပ်ဆောင်ချက်များကို သတိချပ်ရန် တိုက်တွန်းလိုပါကြောင်း၊


(တ)    တစ်ဖက်တွင်လည်း မတရား စစ်အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံတကာအသိုက်အဝန်းမှ ရိုဟင်ဂျာ အပါအဝင် မြန်မာပြည်သူများကို ပေးအပ်ခဲ့သည့် ထောက်ပံ့ကူညီမှုအားလုံးကို အသိအမှတ်ပြုပါကြောင်း၊ ထို့နည်းတူ မကြာသေးမီက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်မှုကိုလည်း ကြိုဆိုပါကြောင်း ၎င်းနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊


(ထ)    မည်သို့ပင်ဆိုစေ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအတွက် ရေရှည်တည်တံ့မည့် ဖြေရှင်းနည်းတစ်ခု ရှာဖွေနိုင်ရန် နိုင်ငံရေးဆန္ဒကို အခြေခံလျက် ယခုထက်ပိုမို လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ သို့သော် မည်သည့် လုပ်ဆောင်ချက်၊ အစီအစဉ်မဆို ပြည်သူများ၏ မျှော်မှန်းချက် ဆန္ဒအပေါ် အခြေခံရေးနှင့် ပြည်သူဦးဆောင်သည့်၊ ပြည်သူဗဟိုပြုသည့်မူကို လျော်ညီမှုရှိရမည်ဖြစ်ကြောင်း၊ အချိန် သည် အလွန်အရေးကြီးလျက်ရှိပြီး မြန်မာပြည်သူများအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်း၏ ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ခါးစည်းခံနေရကြောင်း၊


(ဒ)     အရေးတကြီးလိုအပ်နေမှု၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအပေါ် ရိုက်ခတ်မှုနှင့်အတူ အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှု တိုးတက်မှုမရှိခြင်းနှင့် စစ်တပ်မှ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို (၂၆၆၉) အား လိုက်နာရန် ပျက်ကွက်နေခြင်းတို့အပေါ် အခြေခံ၍ အထွေထွေညီလာခံနှင့် လုံခြုံရေး ကောင်စီတို့အနေဖြင့် ဖြစ်စွမ်းနိုင်သမျှသော နည်းလမ်းအားလုံးကို အသုံးချကာ ခိုင်မာ ထိရောက်သော အရေးယူဆောင်ရွက်များနှင့် အစီအမံများကို ချမှတ်၍ မြန်မာ့အရေး အတွက် လက်ဆုပ်လက်ကိုင်ရှိသော ရလဒ်များကို ဆောင်ကြဉ်းပေးရန် တိုက်တွန်း တောင်းဆိုပါကြောင်း၊


(ဓ)     လုံခြုံရေးကောင်စီအနေဖြင့် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အပြီးတိုင် ချုပ်ငြိမ်းစေရန်၊ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နစ်နာရသူများအတွက် တရားမျှတမှု ပြန်လည် ဖော်ဆောင်ရန်နှင့် စစ်တပ်အား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မြန်မာ့အရေးကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းသင့်ကြောင်း၊


(န)     ထို့အတူ နိုင်ငံတကာအသိုက်အဝန်းထံမှလည်း စုပေါင်းအရေးယူဆောင်ရွက်မှုကို ထပ်တူ ထပ်မျှ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရှိ အပြစ်မဲ့ပြည်သူများ၏ အသက်ကို ကယ်တင် နိုင်ရန် စစ်တပ်ထံသို့ လက်နက်စီးဆင်းမှု၊ လေယာဉ်ဆီစီးဆင်းမှု၊ ငွေကြောင်းစီးဆင်းမှုတို့အား ဖြတ်တောက်ရေးကို လုပ်ဆောင်မည့် မဟာဗျူဟာအားလုံး၏ ဗဟိုအချက်အချာနေရာ၌ ထားရှိ ရမည်ဖြစ်ကြောင်း၊


(ပ)     ဤနေရာတွင် မိမိအနေဖြင့် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ကျရှုံးရေးအတွက် ထားရှိ သော ပြည်သူများ၏ ပြင်းပြသော စိတ်အားထက်သန်မှုကို ထပ်လောင်းပြောကြား လိုပါကြောင်း၊ မြန်မာနိုင်ငံရှိ အလွှာအသီးသီးမှ ပြည်သူများသည် တော်လှန်ရေးတွင် နည်းလမ်းနှင့် ကဏ္ဍပေါင်းစုံမှ ပါဝင်ကာ သက်သေထူထားကြောင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် မြေပြင်ရှိ ပြည်သူများအနေဖြင့်လည်း မြန်မာပြည်သူများ၏ အကျိုးစီးပွားကို အကောင်းမွန်ဆုံး ဖြည့်ဆည်းပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးအတွက် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊


(ဖ)     သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီတို့ အနေဖြင့် တာဝန်များ၊ ကတိကဝတ်များကို အပြည့်အဝဖော်ဆောင်ရန်နှင့် မြန်မာအရေး ကိစ္စအား ဖြေရှင်းရန် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ထိရောက်သော အရေးယူ ဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် မြန်မာပြည်သူများကိုယ်စား တိုက်တွန်းလို ကြောင်း၊


(ဗ)     ကုလသမဂ္ဂအနေဖြင့် သာယာဝပြောသော မြန်မာနိုင်ငံ၊ လက်ရှိမျိုးဆက်နှင့် အနာဂတ် မျိုးဆက်သစ်များအတွက် တောက်ပသော အနာဂတ်အား လိုလားလျက်ရှိသည့် ပြည်သူများ၏ မျှော်မှန်းချက်အပေါ် မပျက်ကွက်သင့်ကြောင်း၊ ပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန်နှင့် မြန်မာပြည်သူများ၊ အထူးသဖြင့် လူငယ်မျိုးဆက်သစ်များ၏ အနာဂတ်ကို ပြန်လည်ဆောင်ကြဉ်းပေးရန် တောင်းဆိုလိုပါကြောင်း။


 

၄။       မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြ အပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against the delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the

Debate on the Report of the Security Council for 2023 at the Plenary Meeting of the United Nations General Assembly


(New York, 25 June 2024)


Mr. President,


At the outset, I would like to express my sincere thanks to you for convening today’s debate, and the representative of the Republic of Korea, as the president of the Council for this month, for presenting the Report of the Security Council for the year 2023.


Mr. President,


Currently and throughout the past years, members of the international community continue to encounter protracted turbulences of aggression, conflicts and wars in different parts of the world. Consequences and impacts of these unrests have been imposing a serious threat on the peace, security and stability of the global community, particularly endangering the well-being of people all over the world.


The Security Council, as mandated by the UN Charter, serves as a crucial international body to maintain international peace and security.


In this regard, Myanmar observes today’s opportunity as an important occasion not only to study and evaluate the work of the Council through an exchange of views and understandings between the wider UN member states, but also to actively analyze meaningful and comprehensive ways to address the multifaceted challenges under an effective multilateral system. 


Mr. President,


As I mentioned earlier, the existence of ongoing conflicts across the globe have been alarming. This includes the illegal military coup in my country, Myanmar.

In this relation, the Security Council, in its annual Report for 2023, briefly reflected the “Situation in Myanmar”.


Myanmar indeed notes with appreciation for such inclusion of one paragraph on the situation of Myanmar.


However, it is truly discouraging to recognize the level of inaction by the Security Council on Myanmar’s issue. Though I thank some member states of the Council for their efforts, I regret that the under-length paragraph related to Myanmar somehow revealed the minimum level of attention and action by the Council in addressing my country’s situation throughout 2023.


Cost of inaction by the Security Council is huge for the people of Myanmar, and we are bearing brunt of such inaction. The inaction has resulted in more deaths, more disabled, more displacement, more suffering, more losing hope, and so on.


Clearly, the UN Security Council is also responsible for the deaths and for the failure of the protection of civilians in Myanmar.


Mr. President,


Over 5,300 people have been killed. 3.1 million people have been displaced. 18.6 million plus people are in need of humanitarian assistance. Needless to mention the degradation of peace, security and rule of law in Myanmar since the unlawful military coup, even the daily lives of our people are stretched to a degree that people could hardly resist. Alongside the displacement and migration issues, food insecurity, poverty, hunger and force recruitment are the most visible threats in Myanmar.


Moreover, the military junta has been abusing the fundamental rights and fundamental well-being of the Myanmar people every day. It has likewise been violating the International Law, International Human Rights Law and International Humanitarian Law, and committing atrocities that are mounting to crimes against humanity and war crimes.


Mr. President,


Although I elaborated these alarming figures and the grim reality in Myanmar with a heavy heart, neither myself nor the people in Myanmar lose hope on our resistance. We are resolute to end the military dictatorship and build a federal democratic union.


Under this circumstance, I wish to bring your attention that the military junta is frequently accusing the people and resistance forces for the sufferings by conducting misinformation/ disinformation campaign.


Here, I will highlight one incident among so many others. On the morning of 19 June 2024, a car in which 2 renowned monks and a driver were riding was shot by the junta forces in Mandalay, on their way to attend a religious gathering. One monk was killed on the spot and others were injured.


Immediately, the military junta through their news channels announced that it was done by the People Defence Forces (PDFs). The driver was forced to make a statement by confessing that they were shot by the PDFs. On the contrary, on 20 June, the other injured monk stated publicly that he was interrogated several times by the junta authorities. He told them the truth. It was shot by the junta forces. When he, with head injure, came out from the car, he even said to the junta’s soldiers that “how can you be so cruel? we are monks!


Then, the junta issued a statement by committing that their soldiers shot at them.


The junta’s coercion of the surviving driver exemplifies their efforts to suppress civilians and conceal the truth.


Here I wish to stress that there are so many incidents of the military junta committing atrocities against the people and the junta easily makes blames to the people and others. Thereby the junta misleads the international community by disseminating their fabrication through their controlled Myanmar embassies abroad and news channels.


It is very unfortunate for the people of Myanmar that some member states are buying the junta’s falsehood. I wish to urge the member states to be mindful of the junta’s misinformation/disinformation campaign against the people and resistance forces.


Mr. President,


Since the attempted military coup, we acknowledge the support extended by the international community towards the people of Myanmar including Rohingya.

Myanmar also welcomes the recent appointment of the UNSG’s Special Envoy on Myanmar and looks forward to working with her.


Nevertheless, I have the confidence that the international community, based on political will, can extend further efforts to address the current crisis in Myanmar in order to find sustainable solution. Any action, any initiative to be taken by the members of the international community must be in line with the aspiration and desire of the people adhering to the principle of people-led, people-center approach.


In this regard, I must reiterate that time is of the essence for the people of Myanmar who are bearing brunt of the lack of effective action from the international community.


In a sense of urgency and impact on the regional peace and stability as well as absence of progress on the implementation of ASEAN’s 5PC adopted in April 2021 and the atrocious military junta’s failure to abide by the Security Council Resolution 2669 (2022), I urge the international community, the General Assembly and the Security Council to use all possible tools to take concrete and effective action and measures to bring tangible results for Myanmar’s issue.


To end the culture of impunity, bring justice to victims of atrocities, and make the military junta accountable for all its crimes, the Security Council should refer the situation of Myanmar to the ICC.


Besides, we require an equal weight of collective action from the entire international community. Cutting of arms, weapons, jet fuels and financial assistance to the military junta must be at the heart of all strategies in order to save lives of innocent civilians in Myanmar.


Mr. President,


In conclusion, I would like to state that the people of Myanmar are resilience and have strong dedication to end the military dictatorship in Myanmar.


All walks of life of the people of Myanmar have proved their devotion by joining the resistance movement through numerous means and methods.


The National Unity Government of Myanmar, the EROs, CSOs, and people on the ground have been working hand and hand to build a federal democratic union which serve for the best interest of people in Myanmar.


Therefore, on behalf of the people of Myanmar, I urge again the international community, particular the UN, the UN Security Council to fulfill their responsibility, their pledges and resolve the issue in Myanmar by taking effective actions without further delay.


The UN must not fail our aspiration towards a prosperous Myanmar with a brighter future for the current and future generations.


Please save lives. Please bring the future back to the people of Myanmar especially our young generations.


Thank you.




*****





Comentarios


bottom of page