Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at General Discussion onthe Report of the United NationsHigh Commissioner for Refugees at the Third Committee of the 79th Session of the UN General Assembly, held on 7 November 2024
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အပြစ်မဲ့ အရပ်သားပြည်သူများအနေဖြင့် စစ်အုပ်စု၏ ရက်စက် ကြမ်းကြုတ် မှု အန္တရာယ်များမှ လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်ရသဖြင့် နေရပ် စွန့်ခွာသူများနှင့် ဒုက္ခသည်များအဖြစ်သို့ ရောက်ရှိနေရ၊ မြန်မာနိုင်ငံမှ ဒုက္ခသည်နှင့် နိုင်ငံရေးခိုလှုံသူ များမှာ အခြားသော နိုင်ငံများတွင်လည်း ၎င်းတို့ လုံခြုံမှုရှိရေးအတွက် ပြန်လည်နေရာချထားရေးတို့ကို လျှောက်ထား ရလျက်ရှိ၊ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင် ပိတ်မိနေကြသော ဒုက္ခသည်များအနေဖြင့်လည်း နိုင်ငံတကာ အကာအကွယ်ရရှိနိုင်ရန် UNHCR ထံသို့ အကူအညီတောင်းခံထားပြီး အေဂျင်စီ၏ ဖြေကြား တုံ့ပြန်မှုကို စောင့်ဆိုင်းရလျက်ရှိ၊
ဒုက္ခသည်များ အကျပ်အတည်းကို ဖြေရှင်းရန်နှင့်တကွ ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒ အလျောက်၊ သိက္ခာရှိရှိ ပြန်လည်သွားရောက်နိုင်ရေးတို့အတွက် ရာဇဝတ်မှု ကျူးလွန်သူများကို တရားစီရင်၍ စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာကို အပြီးတိုင် ချုပ်ငြိမ်းစေရေး၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ် နှင့် မတရား စစ်အာဏာသိမ်းမှု အား အမြစ်ပြတ်စေရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတို့က အဓိကကျလှသည်ဟု မြန်မာပြည်သူများက အခိုင်အမာ ရှုမြင်ကြောင်းဖြင့် ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) ၌ ၆-၁၁-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)၊ မွန်းလွဲပိုင်းနှင့် ၇-၁၁-၂၀၂၄ ရက် (ကြာသပတေးနေ့) မွန်းလွဲပိုင်းတို့တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ အထွေထ ွေဆွေးနွေးမှု အစီအစဉ်အား ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၅၀) နိုင်ငံမှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း သည် ၇-၁၁-၂၀၂၄ ရက်နေ့၌ ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-
(က) ယနေ့ဆွေးနွေးကြသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR) ၏ အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရား စစ်အာဏာသိမ်းမှုကြောင့် စိုးရိမ်ဖွယ်ဖြစ်လာသည့် ဒုက္ခသည်များ အကျပ်အတည်းအား တုန်လှုပ်ဖွယ်ကောင်းအောင် ထင်ဟင်စွာ ထည့်သွင်းဖော်ပြထားကြောင်း၊
(ခ) မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးအဖွဲ့အား ဆယ်စုနှစ် (၃) ခုကျော် ဖွင့်လှစ်ထားရှိခြင်းနှင့် ပတ်သက်၍ လက်ရှိဖြစ်ပွားနေသည့် မတရား စစ်အာဏာသိမ်းမှု အပါအဝင် စစ်အုပ်စုကြောင့် ပြည်တွင်း တည်ငြိမ်မှု ကင်းမဲ့ကာ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ဒေသတွင်းနှင့် အခြားသော နေရာဒေသ များ၌ မြန်မာနိုင်ငံမှ ဒုက္ခသည်များ ပြန့်နှံ့နေခြင်း ပြဿနာကို ဖန်တီးဖြစ်ပေါ်စေခြင်းနှင့် UNHCR အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည်များအား နိုင်ငံတကာ အကာအကွယ် ပေးအပ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးတို့အပြင် အစိုးရများ နှင့် ပူးပေါင်းအဖြေရှာရေးဟူသော ခိုင်မာ သည့် ကတိကဝတ်ကို ဖော်ဆောင်ရေးဟူသော အချက် (၂) ချက်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ကြောင်း၊
(ဂ) ထို့အတွက် မိမိတို့အနေဖြင့် UNHCR မှ မြန်မာနိုင်ငံအတွက် အသက်ကယ် အကူအညီများ အများအပြား ပေးအပ်ခြင်းနှင့် အကာအကွယ်ပေးရေးအစီအစဉ်များအတွက် ပံ့ပိုးပေးခြင်းနှင့် သန်မာကြံ့ခိုင်သော အသိုက်အဝန်းများ တည်ထောင်ခြင်းတို့အတွက် လုပ်ဆောင် ပေးလျက် ရှိသည့် အပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ထိရှလွယ်သော အသိုက်အဝန်း များ၏ အကျိုး စီးပွားကို ဆောင်ကျဉ်းပေးနိုင်ရန် အေဂျင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် မိတ်ဖက် များ ကိုလည်း ထပ်တူထပ်မျှ ကျေးဇူးတင်ရှိပါကြောင်း၊
(ဃ) သို့ရာတွင် အတင်းအကျပ် နေရပ်စွန့်ခွာနေထိုင်ရသူများနှင့် ဒုက္ခသည်များ ဦးရေမှာ ထိတ်လန့်ရသည့် နှုန်းဖြင့် မြင့်တက်လာလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ယနေ့အထိ ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေမှာ ၂၀၂၃ ခုနှစ်ကထက်စာလျှင် (၂) ဆမြင့်တက်လာခဲ့ပြီး ၃.၄ သန်း ကျော် အထိ ရှိလာပြီဖြစ်ကြောင်း၊ များစွာသော ရိုဟင်ဂျာဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဒေသတွင်း နိုင်ငံများတွင် ခိုလှုံနေ နေရကြောင်း၊
(င) မြန်မာနိုင်ငံမှ ဒုက္ခသည်နှင့် နိုင်ငံရေးခိုလှုံသူ များမှာ အခြားသော နိုင်ငံများတွင်လည်း ၎င်းတို့ လုံခြုံမှုရရှိရေးအတွက် ပြန်လည်နေရာချထားရေးတို့ကို လျှောက်ထားရလျက်ရှိကြောင်း၊ သို့သော် လည်း ၎င်းတို့အနေဖြင့် ၎င်းတို့ ခိုလှုံနေထိုင်ကြသည့် နိုင်ငံများတွင် စိန်ခေါ်မှုနှင့် မရေရာမှု များစွာ ကြုံတွေ့ရင်ဆိုင်နေရပြီး အထူးသဖြင့် ၎င်းတို့၏ လုံခြုံရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲသော ပြန်လည်နေရာချထားရေးတို့အတွက် စိုးရိမ်ပူပန်မှုရှိကြောင်း၊
(စ) အမျိုးသမီးနှင့် မိန်းကလေးငယ်များ၊ ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် LGBTIQ များ အနေဖြင့် ခွဲခြားဆက်ဆံခြင်း၊ အမြတ် ထုတ်ခံရခြင်း၊ အလွဲသုံးစားပြုကျင့်ခံရခြင်း၊ အထူးသဖြင့် လိင်ပိုင်းနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများ၏ ပစ်မှတ်နှင့် သားကောင်များ ဖြစ်လျက်ရှိ ကြောင်း၊
(ဆ) မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင် ပိတ်မိနေကြသော ဒုက္ခသည်များအနေဖြင့်လည်း နိုင်ငံတကာ အကာအကွယ်ရရှိနိုင်ရန် UNHCR ထံသို့ အကူအညီတောင်းခံထားပြီး အေဂျင်စီ၏ ဖြေကြား တုံ့ပြန်မှုကို စောင့်ဆိုင်းရလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် စိတ်ဒဏ် ရာများ ရရှိကာ ကူကယ်ရာမဲ့ နေသည်ဟု ခံစားနေရကြောင်း၊
(ဇ) သို့ဖြစ်ပါ၍ မြန်မာဒုက္ခသည်များအား ပံ့ပိုးကူညီပေးကြသည့် အစိုးရများနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီအား ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် ယခုထက်ပိုသော အကူအညီများ ဆက်လက်ပေးအပ်ရန်အတွက်လည်း တောင်းဆိုလိုပါကြောင်း၊
(ဈ) စင်စစ်အားဖြင့် အပြစ်မဲ့ အရပ်သားပြည်သူများအနေဖြင့် အထက်ဖော်ပြပါ ရက်စက် ကြမ်းကြုတ် မှု အန္တရာယ်များမှ လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်ရသဖြင့် နေရပ် စွန့်ခွာသူများနှင့် ဒုက္ခသည်များအဖြစ်သို့ ရောက်ရှိနေရသည့် မပြီးဆုံးနိုင်သော စက်ဝန်းမှာ အမှန်ပင် ဝမ်းနည်း ဖွယ်ရာပင်ဖြစ်ကြောင်း၊
(ည) ယင်းသို့သော ပြဿနာများအတွက် အဓိက အကြောင်းရင်းခံမှာ စစ်အာဏာရှင်စနစ်၊ ၎င်းတို့၏ မတရား စစ်အာဏာသိမ်းမှု၊ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့ပင်ဖြစ်သည်မှာလည်း ထင်ရှားပေါ်လွင်ကြောင်း၊
(ဋ) ယခုနှစ် ဧပြီလတွင် အတည်ပြုခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို 55/20 တွင် စစ်အာဏာသိမ်းမှုနှင့် ၎င်းတို့၏ ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှု တို့က ရိုဟင်ဂျာများ အပါအဝင် နေရပ်စွန့်ခွာသူများ၏ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံသော၊ သိက္ခာရှိသော၊ ရေရှည် တည်တံ့သော နေရပ်ပြန်လည်သွားရောက်ရေးအတွက် အဓိက ခြိမ်းခြောက်လျက်ရှိသည်ဟု ဖော်ပြထားကြောင်း၊
(ဌ) အဓိကအားဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် အကျပ်အတည်းသည် မိမိတို့ ပြည်သူများ ၏ လူနေမှုဘဝများကို အလွန်အမင်း ထိခိုက်ပျက်စီးစေပြီး ဒေသတွင်းနှင့် နိုင်ငံတကာ၌ပါ ဆိုးကျိုးသက်ရောက်မှုများ ရှိစေကြောင်း၊
(ဍ) အဆိုပါ ဒုက္ခသည်များ အကျပ်အတည်းကို ဖြေရှင်းရန်နှင့်တကွ ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်၊ သိက္ခာရှိရှိ ပြန်လည်သွားရောက်နိုင်ရေးတို့အတွက် ရာဇဝတ်မှု ကျူးလွန်သူများကို တရားစီရင်၍ စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ် အလာကို အပြီးတိုင် ချုပ်ငြိမ်းစေရေး၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်နှင့် မတရား စစ်အာဏာသိမ်းမှု အား အမြစ်ပြတ်စေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတို့က အဓိကကျလှသည်ဟု မြန်မာပြည်သူများက အခိုင်အမာ ရှုမြင် ကြောင်း၊
(ဎ) ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ မြန်မာပြည်သူများ၏ မျှော်မှန်းဆန္ဒကို လေးစားရန်နှင့် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများကို ကူညီပေးရန် တိုက်တွန်း တောင်းဆိုလိုကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun,Permanent Representative of the Republic of the Union of Myanmar to the United Nations, at General Discussion on the Report of the United Nations High Commissioner for Refugees at the Third Committee of the 79th Session of the UN General Assembly
(New York, 7 November 2024)
Mr. Chair,
I wish to thank again the UN High Commissioner for Refugees for his report.
The report in front of us is indeed disturbing.
It deplorably resembles the alarming refugee crisis in Myanmar primarily driven by the illegal military coup of 1 February 2021 and the junta’s continued heinous atrocities and indiscriminate attacks against the civilian population across the country.
The operational presence of UNHCR in Myanmar has been over three decades, and it can be interpreted in two aspects.
First being the lack of stability instigated by the military including this ongoing unlawful military coup attempt, has created the scourge of displaced persons internally and refugees in the region and beyond.
Second being the strong commitment of the agency to fulfil its mandate not only in providing international protection and humanitarian assistance to those internally displaced persons and refugees but also to find durable solutions with governments.
In this regard, Myanmar appreciates the UNHCR for delivering numerous life-saving interventions and its advocacy work for both protection measures and building resilient communities. We also thank all partners in collaboration with the agency to serve the best interests of the vulnerable communities.
However, the uptick trend of forcibly displaced persons and refugees continues to increase in an alarming pace.
To-date, the number of IDPs in Myanmar has doubled that of 2023 and reached over 3.4 million.This counts 5 percent of the 76 million IDPs worldwide.
Hundreds of thousands of Rohingya are still taking refuge in Bangladesh and other countries in the region.
Many refugees and asylum seekers from Myanmar have also sought safety and resettlement in other countries.
Many have been facing various challenges and uncertainties in places where they reside, and especially for their safe and sustainable resettlements.
Women and girls, children, persons with disabilities and LGBTIQ people have been the targets and victims of discrimination, exploitation and abuses, in particular sexual and gender-based violence.
Many stranded Myanmar in neighbouring countries have requested UNHCR to facilitate international protection, and they are awaiting its response. They are in trauma and feel helpless.
Therefore, I thank the government and people of the host countries for their support towards distress Myanmar people. At the same time, I wish to request them to extend more help and more support to them.
Mr. Chair,
The reality of a never-ending cycle for innocent civilians to flee from such atrocities and becoming displaced persons or refugees is sadly regrettable.
The primary factors causing to this effect are clearly the military dictatorship, its illegal coup, the junta’s heinous atrocities and the culture of impunity the military has been enjoying.
The HRC Resolution 55/20 adopted in April this year also noted the military coup and its serious human rights violations as posing further threats to the voluntary, safe, dignified and sustainable return of all displaced persons, including Rohingya.
To conclude, Mr. Chair, the crisis in Myanmar is seriously destructing the well-being of our people, and is also obviously having regional and international implications.
The people of Myanmar strongly view that the key to resolving the refugee crisis including the safe, voluntary and dignified repatriation of Rohingya, is ending the junta’s culture of impunity by bringing perpetrators to justice, and terminating the military dictatorship and its unlawful coup, and building a federal democratic union in Myanmar.
As such I urge the international community and the UN member states to respect the aspirations of the people of Myanmar and help our efforts in this regard.
I thank you.
*****
コメント