Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at General Debate on Agenda Item 85: “The scope and application of the principle of universal jurisdiction” of the Sixth Committee of the 79th session of the UN General Assembly, held on 16 October 2024
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီ အစည်းအဝေး၌ ကျင်းပလုပ်သည့် အစီအစဉ်အမှတ် ၈၅ - " ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူ၏ နယ်ပယ်နှင့် အသုံးချမှု " ခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း က စစ်ကောင်စီ က ခန့်အပ်ထားသည့် ပြည်ထောင်စုရှေ့နေချုပ် ဆိုသည့်သူ အပါအဝင် အကြမ်းဖက်စစ်တပ်၏ တရားစီရင်ရေးနှင့် ဥပဒေ ကဏ္ဍကို ဉီးဆောင်နေသူများ ဆိုသည့်သူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုများတွင် ပါဝင် ပတ်သက်နေကြ၊ ၎င်းတို့သည် စစ်အုပ်စုမှ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နိုင်စေရန် ဥပဒေများ ပြင်ဆင်ရေးဆွဲ ပေးခဲ့၊ ၎င်းတို့သည် ထိုသို့ပြင်ဆင်ထားသော ဥပဒေများဖြင့် အရပ်သားပြည်သူများအပေါ် လက်နက် သဖွယ် အသုံးပြုခဲ့၊
လက်ရှိဖြစ်ပေါ်နေသော အခြေအနေများက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းဥပဒေ စနစ်ဖြင့် ရာဇဝတ်မှု ကျူးလွန် သူ များအား ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရန်နှင့် တာဝန် ယူမှု၊ တာဝန်ခံမှုဖြင့် ပြစ်ဒဏ်ကျခံ စေရန် လုံးဝ စွမ်းဆောင်နိုင်ခြင်း မရှိသည်ကို ထင်ရှားစွာ ပြသနေ၊
(၁) အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် လွှဲအပ်တင်သွင်းရန်၊
(၂) အကြမ်းဖက်စစ်ကောင်စီအပေါ် ကမ္ဘာလုံးဆိုင်ရာအဆင့် လက်နက်တင်ပို့ ရောင်း ချမှုနှင့် တိုက်လေယာဉ်ဆီ ထောက်ပံ့မှုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်၊
(၃) အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များ၏ ရာဇဝတ်မှုများကို တရားစွဲဆိုရန်အတွက် ဆောင်ရွက်နိုင်သော သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်တွင်းဥပဒေမူဘောင်များ အတွင်း ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်ကို ကျင့်သုံးကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန်
ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုက် အဝန်း အား တောင်းဆိုပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်)
၁။ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီ အစည်းအဝေး၌ ကျင်းပလုပ်သည့် အစီအစဉ်အမှတ် (၈၅) ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူ၏ နယ်ပယ်နှင့် အသုံးချမှု " (The scope and application of the principle of universal jurisdiction)" ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှုကို ၁၅-၁၀-၂၀၂၄ ရက်နှင့် ၁၆-၁၀-၂၀၂၄ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၅၀) ကျော်မှ ကိုယ်စားလှယ်များနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့၏ ကိုယ်စားလှယ်တို့က မိန့်ခွန်းများ ပါဝင်ပြောကြားခဲ့ ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၁၆-၁၀-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)၊ မွန်းလွဲပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါ သည်-
(က) ဤကော်မတီတွင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရား၏ နယ်ပယ်နှင့် အသုံးချမှု နှင့်စပ်လျဉ်း၍ တူညီသော၊ ကွဲပြားသော အမြင်နှစ်မျိုးစလုံးကို စုစည်းနိုင်သည့် ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်ပေးလျက်ရှိသည့်အတွက် အသိအမှတ်ပြု ချီးကျူးလိုပါကြောင်းနှင့် ဆွေးနွေးမှုများမှ ရရှိလာသည့် တိုးတက်မှုများကို အားတက်ဖွယ်ရာအဖြစ် ရှုမြင်ပါကြောင်း၊
(ခ) လက်တွေ့တွင် မြေပြင်၌ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်စပ်လျဉ်း၍ ကြီးလေးသော ရာဇဝတ်မှု များအပေါ် စုံစမ်းစစ်ဆေးမှုများနှင့် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုများ ပြုလုပ်ရန် ဤကမ္ဘာလုံး ဆိုင်ရာ တရားစီရင်ပိုင်ခွင့် သဘောတရားကို အသုံးပြုသည့် အမျိုးသားအဆင့် တရားစီရင်ရေး စနစ်များ တိုးပွားလာလျက်ရှိကြောင်း၊ ယင်းသို့သော ခေတ်ရေစီးကြောင်းမှာ နိုင်ငံများက ကြီးလေးသော ရာဇဝတ်မှုများအတွက် ယုံကြည်စိတ်ချရသော တရားစွဲဆိုမှုများ ပြုလုပ်ရန်နှင့် ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရန် ဆန္ဒမရှိခြင်း သို့တည်းမဟုတ် မစွမ်းဆောင်နိုင်ခြင်း၊ ပြည်တွင်းတရားဥပဒေစိုးမိုးမှု ပျက်စီးသွားခြင်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကဲ့သို့သော ကြားဝင်ဆောင်ရွက်ရန် လုပ်ပိုင်ခွင့်အာဏာရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများက ကျယ်ပြန့်စွာ ပေါ်ပေါက်နေသည့် ပြစ်ဒဏ်ကင်းလွတ်နေမှုကို ဖြေရှင်းမပေးနိုင်သည့်အခါတွင် အထူး အရေးပါ လာကြောင်း၊ မြန်မာနိုင်ငံဖြစ်စဉ်က ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အား အသုံးချရန် လိုအပ်သည့် အချက်ကို ကောင်းစွာသရုပ်ဖော်ကြောင်း၊
(ဂ) အကြမ်းဖက်စစ်တပ်မှ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု (၄) နှစ်တာကာလထဲသို့ ဝင်ရောက်လာချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်ထောက်ပြနေသည့် ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများကို ယုံကြည်စိတ်ချစွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နိုင်သည့် အခြေအနေများ လုံးဝမရှိတော့ပါကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို စနစ်တကျ ဖျက်ဆီးခဲ့ပြီး၊ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှု များကို အရှိန်မြှင့်တင် ဆောင်ရွက်နေပါကြောင်း၊ တစ်ချိန်တည်းမှာပင် ဥပဒေဆိုင်ရာ မူဘောင်များ ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခဲ့ခြင်းကြောင့် နိုင်ငံအတွင်း လွတ်လပ်၍ တရားမျှတစွာ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပါကြောင်း၊
(ဃ) လတ်တလော လေ့လာတွေ့ရှိရသော အချက်အလက်များသည် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ထားသော ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တရားစီရင်ရေးဆိုင်ရာ ကဏ္ဍတွင် အလွဲသုံးစားပြုမှုများ၏ စိုးရိမ်ဖွယ်ရာ အတိုင်းအတာကို မီးမောင်းထိုးပြနေပါကြောင်း၊
(င) နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ အကြမ်းဖက် စစ်ကောင်စီသည် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၁၆၄) ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး၊ ၎င်းတို့အနက်မှ (၄၂) ဦးကို မျက်ကွယ်တွင် ချမှတ်ခဲ့ကြောင်း၊ ကျန်ရှိသော (၁၀၉) ဦးသည် ထိန်းသိမ်းခံထားရဆဲဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လူပုဂ္ဂိုလ် (၄) ဦးကိုလည်း တရားမဝင် သတ်ဖြတ်ခဲ့ပါကြောင်း၊
(စ) အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားသည့် တရားရုံးများသည် နစ်နာသူများ၏ တရားဥပဒေ ဆိုင်ရာ ရပိုင်ခွင့်၊ အခွင့်အရေးများကို အမြဲလိုလို ချိုးဖောက်ပျက်ကွက်နေပြီး ပွင့်လင်းမြင်သာမှု နှင့် မျှတသောစီရင်မှုများ မရှိဘဲ လည်ပတ်နေပါကြောင်း၊ တရားမဝင် အာဏာရယူရန် ကြိုးပမ်းမှု ကာလတစ်လျှောက်တွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် ပြိုလဲသွားရုံသာမက စစ်တပ်၏ ပြည်သူလူထုအပေါ် ရာဇဝတ်ကျူးလွန်မှုများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ပေးသည့် ယန္တရားတစ်ခု ဖြစ်လာခဲ့ကြောင်း၊
(ဆ) ပြည်ထောင်စုရှေ့နေချုပ် ဆိုသည့်သူ အပါအဝင် အကြမ်းဖက်စစ်တပ်၏ တရားစီရင်ရေးနှင့် ဥပဒေ ကဏ္ဍကို ဉီးဆောင်နေသူများ ဆိုသည့်သူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုများတွင် ပါဝင် ပတ်သက်နေကြပါကြောင်း၊ ၎င်းတို့သည် စစ်အုပ်စုမှ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု များ ကျူးလွန်နိုင်စေရန် ဧည့်စာရင်း ပြန်လည်တိုင်ကြားရမည့် ပုဒ်မပြင်ဆင်ချက် အပါအဝင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေအား စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကို ပြင်ဆင်ခြင်းအထိ လုပ်ဆောင်ခဲ့ကြပါကြောင်း၊
(ဇ) ၎င်းတို့သည် ထိုသို့ပြင်ဆင်ထားသော ဥပဒေများဖြင့် အရပ်သားပြည်သူများအပေါ် လက်နက် သဖွယ် အသုံးပြုခဲ့ပြီး၊ စစ်အုပ်စုအနေဖြင့် ကြီးမားသော အတိုင်းအတာဖြင့် မတရားဖမ်းဆီး ချုပ်နှောင်မှုများ ပြုလုပ်ရာတွင် လွတ်လပ်စွာ အခွင့်ကောင်းယူ အသုံးချနိုင်သည့် အခြေအနေကို ဖန်တီးပေးနေပါကြောင်း၊ မကြာသေးမီက ဥပမာတစ်ခုအနေဖြင့် သပိတ်ခေါင်းဆောင် ကိုပိုင်ဖြိုးမင်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ဤဥပဒေကို အသုံးပြု၍ ၎င်းအား ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းသည် ဥပဒေကို နိုင်ငံရေးဖိနှိပ်မှု ကိရိယာတစ်ခုအဖြစ် အသုံးပြုနေခြင်းအား သက်သေပြနေ ပါကြောင်း၊ ထို့အပြင် စစ်ကောင်စီ၏ တရားစီရင်ရေးနှင့် ဥပဒေကဏ္ဍကို ဉီးဆောင် ဆောင်ရွက် နေသူများသည် ပြည်သူများအား အတင်းအကျပ် စစ်မှုထမ်းစေခိုင်းနိုင်ရန် အတွက်ကို လည်း ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယင်းအချက်တို့ကို ထောက်ရှုခြင်းအားဖြင့် ၎င်းတို့ သည် ပြည်တွင်းဥပဒေစနစ်ကို ပြည်သူလူထုအပေါ် လက်နက်သဖွယ် အသုံးပြုနေသည်ကို ပြသ နေကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းဥပဒေ စနစ်ဖြင့် ရာဇဝတ်မှုကျူးလွန်သူများအား ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရန်နှင့် တာဝန် ယူမှု၊ တာဝန်ခံမှုဖြင့် ပြစ်ဒဏ်ကျခံစေရန် လုံးဝ စွမ်းဆောင်နိုင်ခြင်း မရှိသည်ကို ထင်ရှားစွာ ပြသနေပါကြောင်း၊
(ဈ) လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စိုးရိမ်ဖွယ်ရာ အခြေအနေများကို ထည့်သွင်းသုံးသပ် ရာတွင် နိုင်ငံတွင်း ကျူးလွန်နေသည့် ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုများကို တရားစွဲဆိုရန်အတွက် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာတရားစီရင်ရေးစနစ်နှင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူတို့အပေါ် မှီခိုအားထားရန် လိုအပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဤနည်းလမ်းသည် တရားမျှတမှု ဖော်ဆောင်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊
(ည) လက်ရှိ စိမ်ခေါ်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သော စုံစမ်းစစ် ဆေးရေးယန္တရား (IIMM) ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ကြိုဆိုပါကြောင်း၊ သို့ရာတွင် မြန်မာပြည်သူများအပေါ် စစ်တပ်၏ ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများ ကို ရပ်တန့်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်မှုသည် ယခုအချိန်အထိတိုင် လုံလောက်မှု မရှိသေးပါကြောင်း၊ ဤသို့သော အရေးကြီးကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းအား အောက်ဖော်ပြပါအချက်များ ကို အရေးတကြီး ဆောင်ရွက်ရန် တောင်းဆိုပါကြောင်း -
(၁) အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် လွှဲအပ်တင်သွင်းရန်၊
(၂) အကြမ်းဖက်စစ်ကောင်စီအပေါ် ကမ္ဘာလုံးဆိုင်ရာအဆင့် လက်နက်တင်ပို့ ရောင်း ချမှုနှင့် တိုက်လေယာဉ်ဆီ ထောက်ပံ့မှုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်၊
(၃) အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များ၏ ရာဇဝတ်မှုများကို တရားစွဲဆိုရန်အတွက် ဆောင်ရွက်နိုင်သော သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်တွင်းဥပဒေမူဘောင်များ အတွင်း ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်ကို ကျင့်သုံးကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန်၊
(ဋ) အဆိုပါ အဆင့်များသည် လွန်စွာ အရေးပါကြောင်း၊ အကြောင်းအရင်းမှာ မြန်မာပြည်သူများ အနေဖြင့် စစ်အာဏာရှင်အဖွဲ့လူတစ်စု၏ ရာဇဝတ်မှုများကို ကာလရှည်ကြာ ခံစားခဲ့ရပြီး၊ ပြည်တွင်းတရားစီရင်ရေးစနစ်အနေဖြင့်လည်း ရာဇဝတ်မှုကျူးလွန်သူများအား အပြစ်ဒဏ်ခံယူ စေရန် ပျက်ကွက်လျက်ရှိနေခြင်းကြောင့် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စဉ်ဆက်မပြတ် ပေါ်ပေါက် လျက်ရှိသည့် အပြစ်ပေးအရေးယူနိုင်မှု ကင်းမဲ့နေခြင်းသည် လက်ရှိနိုင်ငံတကာ ဥပဒေမူဘောင် တွင် အရေးကြီးသော လစ်ဟာမှုများ ရှိနေသည်ကို ညွှန်ပြနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်အနေဖြင့် အဆိုပါ ဥပဒေ၏ ကွက်လပ်များကို အခွင့်ကောင်းယူ အသုံးချလျက်၊ ၎င်းတို့၏ ရာဇဝတ်မှုများအပေါ် အပြစ်ပေးအရေးယူခံရခြင်းမှ ကာကွယ်နေချိန်၌ပင် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ဆက်လက်ကျူးလွန်လျက်ရှိကြောင်း ထင်ရှားစွာ တွေ့ရှိနိုင်ပါကြောင်း၊
(ဌ) နိဂုံးချုပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေ၏ လက်ရှိကွာဟချက်များကို ဖြည့်ဆည်း၍ မြန်မာနိုင်ငံအပါအဝင် အခြားသောကမ္ဘာ့နေရာဒေသများ၌ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူများအတွက် ခိုအောင်းရန်နေရာ မရှိစေမည့် ခိုင်မာသော နိုင်ငံတကာစနစ်တစ်ရပ် ပေါ်ပေါက်ရေးအတွက် အရေးကြီးသည့် အချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊
(ဍ) ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးရာ၌ နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေအပေါ် လေးစားမှု မူသဘောတရားများနှင့် ဟန်ချက်ညီစွာ ရိုးဖြောင့်သော သဘောဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့ရာတွင် အလွန်အကျွံထားရှိသော ကန့်သတ်ချက်များသည် ဤအခြေခံမူ၏ အဓိကရည်ရွယ်ချက်ကို ပျက်ပြားစေသည့်အတွက် ထိုသို့ဖြစ်ပေါ် စေခြင်းမရှိစေရန် သေချာစွာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ကျင့်သုံးခြင်းသည် မည်သို့သော အခြေအနေတွင်မဆို ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူများအတွက် "ခိုအောင်းရာနေရာ" ပပျောက်ရေးနှင့် ကြီးလေးသော ရာဇဝတ်မှုများအား တားဆီးနိုင်ရေးကို ဦးတည်ချက်အဖြစ် ထားရှိရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ အလွန်အမင်း သတိကြီးစွာ ကျင့်သုံးခြင်းသည် ၎င်း၏ ကြိုတင် ကာကွယ်နိုင်စွမ်းကို လျော့ပါးစေနိုင်သည့်အပေါ် သတိထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
(ဎ) အထူးအလေးအနက် မီးမောင်းထိုးပြလိုသည်မှာ စုစည်းညီညွတ်သော ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်း အားထုတ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကဲ့သို့သော ယန္တရားများအား အားဖြည့်ခြင်း ဖြင့်သာလျှင် နိုင်ငံနယ်နိမိတ်များ သို့မဟုတ် ရက်စက်ယုတ်မာမှုများ ကျူးလွန်သူတို့၏ လွှမ်းမိုးနိုင် စွမ်းကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ တရားမျှတမှု လွှမ်းမိုးသော ကမ္ဘာကြီးတစ်ရပ်ကို ဖန်တီး တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကျွန်ုပ်တို့၏ ဥပဒေ မူဘောင်များကို ပြုပြင်မွမ်းမံရန်နှင့် ခိုင်မာအားကောင်းစေရန် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံကဲ့သို့သော ထိရှလွယ်သည့် နိုင်ငံများရှိ ပြည်သူအပေါင်းတို့၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်နိုင်မည် ဖြစ်ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against the delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at General Debate on Agenda Item 85: “The scope and application of the principle of universal jurisdiction” of the Sixth Committee of the 79th session of the UN General Assembly
(New York, 16 October 2024)
Mr. Chair,
My delegation wishes to commend the work of the sixth committee for continuing discussions on the scope and application of the principle of universal jurisdiction which have garnered both convergent and divergent views.
Myanmar perceives developments on this agenda as encouraging. Indeed, an increasing number of national judiciaries have been invoking this principle to initiate investigations and criminal proceedings concerning grave crimes of international law. This growing trend has become particularly crucial in cases of states being either unable or unwilling to conduct credible prosecutions for serious crimes and hold perpetrators accountable, and when domestic rule of law is destructed, and widespread impunity remains unaddressed by competent international bodies like the UN Security Council. In this regard, the case of Myanmar simply illustrates the necessity of universal jurisdiction.
Mr. Chair,
Four years into the unlawful military coup attempt, conditions for credible investigations of alleged serious international crimes are non-existential in my country Myanmar. The military junta has systematically dismantled the rule of law and continued to escalate brutality against the people. Meanwhile, deliberate destruction of legal frameworks has made impartial inquiries impossible within the country.
Recent data highlights the alarming scale of serious human rights violations and judicial abuses committed by the junta.
According to the Assistance Association for Political Prisoners (AAPP), the junta has sentenced 164 pro-democracy supporters to death, with 42 in absentia and 109 in detention. This excludes the extrajudicial killing of four individuals in July 2022. Apparently, the junta's kangaroo courts routinely deny victims of their legal rights and operate without transparency and fair trials.
Throughout these periods, the judicial system in Myanmar has not merely collapsed, but has become an active collaborator in the junta's criminal activities.
The heads of the judiciary sector of the junta, including the Union Attorney General, are complicit in the junta's crimes. The group has gone so far as to amend laws, such as the Fourth Amendment to the Ward or Village Administration Law, to facilitate grave human rights violations by the military junta. They have wielded these amended laws as weapons against civilians, and allowed the junta to freely exploit them when conducting massive arbitrary arrests and detentions. A recent example to this abusive act was the arrest of strike leader Ko Paing Phyo Min, who was detained under this very law, demonstrating its use as a tool of political repression. Furthermore they helped the junta to pursue forced conscription. It demonstrates how the legal system is being weaponized against the public, underscoring Myanmar's complete inability to hold criminals accountable through domestic means.
Looking at this dire situation, we recognize that the prosecution of core international crimes in Myanmar must rely on the broader system of international justice and the principle of universal jurisdiction.
Mr. Chair,
In light of these challenges, we commend the work of the International Independent Mechanism for Myanmar (IIMM).
However, the international community's response has thus far been insufficient to stop the military's ongoing violence against the people of Myanmar. To address this pressing issue, we urgently call upon the UN Security Council and the international community to take the following actions:
1. Refer the military junta to the International Criminal Court (ICC) vai the UN Security Council.
2. Impose a global arms embargo and implement sanctions on jet fuel supplies to the military junta.
3. Apply universal jurisdiction within domestic legal frameworks, where applicable, to prosecute members of the junta for their crimes.
These steps are crucial because Myanmar people have long suffered from the military junta’s atrocities and the failure of domestic jurisdiction to hold perpetrators accountable.
This ongoing impunity highlights the critical gaps in the current international legal framework. It is vividly clear that the military junta has been exploiting these legal loopholes and continued perpetrating grave human rights violations while shielding themselves from accountability.
Mr. Chair,
To conclude, it is high time for a robust and comprehensive multilateral system that closes the existing gaps in international law, ensuring no safe havens remain for perpetrators of serious international crimes in Myanmar and elsewhere.
In applying universal jurisdiction, we must act in good faith, balancing respect for state sovereignty and territorial integrity. However, we must ensure that excessive restrictions do not undermine the core purpose of this principle. Any exercise of universal jurisdiction must place a primary goal to eliminate "safe havens" for international criminals and to serve as a deterrent against grave crimes. Therefore, we must be vigilant against overly cautious application that might inadvertently diminish its preventive impact.
On this note, I wish to end by underscoring that only through concerted global effort and the strengthening of mechanisms like universal jurisdiction can we create a world where justice prevails, regardless of national boundaries or the power of those who commit atrocities.
The international community must act decisively to refine and reinforce our legal frameworks, thereby safeguarding the rights and dignity of all people, particularly those in vulnerable nations like Myanmar.
I thank you.
*****
Comments