top of page
Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at General Debate on Agenda Item: 86 “Protection of Persons in the Event of Disasters” of the Sixth Committee of the 79th session of the UN General Assembly


Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at General Debate on Agenda Item: 86 “Protection of Persons in the Event of Disasters” of the Sixth Committee of the 79th session of the UN General Assembly, held on 7 October 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ အထွေထွေညီလာခံ ဆဋ္ဌမကော်မတီ၏ အာဂျင်ဒါအမှတ် ၈၆ - "သဘာဝဘေးအန္တရာယ်များ၌ လူပုဂ္ဂိုလ် များ အားကာကွယ်စောင့်ရှောက်ခြင်း" ခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် လိုအပ်နေသူများ၊ အထူးသဖြင့် ပဋိပက္ခ ဒဏ်သင့်နေရာများထံသို့ ထိရောက်သော အသက်ကယ် အထောက်အကူများ ရောက်ရှိရေးက အလွန် အရေးကြီး ကြောင်း၊ စစ်တပ်၏ မတရားသော လုပ်ဆောင်မှုများနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ များအား လက်နက် သဖွယ် အသုံးပြုခြင်းတို့ကြောင့် လူသားချင်းစာနာ ထောက်ထားမှု ကြိုးပမ်း အားထုတ်မှု များကို ပေးအပ်နိုင်ရေးနှင့် လက်ခံရရှိနိုင်ရေး နှစ်မျိုးစလုံးတွင် အမြဲတစေ အဟန့်အတား ဖြစ်စေခဲ့၊ လူသန်းပေါင်းများစွာ အား အရေးပေါ် အသက်ကယ်ဆယ်ရေး အကူအညီများ လိုအပ်စေသည့် အခြေအနေမျိုးသို့ ကျရောက်စေခဲ့၊

အမျိုးသား ညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ နှင့် မြေပြင်တွင် လုပ်ငန်း ဆောင်ရွက် နေသော သက်ဆိုင်သူ အားလုံးနှင့် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း အား တိုက်တွန်း၊ သို့မှသာ ထိခိုက်မှုအများဆုံးနှင့် အကူအညီ အထူး လိုနေသူများ ထံ ကိုက်ညီမှုရှိသော လူသားချင်း စာနာ ထောက်ထားမှု တုံ့ပြန်ဆောင်ရွက်ချက်များ ရောက်ရှိနိုင်မည်ဖြစ်၊

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအား မြန်မာပြည်သူ များ ကို အကြမ်းဖက် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု အန္တရာယ်မှ ကာကွယ် ပေးရန် စဉ်ဆက်မပြတ်တောင်းဆိုခဲ့၊

နိုင်ငံတစ်နိုင်ငံအနေဖြင့် ၎င်း၏ ပြည်သူများကို ကာကွယ်ရန်နှင့် ၎င်းတို့၏ ကောင်းကျိုးချမ်းသာကို မြှင့်တင်ရန် အဓိကတာဝန်ရှိသည် ဟူသောအချက်ကို အပြည့်အဝ သဘောတူပါကြောင်း၊ သို့ရာတွင် ပြည်သူများက ၎င်းတို့အား ကာကွယ်ပေးရန်နှင့် လိုအပ်နေသော ပြည်သူများထံ လိုအပ်သည့် အကူအညီများပေးအပ်ရန် အကူအညီ တောင်းခံသည့်အခါ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ချက်ချင်းနှင့် ထိရောက်စွာ ကူညီနိုင်မည်ဆိုပါက အသက်ပေါင်း များစွာကို ကယ်တင်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ အနာဂတ်ကို ကာကွယ်စောင့်ရှောက် နိုင်မည် ဖြစ် ကြောင်း ပြောကြားခဲ့


 (နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ရက်)


၁။        (၇၉) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီအစည်းအဝေးများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိပါသည်။ ၄-၁၀-၂၀၂၄ ရက်နေ့မှ ၇-၁၀-၂၀၂၄ ရက်နေ့အထိ ဆွေးနွေးမှု အစီအစဉ် အမှတ် - ၈၆ ဖြစ်သော "သဘာဝဘေးအန္တရာယ်များ၌ လူပုဂ္ဂိုလ်များအား ကာကွယ်စောင့်ရှောက်ခြင်း" ဆွေးနွေးမှုအား ပြုလုပ်ခဲ့ပါသည်။  အဆိုပါ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၆၀) ကျော်မှ ကိုယ်စားလှယ်များနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့၏ ကိုယ်စားလှယ် တို့က မိန့်ခွန်းများ ပါဝင်ပြောကြားခဲ့ကြပါသည်။


၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-


(က)     သဘာဝဘေးအန္တရာယ်များ ပိုမိုမကြာခဏဖြစ်ပွားလာခြင်းနှင့် အဆိုပါ သဘာဝ ဘေးအန္တရာယ် များ၏ ထိခိုက်မှုပြင်းထန်လာခြင်းတို့သည် မိမိတို့အတွက် အလွန်စိုးရိမ်ဖွယ်ရာ ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း၊


(ခ)       ထိခိုက်လွယ်သောပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ၎င်းတို့၏ သက်ရောက်မှု များကို အမြင့်မားဆုံးခံစားကြရကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် သဘာဝ ဘေးအန္တရာယ်များကို ထိရောက်စွာတုံ့ပြန်နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သော ခံနိုင်ရည်နှင့် အရင်းအမြစ်များ မကြာခဏ လိုအပ်လျက်ရှိကြောင်း၊ အဆိုပါနိုင်ငံများအနေဖြင့် အခြေခံ အဆောက်အအုံနှင့် စွမ်းဆောင်ရည်ကန့်သတ်ချက်များ ကြောင့် ကြီးမားသော ပျက်စီး ဆုံးရှုံးမှုများကို ခံစားရလေ့ရှိပါကြောင်း၊


(ဂ)       သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် လစ်ဟာနေသော ကွက်လပ်များကို ဖြေရှင်းနိုင် ရေးအတွက် ဘက်စုံလွှမ်းခြုံသော ဥပဒေဆိုင်ရာ မူဘောင်တစ်ခုကို ချမှတ်ရမည့် အချိန် တန်ပြီဖြစ်ကြောင်း၊ ယင်းကဲ့သို့သော ဥပဒေမူဘောင်ဖြင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်၍ ထိခိုက်လွယ်သောလူ့အဖွဲ့အစည်းများအတွက် အထူး လိုအပ်လျက်ရှိသော အကူအညီ ကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း၊


(ဃ)     မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဤနယ်ပယ်တွင် လစ်ဟာနေသာ ကွက်လပ်ကို ဖြေရှင်းရန် အပြည်ပြည်ဆိုင်ရာဥပဒေကော်မရှင် (International Law Commission – ILC) မှ ပြင်ဆင်ထားသည့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားချိန်တွင် လူပုဂ္ဂိုလ်များ အား ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မမူကြမ်းများသည် ကောင်းစွာ အထောက် အကူပြုသည်ဟု ရှုမြင်ကြောင်း၊ ထို့အတွက် ILC အား ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိ ဥပဒေ(မူကြမ်း)အနေဖြင့်ဆွေးနွေးမှုများအစပျိုးရန်သင့်လျော်ကောင်းမွန်သော်လည်း (မူကြမ်း) ၏ ဆက်စပ်နယ်ပယ်နှင့် ရှင်းလင်းတိကျမှု အပိုင်းများတွင် ပိုမိုတိုးတက်မှု ရှိအောင်ပြုလုပ် နိုင် သေးသည်ဟု ယုံကြည်ပါကြောင်း၊


(င)       (မူကြမ်း) ၏ ပုဒ်မ (၁၀) နှင့်စပ်လျဉ်း၍ အဆိုပါပုဒ်မအနေဖြင့် သဘာဝဘေးဒဏ်သင့် ခံရသည့် နိုင်ငံ၏ အဓိကအခန်းကဏ္ဍကို အလေးထားဖော်ပြထားသော်လည်း၊ နိုင်ငံတစ်နိုင်ငံက အထူးသဖြင့် ပဋိပက္ခပြဿနာများ ဖြစ်ပွားနေသည့်ဖြစ်စဉ်တွင် ၎င်း၏တာဝန်အား ပြည့်ဝစွာ ထမ်းဆောင်နိုင်သည့် စွမ်းရည်မရှိခြင်း သို့မဟုတ် ဆန္ဒမရှိခြင်း အခြေအနေများကို လုံလောက်စွာ ဖော်ပြနိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဘေးဒဏ်သင့် ကာယကံရှင်နိုင်ငံက ဆောင်ရွက်နိုင်ခြင်း မရှိသည့် အခြေအနေမျိုး၌ နိုင်ငံတကာ အထောက်အပံ့များ ပေးအပ် နိုင်ရေးနှင့် စပ်လျဉ်းသည့်ယန္တရားဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထည့်သွင်းခြင်းဖြင့် ဤပုဒ်မကို ပိုမိုခိုင်မာ အားကောင်းစေနိုင်ပါကြောင်း၊ သို့မှသာ အကူအညီလိုအပ်နေသူများထံသို့ အထောက် အပံ့များ အမှန်တကယ်ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း၊


(စ)       မူကြမ်းပုဒ်မ (၁၅) နှင့် စပ်လျဉ်း၍ လွတ်လပ်စွာသွားလာနိုင်မှုသည် သဘာဝဘေးအန္တရာယ် ကြုံတွေရသည့် အခြေအနေ၌ ကယ်ဆယ်ရေးလုပ်ငန်းများ၏ အခြေခံ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး လွတ်လပ်စွာသွားလာနိုင်မှုအား လုပ်ဆောင်နိုင်မည့် နည်းလမ်းအမျိုးမျိုးကို အထောက်အပံ့ပေးရန် ရည်ရွယ်ကြောင်း၊ သို့ရာတွင် ဗျူရိုကရေစီလုပ်ငန်းစဉ်များ၊ လုံခြုံရေး၊ ညှိနှိုင်းဆောင်ရွက်မှုများနှင့် ရှုပ်ထွေးသောအရေးပေါ်အခြေအနေများဤ အသုံးပြုရမည့် စီမံဆောင်ရွက်ချက်များ အတွက် သီးခြားချမှတ်ထားသော ညွှန်ကြားချက်များက ထိရောက်သော လွတ်လပ်စွာလှုပ်ရှား သွားလာ မှုကို အဟန့်အတားဖြစ်စေနိုင်ပါကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် ကယ်ဆယ်ရေး လုပ်ငန်းများကို လျင်မြန်ထိရောက်စွာ ဖြန့်ကျက်ဆောင်ရွက်နိုင်ရေးက အလွန် အရေးပါကြောင်း၊ သို့မှသာ ဘေးအန္တရာယ်ဒဏ်သင့်သူများအတွက် ကောင်းမွန်သော ရလဒ်ကို တိုးတက်မှု ရှိစေ နိုင်မည်ဖြစ်ကြောင်း၊


(ဆ)     ထို့ပြင် ယခုဥပဒေ (မူကြမ်း) အား သုံးသပ်ရာတွင် လူကြောင့်ဖြစ်ပေါ်သော ဘေးအန္တရာယ်များ၏ ကြီးမားသော သက်ရောက်မှု၊ အထူးသဖြင့် စနစ်တကျနှင့် ကျယ်ပြန့်သော သဘောသဘာဝဖြင့် ပေါ်ပေါက်နေသည့် လူကြောင့်ဖြစ်ပေါ်နေသော ဘေးအန္တရာယ်များကိုလည်း မျက်ကွယ်ပြု၍ မရနိုင်ကြောင်း၊


(ဇ)       လက်ရှိဥပဒေ (မူကြမ်း) များသည် သဘာဝဘေးအန္တရာယ်များကိုသာ အဓိက ဦးတည်ထားသဖြင့် လက်နက်ကိုင်ပဋိပက္ခများ၊ စက်မှုလုပ်ငန်းများကြောင့် ပေါ်ပေါက်လာသည့် ဘေးအန္တရာယ်များ သို့မဟုတ် အကြမ်းဖက်မှုကဲ့သို့သော လူကြောင့်ဖြစ်ပေါ်သည့် ဘေးအန္တရာယ်များအပေါ် တုံ့ပြန် ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတိကျစွာဖော်ပြမှုကို အားနည်းစေနိုင်ပါကြောင်း၊ သို့ဖြစ်ရာ ဤဥပဒေမူဘောင်ကို ပိုမိုကောင်းမွန်အားကောင်းစေရန် လူကြောင့်ဖြစ်ပေါ်သည့် ဘေးအန္တရာယ် ဟူ၍ သတ်မှတ်နိုင်သောအခြေအနေများကို လုံလောက်စွာ ခြုံငုံမိစေရန် ရှင်းလင်းသော အဓိပ္ပါယ် ဖွင့်ဆိုချက်တစ်ခုကို ထည့်သွင်းသင့်ပါကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်မှသာ သဘာဝနှင့် လူကြောင့် ဖြစ်ပေါ်သော ဘေးအန္တရာယ်ဖြစ်ရပ် နှစ်မျိုးစလုံးမှ ပေါ်ပေါက်လာသည့် မတူကွဲပြားသော စိန်ခေါ်မှုများကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် ခိုင်မာသောဥပဒေ မူဘောင် တစ်ခု ဖြစ်လာ နိုင်ပါကြောင်း၊


(ဈ)      မိမိတို့ မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် ကိစ္စသည် လူကြောင့်ဖြစ်ပေါ်သည့် ဘေးအန္တရာယ်များကို လျစ်လျူ မရှုသင့်ကြောင်း ဖော်ပြနေသည့် ထင်ရှားသော သာဓကတစ်ခု ဖြစ်ပါကြောင်း၊


(ည)     ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ကျူးလွန်ခဲ့သည့် တရားမဝင် အာဏာသိမ်းရန် အားထုတ်မှု မှစ၍ မိမိတို့ နိုင်ငံသည် သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်ပေါ်သည့် ဘေးအန္တရာယ် နှစ်မျိုးစလုံး၏ ဆိုးရွားသော အကျိုးဆက်များကို မျက်မြင်တွေ့ကြုံခဲ့ရပါကြောင်း၊ စစ်အုပ်စု အနေဖြင့် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို သာမက နိုင်ငံတစ်ဝှမ်း ကျယ်ပြန့် သော ပျက်စီးဆုံးရှုံးမှုများကိုပါ ဖြစ်ပေါ်စေခဲ့ပြီး၊ လူသန်းပေါင်းများစွာအတွက် ကြီးစွာသော ဒုက္ခ ဆင်းရဲများကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ယခုအခြေအနေသည် လူသားတို့၏ ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်သည့် ဘေးအန္တရာယ်များ အပါအဝင် ဘေးအန္တရာယ်ပုံစံအားလုံးကို ပြည့်စုံစွာ လွှမ်းခြုံနိုင်စေရန် ဥပဒေ (မူကြမ်း) တွင် သေချာစွာထည့်သွင်းခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြလျက်ရှိပါကြောင်း၊


(ဋ)       တရားမဝင် အာဏာသိမ်းရန် အားထုတ်မှုဖြစ်ပွားခဲ့သည့် နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု များ၊ ကျေးရွာများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ အပါအဝင် အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွင်း ပြည်သူပေါင်း ၅,၇၀၀ ကျော် စစ်တပ်၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရပါကြောင်း၊ လူပေါင်း ၃.၄ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး နေရလျက် ရှိကြောင်း၊ ပြည်သူ ၁၈.၆ သန်း ကျော်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးတကြီး လိုအပ်နေပြီး ယင်းပမာဏ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖြစ်ကြကြောင်း၊ လူပေါင်း ၁၅ သန်းကျော်မှာ စားနပ်ရိက္ခာမလုံလောက်မှုကို ကြုံတွေ့ နေရသကဲ့သို့ နိုင်ငံ့ လူဦးရေ၏ ထက်ဝက်ခန့်မှာ ဆင်းရဲမွဲတေမှုမျဉ်းအောက်သို့ ရောက်ရှိ သွားပြီဖြစ်ပါကြောင်း၊ ကလေးငယ် ၆ သန်းကျော်မှာ နေရပ်စွန့်ခွာမှု၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ပုံမှန်ပညာရေး ပြတ်တောက်မှုများအောက်တွင် ရုန်းကန်နေရကြောင်း၊ ထို့အတူ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကာကွယ်ဆေးများ ပုံမှန် မရရှိကြသဖြင့် အာဟာရ ပြတ်လတ်မှု တို့ကိုလည်း ရင်ဆိုင်နေရကြောင်း၊


(ဌ)       တိုင်ဖွန်းယာဂီဖြစ်ပွားချိန်၌ ရေကြီးရေလျှံဖြစ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှု၏ နောက်ဆက်တွဲများကြောင့် လူ ၁ သန်းကျော်ခန့်မှာ အလွန်အမင်း ထိခိုက်ခဲ့ကြောင်း၊ ပြည်သူ ၃၆၀ ဦးမှာ ရေနစ်မြှုပ်ခဲ့ပြီး ရေကြီးရေလျှံမှုက အသိုက်အဝန်းများ၊ စိုက်ခင်းများနှင့် မွေးမြူရေး လုပ်ငန်းများ ကို ဖျက်ဆီးခဲ့ကြောင်း၊ ယင်းကြောင့် လူမှုဘဝဆုံးရှုံးမှု ကြီးမားခဲ့ကြောင်း၊ အခြေခံ အဆောက်အဦ များမှာလည်း ကြီးကြီးမားမား ပျက်စီးခဲ့ရကြောင်း၊


(ဍ)       စင်စစ်အားဖြင့် မြန်မာနိုင်ငံသည် တိုင်ဖွန်းယာဂီ၏ ဗဟိုချက်မတွင် တည်ရှိခြင်းမရှိ ခဲ့သော်လည်း ဒေသ အတွင်းရှိ အခြားသော မုန်တိုင်းဒဏ်ခံရသည့် နိုင်ငံများထက် အချိုးအစား မမျှတစွာ ပိုမို ဆိုးရွားသော ထိခိုက်မှုကိုခံစားခဲ့ရပါကြောင်း၊ ထိုကဲ့သို့ တွေ့ဆုံခံစားခဲ့ရခြင်းမှာ အဓိကအားဖြင့် အကြမ်းဖက် စစ်တပ်၏ လိုအပ်သော ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်မှု မပြု လုပ်ခဲ့ ခြင်းနှင့် ထိုသို့ပြုလုပ်နိုင်သည့် လိုအပ်သော စွမ်းဆောင်ရည်မရှိခြင်းတို့ကြောင့် ဖြစ်ပါ ကြောင်း၊


(ဎ)       မြန်မာနိုင်ငံတွင် လိုအပ်နေသူများ၊ အထူးသဖြင့် ပဋိပက္ခဒဏ်သင့်နေရာများထံသို့ ထိရောက်သော အသက်ကယ် အထောက်အကူများ ရောက်ရှိရေးက အလွန် အရေးကြီးကြောင်း၊ စစ်တပ်၏ မတရားသော လုပ်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အား လက်နက် သဖွယ် အသုံးပြုခြင်းတို့ကြောင့် လူသားချင်းစာနာ ထောက်ထားမှု ကြိုးပမ်း အားထုတ် မှု များကို ပေးအပ်နိုင်ရေးနှင့် လက်ခံရရှိနိုင်ရေး နှစ်မျိုးစလုံးတွင် အမြဲတစေ အဟန့်အတား ဖြစ်စေခဲ့ပြီး၊ လူသန်းပေါင်းများစွာအား အရေးပေါ် အသက်ကယ်ဆယ်ရေး အကူအညီများ လိုအပ်စေသည့် အခြေအနေမျိုးသို့ ကျရောက်စေပါကြောင်း၊


(ဏ)     ထို့ကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် မြေပြင်တွင် လုပ်ငန်းဆောင်ရွက်နေသော သက်ဆိုင်သူ အားလုံးနှင့် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း တို့အား တိုက်တွန်းပါကြောင်း၊ သို့မှသာ ထိခိုက်မှုအများဆုံးနှင့် အကူအညီ အထူး လိုနေသူများထံ ကိုက်ညီမှုရှိသော လူသားချင်း စာနာ ထောက်ထားမှု တုံ့ပြန်ဆောင်ရွက်ချက်များ ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊


(တ)     မိမိတို့အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအား မြန်မာပြည်သူများကို အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု အန္တရာယ်မှ ကာကွယ် ပေးရန် စဉ်ဆက်မပြတ်တောင်းဆိုခဲ့ပါကြောင်း၊


(ထ)     နိုင်ငံတစ်နိုင်ငံအနေဖြင့် ၎င်း၏ ပြည်သူများကို ကာကွယ်ရန်နှင့် ၎င်းတို့၏ ကောင်းကျိုးချမ်းသာကို မြှင့်တင်ရန် အဓိကတာဝန်ရှိသည် ဟူသောအချက်ကို အပြည့်အဝ သဘောတူပါကြောင်း၊ သို့ရာတွင် ပြည်သူများက ၎င်းတို့အား ကာကွယ်ပေးရန်နှင့် လိုအပ်နေသော ပြည်သူများထံ လိုအပ်သည့် အကူအညီများပေးအပ်ရန် အကူအညီ တောင်းခံသည့်အခါ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ချက်ချင်းနှင့် ထိရောက်စွာ ကူညီနိုင်မည်ဆိုပါက အသက်ပေါင်း များစွာကို ကယ်တင်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ အနာဂတ်ကို ကာကွယ်စောင့်ရှောက် နိုင်မည် ဖြစ်ပါကြောင်း၊


(ဒ)       နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ထိုသို့ ဆောင်ရွက်နိုင်ရန် အလို့ငှာ သဘာဝ ဘေးအန္တရာယ် နှင့် လူကြောင့်ဖြစ်ပေါ်သော ဘေးအန္တရာယ်များ၏ သက်ရောက်မှုများကို လွှမ်းခြုံနိုင်မည့် နိုင်ငံတကာဥပဒေဆိုင်ရာ မူဘောင်တစ်ခုရှိရန်လိုအပ်လျက်ရှိပါကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against the delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at General Debate on Agenda Item: 86 “Protection of Persons in the Event of Disasters” of the Sixth Committee of the 79th session of the UN General Assembly


(New York, 7 October 2024)


Madam Chair,


At the outset, I wish to congratulate you and the Bureau for your elections and assure you of our delegation’s full support and cooperation in your work.


The growing frequency and intensity of natural disasters is a matter of grave concern for us. The vulnerable populations always bear the greatest burden of such disasters and their impacts. Developing countries, in particular, often lack the resilience and resources necessary to effectively respond to and recover from these disasters. Their limited infrastructure and capacity leave them disproportionately exposed to the devastating impacts.


In this light, it is high time for the international community to establish a comprehensive legal framework to address the gaps in disaster preparedness, response, and recovery. Such a framework would enhance global cooperation and provide much-needed support to vulnerable communities.


Madam Chair,


Myanmar is of the view that the draft articles on the protection of persons in the event of disasters, developed by the International Law Commission, represent a valuable contribution to the development of international law and address a significant gap in this area. We thank the International Law Commission for its contribution. While the current draft articles serve as a good starting point for discussion, we believe they still need improvement in both scope and clarity. Allow me to highlight some as follows:


  • Regarding Draft Article (10), while it emphasizes the primary role of the affected State, it may not adequately address situations where the State is unable or unwilling to fulfill this role, particularly in cases of conflict issues. Therefore, this article could be strengthened by including provisions for international support mechanisms when the affected State is incapacitated, ensuring that aid can still reach those in need.

  • In Draft Article (15), mobility is a fundamental component of disaster response, and Article (15) aims to facilitate it through various measures. However, challenges related to bureaucratic processes, security, coordination and specific guidelines for facilitating access in complex emergenciescan impede effective mobility. Thus, addressing these challenges is essential to ensure that relief efforts can be deployed swiftly and efficiently, ultimately improving outcomes for those affected by disasters.

  • Furthermore, considering the draft articles before us, the profound impact of human-made disasters, particularly those that are systematic and pervasive in nature, must not be overlooked. The current draft articles primarily focus on natural disasters, which may lead to a lack of clarity regarding the response to human-made disasters, such as armed conflicts, industrial accidents, or terrorism. To enhance the framework, a clear definition of what constitutes a human-made disaster should be included to ensure comprehensive coverage. By expanding the scope of the draft articles to adequately cover human-made disasters, the framework can become more robust and effective in addressing the diverse challenges posed by both natural and human-made events.


Madam Chair,


My country, Myanmar, serves as a clear example of why human-made disasters should not be overlooked.


Since the illegal coup attempt in February 2021, we have witnessed the severe consequences of both natural and human-made disasters. The military junta has not only committed egregious human rights violations but has also caused widespread devastation, leading to untold suffering for millions of people. This situation underscores the importance of ensuring that the draft articles provide comprehensive coverage for all forms of disasters, including those caused by human actions.


Since the illegal coup attempt, due to the military junta’s atrocities including aerial attacks, burning and destroying of villages and homes, over 5,700 people were brutally killed by the military junta. Over 3.4 million people are being displaced. More than 18.6 million people are in urgent need of humanitarian aids, and over half of them are women and girls. Over 15 million are suffering from food insecurity, and half of the population has fallen below the national poverty line. Over 6 million children have been part of the displacement and living under interrupted healthcare and formal education. They are facing food insecurity and malnutrition due to lack of immunization and vaccination.


During the recent Typhoon Yagi, an estimated one million people were severely affected by flooding caused by its remnants and heavy rain. Tragically, more than 360 individuals have reportedly drowned. The floods have devastated communities, submerging thousands of acres of crops, farmland, and livestock, leading to substantial losses in livelihoods. Besides infrastructures were heavily damaged and disrupted.


In fact, Myanmar was not at the epicentre of Typhoon Yagi. However, the country suffered disproportionately more than other affected countries in the region. This is largely due to the military junta’s failure to take necessary preventive measures and its incompetency.


Madam Chair,


Ensuring effective delivery of lifesaving assistance to those in need in Myanmar especially in conflict affected areas is essential. The military's ill-actions and weaponization of humanitarian assistances have always hindered humanitarian efforts both access and delivery, leaving millions in dire need of emergency life-saving aids.


We therefore call on the international community, including the UN cooperate effectively with the National Unity Government (NUG) and Ethnic Resistance Organizations (EROs), and all relevant stakeholders working on the ground to facilitate the reach of coordinated and coherent humanitarian responses to those most affected and in need.


In conclusion, Madam Chair, we have persistently appealed to the international community including the UN Security Council to help protect the people of Myanmar from the military junta’s atrocities. We fully agree that a state has a primary responsibility to protect its people and promote their well-being.


However, when the people cry out for help to protect them and provide necessary assistance to the people in need, if the international community can help them immediately and effectively, it would save so many lives and safeguard their future.


To enable the international community to do so, there must be an international legal framework which can cover impacts of natural and human-made disasters.


I thank you.

 

*****









 

bottom of page