top of page
Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at General Discussion on Crime Prevention and Criminal Justice, Countering the Use of ICT for Criminal Purposes, and Int'l Drug Control, at 3C of the 79th UNGA


Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at General Discussion on Crime Prevention and Criminal Justice, Countering the Use of Information and Communications Technology for Criminal Purposes, and International Drug Control, at the Third Committee of the 79th session of the UN General Assembly, held on 7 October 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်အဝေး၌ ပြစ်မှူကာကွယ်ရေး၊ ပြစ်မှုဆိုင်ရာ တရားမျှတမှု၊ သတင်းအချက်အလက်နှင့် နည်းပညာအား ပြစ်မှုရေးရာကိစ္စရပ်များအတွက် အသုံးပြုခြင်းအား တိုက်ဖျက်ခြင်းနှင့် နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံ၌ ပြည်တွင်းတရားဥပဒေစိုးမိုးမှု ပြန်လည်အသက်သွင်းရေးက ယခုကဲ့သို့ အကျင့်ပျက် ခြစားနေသော ပတ်ဝန်းကျင်ကို တည့်မတ်ရေးအတွက် အဓိက ကျသော သော့ချက်ဖြစ်၊ ထို့အတူ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ မတရား စစ်ဏာသိမ်းမှု ကြိုးပမ်းမှုအား အပြီးတိုင်ချုပ်ငြိမ်းရေးကို အလေးအနက်ထား ဦးစားပေး ဆောင်ရွက်မှသာလျှင် မိမိတို့၏ မျှော်မှန်းချက်များ ပြည့်ဝနိုင်မည်ဖြစ်၊

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပ​ရန် သင့်လျော်သည့် အခြေအနေတစ်ခုနှင့် ပြည်သူ့ထောက်ခံမှုမရှိသည့်တိုင် ရာဇဝတ်စစ်တပ်က အတုအယောင် ရွေးကောက်ပွဲအား ကျင်းပရန် ပြင်ဆင်လျက်ရှိ၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ဘယ်သောအခါမျှ လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်မှု ရှိမည်မဟုတ်၊

ယခုအချိန်သည် နိုင်ငံတကာအသိုက်အဝန်းမှ အရှိန်အဟုန် မြှင့်တင်ကာ အကြမ်းဖက် စစ်တပ်နှင့် စစ်အာဏာရှင်စနစ်အား မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာများ၏ ဇစ်မြစ်အဖြစ် တစ်သံတည်း သတ်မှတ်ကြရမည့် အချိန်ပင်ဖြစ်၊ သို့မှသာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေ သည့် အကြမ်းဖက်မှု စက်ဝိုင်းနှင့် ရာဇဝတ်မှုများကို ရပ်တန့် ချုပ်ငြိမ်းနိုင်မည်ဖြစ်၊

ပြည်သူများ၊ အထူးအားဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် စစ်တပ်မှ လူမဆန်စွာ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများ၏ ဒုက္ခဒဏ်ကို ခါးစည်းခံနေရ၊ သို့ရာတွင် မိမိတို့အနေဖြင့် တရားမျှတမှု ပြန်လည်ရရှိ မည်ဟု အခိုင်အမာ ယုံကြည်၊ မိမိတို့၏ မျှော်မှန်းချက်များ ပြည့်ဝစေရန် နိုင်ငံတကာအသိုက်အဝန်းထံမှ ခိုင်မာ အားကောင်း သော အထောက်အပံ့များနှင့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်)


၁။        (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) ၌ ပြစ်မှူကာကွယ်ရေး၊ ပြစ်မှုဆိုင်ရာတရားမျှတမှု၊ သတင်းအချက်အလက်နှင့် နည်းပညာအား ပြစ်မှုရေးရာအတွက် အသုံးပြုခြင်းအား တိုက်ဖျက်ခြင်းနှင့် နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေး တို့နှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှုအစီအစဉ် (General Discussion) ကို ၇-၁၀-၂၀၂၄ ရက် (တနင်္လာနေ့) တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။         မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းတွင်အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က)     မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများအပေါ် အစဉ်တစိုက် အလေးထားအာရုံစိုက်ခဲ့ပြီး လူကုန်ကူးခြင်း၊ တရားမဝင် ကူးသန်းရောင်းဝယ်ခြင်း၊ ဘိန်း အကြီးစား ထုတ်လုပ်မှု၊ မူးယစ်ဆေးဝါးများ ကုန်ကူးခြင်း၊ ဆိုက်ဘာ မှုခင်းများနှင့် အွန်လိုင်းလိမ်လည်မှုများမှာ ထင်ရှားသည့် ပြည်တွင်း စိန်ခေါ်မှုများဖြစ်ကြောင်း၊ ယနေ့တွင် ပြစ်မှုကျူးလွန်သည့် အုပ်စုများမှ ၎င်းတို့၏ လှုပ်ရှားမှုများကို ပိုမို ချဲ့ထွင်၍ နည်းဗျူဟာကျကျ လုပ်ဆောင်နိုင်ရန် ဒစ်ဂျစ်တယ်နည်းပညာကို တလွဲ အသုံးချလာကြကြောင်း၊


(ခ)       မြန်မာနိုင်ငံတွင် ရွေးကောက်ခံ အရပ်သားအစိုးရက မူးယစ်ဆေးဝါး ပပျောက်စေရေးနှင့် နယ်စပ် ဖြတ်ကျော်ရာဇဝတ်မှုခင်းများ တိုက်ဖျက်ရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် ကတိကဝတ် ပြုခဲ့သော်လည်း စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မတရားစစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ခြင်းကြောင့် အဆိုပါ လုပ်ငန်းစဉ်များမှာ တားဆီးဟန့်တား ခံခဲ့ရကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ပြည်တွင်းတရားဥပဒေစိုးမိုးရေးကို အလုံးစုံ ပျက်သုဉ်းစေခဲ့ပြီး နိုင်ငံတကာရာဇဝတ်မှုခင်းများအတွက် လုံခြုံသည့် ရပ်ဝန်းတစ်ခုကိုပင် ဖန်တီး ပေးခဲ့ကြောင်း၊


(ဂ)       ဘိန်းစိုက်ပျိုးခြင်းနှင့်ဆက်စပ်၍ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်မှ စတင်၍ စိုက်ပျိုးမှု ကျဆင်းစေရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု (၂) ဆ မြင့်တက်လာခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းချဲ့ထွင်လာခြင်းသည် မဲခေါင်ဒေသတွင် ကြီးထွားလာသည့် တရားမဝင် စီးပွားရေးကို ပိုမို အကျိုးပြုကာ ငွေကြးခဝါချမှုနှင့် လောင်းကစားရုံများနှင့် အွန်လိုင်းလိမ်လည်မှုများ ကဲ့သို့သော အွန်လိုင်းရာဇဝတ်မှုများအတွက် လမ်းကြောင်းပေး ခဲ့ကြောင်း၊


(ဃ)     အလားတူပင် အာဏာသိမ်း အကြမ်းဖက်စစ်တပ်အောက်တွင် ပြည်တွင်းတရားဥပဒေစိုးမိုးမှု ပျက်သုဉ်းခဲ့ခြင်းက မြန်မာနိုင်ငံတွင် အကျင့်ပျက်ချစားမှုများ၊ အလုပ်လက်မဲ့ဖြစ်မှု၊ အတင်းအကျပ် လုပ်သားခိုင်းစေမှုနှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ကုန်ကူးမှု စသည် ဖြင့် မတည်ငြိမ်မှုကို ကြီးထွားစေခဲ့ကြောင်း၊


(င)       ထို့ပြင် မြန်မာနိုင်ငံသည် အကြမ်းဖက်စစ်တပ်မှ ထိန်းချုပ်ထားသည့် နယ်ခြားစောင့်တပ်များ၏ ပါဝင်မှုဖြင့် အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ရာ လုပ်ငန်းများအတွက် အဓိကကျသည့် နေရာပင် ဖြစ်လာခဲ့ကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် လောက်ကိုင်နှင့် ရွှေကုက္ကိုလ်ဖြစ်စဉ်များမှာ ၎င်းတို့၏ ပြစ်မှုများအတွက် ထင်ရှားသည့် သာဓကများပင်ဖြစ်ကြောင်း၊


(စ)       မိမိတို့၏ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်တပ်မှ နေ့စဉ်နှင့်အမျှ ကျူးလွန်လျက် ရှိသော မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဥပဒေမဲ့ ကွပ်မျက်ခြင်း၊ အတင်းအကျပ် တပ်သား စုဆောင်းခြင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း၊ ကျေးရွာများနှင့် အိမ်များကို မီးရှို့ ဖျက်ဆီးခြင်း ကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများ၊ ရာဇဝတ်မှုများနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုး တို့ကို ကြုံတွေ့ခံစားနေရသည့်အပြင် အထက်ဖော်ပြပါ ပြဿနာများနှင့် ၎င်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုးများသည်လည်း ပြည်သူများ ၏ အသက်အိုးအိမ်နှင့် လူမှုဘဝများအပေါ် ကြီးမားသော ဒုက္ခကို ဖြစ်ပေါ်စေကြောင်း၊


(ဆ)     ယခုအခါ အဆိုပါ ပြဿနာများသည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနှင့် အခြား နေရာများသို့ပါ ဆိုးကျိုးသက်ရောက်လျက်ရှိစေသည်ကို စိတ်မကောင်းစွာပင် တွေ့ရှိရ ကြောင်း၊


(ဇ)       ထို့ကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် UNODC တို့၏ အစီရင်ခံစာများတွင် မြန်မာ အရေးနှင့်ပတ်သက်၍ ထင်ဟပ်စွာ ဖော်ပြထားသည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းအစီရင် ခံစာများနှင့် အခြားသော ကမ္ဘာလုံးဆိုင်ရာညွှန်းကိန်းများသည် ခိုင်မာသည့် သက်သေများ အဖြစ် ဖြစ်တည်လျက်ရှိမည်ဟု ယုံကြည်ပါကြောင်း၊


(ဈ)      တစ်ဖက်တွင်လည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) အနေဖြင့် မိမိတို့၏ ပြည်သူများအတွက် မဟာဗျူဟာမြောက်သော အရေးယူဆောင်ရွက်မှုများနှင့် မမှိတ်မသုတ် ပံ့ပိုးပေးလျက်ရှိသည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဘက်ကလည်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များ နှင့် မြေပြင်တွင် ပါဝင်လှုပ်ရှားနေကြသည့် ဒေသခံများအနေဖြင့် စနစ်တကျ ဖွဲ့စည်း တည်ဆောက်ထားသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုခင်းများ ပပျောက်စေရေးနှင့် ရာဇဝတ်မှု ကျူးလွန်သူများအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မိတ်ဖက်ကောင်းအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့် ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်း များ နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊


(ည)     တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၌ ပြည်တွင်းတရားဥပဒေစိုးမိုးမှု ပြန်လည်အသက်သွင်း ရေးက ယခုကဲ့သို့ အကျင့်ပျက် ခြစားနေသော ပတ်ဝန်းကျင်ကို တည့်မတ်ရေးအတွက် အဓိက ကျသော သော့ချက်ဖြစ်ကြောင်း၊ ထို့အတူ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ မတရား စစ်ဏာသိမ်းမှု ကြိုးပမ်းမှုအား အပြီးတိုင်ချုပ်ငြိမ်းရေးကို အလေးအနက်ထား ဦးစားပေး ဆောင်ရွက်မှသာလျှင် မိမိတို့၏ မျှော်မှန်းချက်များ ပြည့်ဝနိုင်မည်ဖြစ်ကြောင်း၊


(ဋ)       အကြမ်းဖက်စစ်တပ်မှ ကြိုးပမ်းသည့် မတရား စစ်အာဏာသိမ်းမှုသည် (၄) နှစ်ထဲသို့ ဝင်ရောက်လုပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပ​ရန် သင့်လျော်သည့် အခြေအနေတစ်ခုနှင့်ပြည်သူ့ထောက်ခံမှုမရှိသည့်တိုင် ရာဇဝတ်စစ်တပ်က အတုအယောင် ရွေးကောက်ပွဲအား ကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ဘယ်သောအခါမျှ လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်မှု ရှိမည်မဟုတ်ကြောင်း၊


(ဌ)       ယခုအချိန်သည် နိုင်ငံတကာအသိုက်အဝန်းမှ အရှိန်အဟုန် မြှင့်တင်ကာ အကြမ်းဖက် စစ်တပ်နှင့် စစ်အာဏာရှင်စနစ်အား မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာများ၏ ဇစ်မြစ်အဖြစ် တစ်သံတည်း သတ်မှတ်ကြရမည့် အချိန်ပင်ဖြစ်ကြောင်း၊ သို့မှသာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေ သည့် အကြမ်းဖက်မှု စက်ဝိုင်းနှင့် ရာဇဝတ်မှုများကို ရပ်တန့် ချုပ်ငြိမ်းနိုင်မည်ဖြစ်ကြောင်း၊


(ဍ)       မိမိတို့၏ ပြည်သူများ၊ အထူးအားဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် စစ်တပ်မှ လူမဆန်စွာ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများ၏ ဒုက္ခဒဏ်ကို ခါးစည်းခံရနေကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် တရားမျှတမှု ပြန်လည်ရရှိမည်ဟု အခိုင်အမာ ယုံကြည်ကြောင်း၊ မိမိတို့၏ ကြံ့ကြံ့ခံနိုင်မှုအတွက် အဆုံးတွင် ရလဒ်ကောင်းများ ခံစားရမည်ဟုလည်း တစ်စည်းတစ်လုံးတည်းနှင့် မြင့်မြင့်မားမား မျှော်မှန်းထားကြောင်း၊


(ဎ)       မိမိတို့၏ မျှော်မှန်းချက်များ ပြည့်ဝစေရန် နိုင်ငံတကာအသိုက်အဝန်းထံမှ ခိုင်မာ အားကောင်း သော အထောက်အပံ့များနှင့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့

 

 

 Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at General Discussion on Crime Prevention and Criminal Justice, Countering the Use of Information and Communications Technology for Criminal Purposes, and International Drug Control, at the Third Committee of the 79th session of the UN General Assembly


(New York, 7 October 2024)


Mr. Chair,


I thank the UNODC for its presentation this morning. It underlined the fundamental challenges many affected countries have been facing and finding solutions at the national, regional and international levels.


Myanmar aligns itself with the ASEAN statement. I wish to make the following remarks in my national capacity.


Mr. Chair,


Myanmar has constantly place high attention on the drugs issue and transnational organized crimes.


Human trafficking, illicit trade, large-scale productions of opium, drug trafficking, cyber-crimes and online scams have been our prominent domestic concerns. Nowadays, digital technology has been exploited by the criminal groups to enable to operationalize their activities through expanded scopes and tactics.


Moreover, the illegal military coup attempt in February 2021 has heavily destructed the elected civilian government’s commitments to take necessary measures both in eradicating efforts and combating transnational organized crimes. The military junta has completely destroyed the rule of law and created a safe haven for international criminal syndicates.


In terms of opium poppy cultivation, the country was able to shift towards a downward trend since 2014. But following the unlawful coup, opium production has doubled in Shan State. Such an expansion is feeding a growing illicit economy in the Mekong region and paving way for money laundering and online criminal activities including casinos and scam operations.


Furthermore, the collapse of Rule of Law under the military junta rampant instability in Myanmar through corruption, unemployment, forced labour and trafficking human organs. The country has even become a major host of scam compounds with the military junta-controlled Border Guard Forces. Recent Laukkai and Shwe Kokko incidents were predominant examples of their criminalities.


Apparently, these issues and its consequences have triggered enormous sufferings on our people’s lives and well-being in addition to the military junta’s everyday atrocities and crimes such as arbitrary arrest, unlawful execution, forced conscription, aerial bombings, torching of villages and homes, and other forms of human rights violations. We also note with concern over its impacts on our neighbouring countries, the region and beyond.


In this regard, Mr. Chair, we thank the UNSG and UNODC for their reports which reflect on Myanmar as well. Myanmar believes that these reports and all other credible global indexes will serve as strong evidence.


We also appreciate the partnership of the UNODC for its strategic actions and unwavering support towards our people under different initiatives. As for our part, the National Unity Government, the EROs, the CSOs and local people on the ground remain ready as willing partners to eliminate the transnational organized crime syndicates and hold criminals accountable. We are committed to cooperate with the regional and international organizations.


At the same time, I wish to stress that restoration of rule of law in Myanmar is key to resolving the corrupted environment. Ending the military dictatorship and the unlawful military coup attempt must be highly prioritized to fulfill our ambitions.


Mr. Chair,


The illegal military coup is reaching its fourth year, and the perpetrating military junta is planning to organize sham elections in the absence of a conducive environment and support from the population. The junta’s sham elections will never be free, fair and inclusive.


It is high time for the international community to step up and collectively categorize the military junta and the military dictatorship in Myanmar as the root-cause of the crisis in order to end the cycle of violence and crimes in Myanmar.


Our people especially women and girls are bearing the brunt of these heinous atrocities. Nevertheless we remain resolute that justice will prevail. We stand united holding onto our high hope that our resilience will eventually yield results and we count on the strong support and effective actions from the international community.


Thank you.


*****








 

コメント


bottom of page