top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun at Adoption of Resolution “Scope, modalities, format and organization of High-Level Conference on Rohingya Muslims and Other Minorities in Myanmar”of UNGA

Writer: Myanmar Mission To UNMyanmar Mission To UN












Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the Adoption of the Resolution “Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar” of the Plenary of the UN General Assembly, held on 25 March 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် “Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar” ခေါင်းစဉ်ဖြင့် ဆုံးဖြတ်ချက်အဆိုမူကြမ်းအား ကန့်ကွက်မဲမရှိဖြင့် အတည်ပြုခဲ့

ယင်းအစည်းအဝေး၌ မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ရိုဟင်ဂျာနှင့် အခြားသော လူနည်းစုများအပါအဝင် ပြည်သူအားလုံး၏ အခြေခံ အခွင့်အရေးများ ကို မြှင့်တင် ကာကွယ်ခြင်းနှင့် ၎င်းတို့၏ အခြေအနေများအား ဖြေရှင်းပေးရေးတို့က မြန်မာနိုင်ငံ၏ ဦးစားပေး အကြောင်းအရာဖြစ်၊ ရိုဟင်ဂျာ အရေးကိစ္စသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာ၏ တစ်စိတ် တစ်ပိုင်းဖြစ်၍ ပြဿနာ၏ ဇစ်မြစ်မှာ စစ်အာဏာရှင်နှင့် ၎င်းတို့ ကျင့်သုံး နေသည့် အာဏာရှင် စနစ်ဖြစ်၊ အဆိုပါ ဇစ်မြစ်ကို ဘက်ပေါင်းစုံမှ ကုံလုံပြည့်ဝစွာ ဖြေရှင်းရန် လိုအပ်၊

ကမ္ဘာကြီးအနေဖြင့်လည်း မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့်ပတ်သက်၍ စစ်တပ်မှ အရပ်သား ပြည်သူလူထု အပေါ် ပုံစံအမျိုးမျိုးဖြင့် ရက်စက်ကြမ်းကြုတ်၊ လူမဆန်စွာ ကျူးလွန်နေခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်နေရ၊

စစ်တပ်မှ မြန်မာနိုင်ငံတစ်ဝန်းတွင် ကျူးလွန်နေသည့် လေကြောင်းမှ တိုက်ခိုက်မှုများနှင့် မဆင်မခြင် ဗုံးကျဲ တိုက်ခိုက်မှုများကို အပြီးတိုင် မရပ်တန့်နိုင်ပါက ဒုက္ခသည်များ နေရပ် ပြန်လည်သွားရောက်ရေးမှာ မဖြစ်နိုင်၊

ဤ အဆင့်မြင့်နိုင်ငံတကာကွန်းဖရင့် ကျင်းပခြင်းက ပြဿနာ ဖြေရှင်းရေးအတွက် မိမိတို့၏ လုပ်ဆောင်မှုများ ကို အရှိန်အဟုန်မြှင့်တင်နိုင်မည့် အခွင့်အရေးအဖြစ် ရှုမြင်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၏ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်ရေးကိုလည်း အလေးထား မျှော်မှန်း၊

အထွေထွေညီလာခံသဘာပတိမှ တင်သွင်းသောဆုံးဖြတ်ချက်အဆိုမူကြမ်း ကို ထောက်ခံကြောင်း ပြောကြားခဲ့


 (နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်)


၁။        နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် (၆၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး၌ “Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar” အဆိုမူကြမ်း A/79/L.67 အား အတည်ပြု ဆုံးဖြတ်ချက် ချမှတ်ခြင်းကို ၂၅-၃-၂၀၂၅ ရက် (အင်္ဂါနေ့)၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ ရပ်တည်ချက် [Explanation of Vote – Before the Vote] အား  ရှင်းလင်းပြောကြားခဲ့ပါသည်။


၂။         မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ ရပ်တည်ချက် မပြောကြားမီ “Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar” အဆိုမူကြမ်းအား ဦးဆောင်ပေးသည့် အထွေထွေညီလာခံ သဘာပတိအား ကျေးဇူးတင်ရှိကြောင်း၊ အထူးအားဖြင့် အဆိုမူကြမ်း ဆွေးနွေးမှုများအတွက် Co-facilitator များအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ ကြသော ဖင်လန်နှင့် မလေးရှား အမြဲတမ်းကိုယ်စားလှယ်တို့အား ကျေးဇူးတင်ရှိကြောင်း ဦးစွာ ပြောကြားခဲ့ ပါသည်။


၃။        ထို့ပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ် က မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ပြောကြားရာ အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-

           

(က)     မြန်မာနိုင်ငံအနေဖြင့် L. 67 အား အထွေထွေညီလာခံသဘာပတိမှ တင်သွင်းထားသည့်အတိုင်း ထောက်ခံပါကြောင်း၊

           

(ခ)       ရိုဟင်ဂျာနှင့် အခြားသော လူနည်းစုများအပါအဝင် ပြည်သူအားလုံး၏ အခြေခံ အခွင့်အရေးများ ကို မြှင့်တင်ကာကွယ်ခြင်းနှင့် ၎င်းတို့၏ အခြေအနေများအား ဖြေရှင်းပေးရေးတို့က မိမိတို့နိုင်ငံ၏ ဦးစားပေး အကြောင်းအရာ ဖြစ်ကြောင်း၊ အဆိုပါ ရည်ရွယ်ချက်ဖြင့်ပင် အဆိုမူကြမ်းအား ဆွေးနွေးသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံး အလေးထား ပါဝင်ခဲ့ကြောင်း၊

           

(ဂ)       ယနေ့ အတည်ပြု ဆုံးဖြတ်မည့် အဆိုမူကြမ်းအတွက် အပြုသဘောဆောင်စွာ ပါဝင် ဆွေးနွေးပေး ခဲ့ကြသည့် ကိုယ်စားလှယ်အဖွဲ့များအား ကျေးဇူးတင်ရှိပါကြောင်း၊

           

(ဃ)     ရိုဟင်ဂျာများ၏ ဒုက္ခမှာ ကြီးလေးခဲ့ပြီး စစ်တပ်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစတင်၍ ပိုမိုဆိုးရွားလာခဲ့ကြောင်း၊ ဒုက္ခသည်များအနေဖြင့် ရင်သွေး ငယ်အသစ်များ မွေးဖွားမှု တိုးပွားလာခြင်းနှင့် အသစ်ထပ်မံ ဖြစ်ပေါ်လာသည့် ပြဿနာများ အပါအဝင် အမျိုးမျိုးသော စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း၊

           

(င)       ၎င်းတို့အား လက်ခံပေးကြသည့် အိမ်ရှင်နိုင်ငံများ၏ အသိုက်အဝန်းများအပေါ်တွင် လည်း ဝန်တာ အပို ပိနေ သည့်အချက်က ငြင်းဆန်၍ မရကြောင်း၊

           

(စ)       ထို့ပြင် ဒုက္ခသည်များမှ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ဆန္ဒအလျောက် ပြန်လည် သွားရောက်ရေး ကနဦး သဘောတူညီချက်ကလည်း အခြေအနေ အရပ်ရပ်ကြောင့် ခက်ခဲလျက် ရှိကြောင်း၊ ၎င်းတို့ နေရပ်ပြန်လည်သွားရောက်ရေးအတွက် သင့်လျော်သည့် ပတ်ဝန်းကျင်မှာ ယနေ့တိုင် မဖြစ်ပေါ်သေးကြောင်း၊

           

(ဆ)     ယင်းသို့ ခက်ခဲနေသည့် အခြေအနေအတွက် အဖြေမှာ ရှင်းလင်းပါကြောင်း၊

           

(ဇ)       မိမိအနေဖြင့် ရိုဟင်ဂျာ အရေးကိစ္စသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာ၏ တစ်စိတ် တစ်ပိုင်းဖြစ်၍ ပြဿနာ၏ ဇစ်မြစ်မှာ စစ်အာဏာရှင်နှင့် ၎င်းတို့ကျင့်သုံးနေသည့် အာဏာရှင် စနစ်ဖြစ်ကြောင်း၊ အဆိုပါ ဇစ်မြစ်ကို ဘက်ပေါင်းစုံမှ ကုံလုံပြည့်ဝစွာ ဖြေရှင်းရန် လိုအပ်ကြောင်း ကို နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအား ထပ်ဖန် တလဲလဲ အလေးအနက်ထား ပြောကြားခဲ့ပါကြောင်း၊

           

(ဈ)      ကမ္ဘာကြီးအနေဖြင့်လည်း မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့်ပတ်သက်၍ စစ်တပ်မှ အရပ်သား ပြည်သူလူထုအပေါ် ပုံစံအမျိုးမျိုးဖြင့် ရက်စက်ကြမ်းကြုတ်၊ လူမဆန်စွာ ကျူးလွန် နေခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊

           

(ည)     စစ်တပ်အနေဖြင့် မတရား စစ်အာဏာသိမ်းမှု မတိုင်မီကတည်းက စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း၊ ၎င်းတို့ ကျူးလွန် သည့် ယုတ်ရင်းကြမ်းတမ်းသော လုပ်ရပ်များသည် ရိုဟင်ဂျာနှင့် အခြားသော လူနည်းစုများ အပါအဝင် မြန်မာပြည်သူ အားလုံးအပေါ်၌ သက်ရောက်မှုရှိကြောင်း၊

           

(ဋ)       ထို့အတူ နောက်ဆက်တွဲ ဆိုးကျိုးများသည်လည်း ဒေသအတွင်းနှင့် အခြားနေရာများသို့ပါ ပြန့်နှံ့ နေပြီဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် ရိုဟင်ဂျာများ အပါအဝင် အရပ်သားပြည်သူများအား အတင်းအကျပ် တပ်သားစုဆောင်းနေခြင်းက ခိုင်မာသည့် သာဓကတစ်ခုပင်ဖြစ်ကြောင်း၊ ဤနေရာတွင် ရိုဟင်ဂျာ အရေးကိစ္စသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်၏ ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များအနက် တစ်ခုမျှသာဖြစ်သည်ကို အလေးထား ပြောကြားလိုကြောင်း၊

           

(ဌ)       သို့ဖြစ်ရာ ရိုဟင်ဂျာများနှင့် အခြားသော လူနည်းစုများ၏ အခွင့်အရေးများအား မြှင့်တင် ကာကွယ်ရေးအတွက် ဘက်စုံထောင့်စုံအား ထည့်သွင်းစဉ်းစားသည့် ချဉ်းကပ်မှုပုံစံကို အသုံးပြု ခြင်းက အလွန် အရေးကြီးကြောင်း၊ ထို့အတူ အဆိုပါ ချဉ်းကပ်မှုနှင့် အခြားသော စဉ်းစားချက်များ တွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ အခင်းအကျင်း တစ်ရပ်လုံးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းရမည်ဖြစ်ကြောင်း၊

           

(ဍ)       သို့မှသာ ပြဿနာတစ်စုံလုံးကို ပြည့်ပြည့်ဝဝ ဖြေရှင်း၍ ရေရှည်တည်တံ့သော ဖြေရှင်းနည်းကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း၊

           

(ဎ)       အလားတူစွာပင် စစ်တပ်မှ မြန်မာနိုင်ငံတစ်ဝန်းတွင် ကျူးလွန်နေသည့် လေကြောင်းမှ တိုက်ခိုက်မှုများနှင့် မဆင်မခြင် ဗုံးကျဲတိုက်ခိုက်မှုများကို အပြီးတိုင် မရပ်တန့်နိုင်ပါက ဒုက္ခသည်များ နေရပ် ပြန်လည်သွားရောက်ရေးမှာ ဖြစ်လာနိုင်မည် မဟုတ်ကြောင်း၊

           

(ဏ)     မိမိတို့အနေဖြင့် ယခု အဆင့်မြင့် နိုင်ငံတကာကွန်းဖရင့် ကျင်းပခြင်းက ပြဿနာအား ဖြေရှင်းရေး အတွက် မိမိတို့၏ လုပ်ဆောင်မှုများကို အရှိန်အဟုန်မြှင့်တင်နိုင်မည့် အခွင့်အရေးအဖြစ် ရှုမြင် ပါကြောင်း၊ ထို့အတူ ကွန်းဖရင့်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ၏ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်ရေးကိုလည်း အလေးထား မျှော်မှန်းပါ ကြောင်း၊ ၎င်းတို့ကသာလျှင် မြေပြင်ရှိ ပကတိအခြေအနေများအား မိမိတို့၏ အနာဂတ် ဆွေးနွေးမှုများသို့ ပေါင်းစပ်ပေးနိုင်မည်ဖြစ်ကြောင်း၊

           

(တ)     သို့ဖြစ်ပါ၍ အဆိုမူကြမ်း L. 67 အား အထွေထွေညီလာခံ သဘာပတိမှ တင်သွင်းထားသည့် အတိုင်းပင် တူညီဆန္ဒဖြင့် အတည်ပြု ဆုံးဖြတ်နိုင်ရေး တိုက်တွန်းလိုကြောင်း၊ ထိုနည်းအားဖြင့် သက်ဆိုင်ရာ အသိုက်အဝန်းများမှ ရသင့်ရထိုက်သော အခွင့်အရေးများအား မိမိတို့မှ စည်းလုံး ညီညွတ်မှုရှိစွာ မြှင့်တင်ကာကွယ်ပေးလိုသည့် မိမိတို့၏ ဘုံသဘောထား မျှော်မှန်းချက်ကို ၎င်းတို့ထံ ခိုင်မာစွာ ပြသနိုင်မည်ဖြစ်ကြောင်း၊

           

(ထ)     ထို့ကြောင့် မြန်မာနိုင်ငံရှိ ပြည်သူအားလုံး၏ အခွင့်အရေးများ၊ အထူးအားဖြင့် ရိုဟင်ဂျာများနှင့် အခြားသော လူနည်းစုများ၏ အခွင့်အရေးများအား ကာကွယ်နိုင်ရေးနှင့် ၎င်းတို့၏ အနာဂတ်အား ဖော်ဆောင်နိုင်ရေးတို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးအနေဖြင့် အဆိုမူကြမ်း L. 67 အား အထွေထွေညီလာခံ သဘာပတိမှ တင်သွင်းထားသည့်အတိုင်း အပြည့်အဝ ထောက်ခံပေး ကြပါရန် တိုက်တွန်း တောင်းဆိုလိုပါကြောင်း။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၅။        ထို့ပြင် အစည်းအဝေးတွင် ရုရှားကိုယ်စားလှယ်အဖွဲ့ က L. 67 အဆိုမူကြမ်း၌ ပါဝင်သည့် လူ့အခွင့်အရေး ကိစ္စရပ်များ အပါအဝင် နှင့် မြန်မာနိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည်များ စောလျင်စွာ ပြန်လည်သွားရောက်နိုင်ရေး အတွက် သင့်လျော်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးစာသားတို့အား ဖြုတ်ချရန် တောင်းဆိုသည့် ပြင်ဆင်ချက် L. 68၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပါဝင်မှုနှင့်ပတ်သက်သည့်စာသားအား ဖြုတ်ချရန် တောင်းဆိုသည့် ပြင်ဆင်ချက် L. 69 နှင့် Gender Parity နှင့် လူငယ်များ ကိုယ်စားပြုမှုနှင့်ဆက်စပ် စာသားအား ဖြုတ်ချရန် တောင်းဆိုသည့် ပြင်ဆင်ချက် L. 70 တို့အား အသီးသီး တင်သွင်းခဲ့ပါသည်။


၆။        ပြင်ဆင်ချက်ချက်များကို မဲခွဲဆုံးဖြတ်ခဲ့ပြီး L. 68 အား ထောက်ခံမဲ ၇ မဲ၊ ကန့်ကွက်မဲ ၁၀၃ မဲနှင့် ကြားနေမဲ ၂၄ မဲဖြင့်လည်းကောင်း၊ L. 69 အား ထောက်ခံမဲ ၇ မဲ၊ ကန့်ကွက်မဲ ၉၆ မဲနှင့် ကြားနေမဲ ၃၂ မဲဖြင့်လည်းကောင်း၊ L. 70 အား ထောက်ခံမဲ ၁၄ မဲ၊ ကန့်ကွက်မဲ ၈၀ မဲနှင့် ကြားနေမဲ ၄၀ မဲဖြင့်လည်းကောင်း အသီးသီး ပယ်ချခဲ့ပါသည်။


၇။        ပြင်ဆင်ချက်များအား အတည်ပြုခြင်းမရှိသည့်အားလျော်စွာ အဆိုမူကြမ်း L.67 အား အထွေထွေညီလာခံ သဘာပတိမှ တင်သွင်းခဲ့သည့်အတိုင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၀ မဲနှင့် ကြားနေမဲ ၁၀ မဲဖြင့် အတည်ပြုဆုံးဖြတ်နိုင်ခဲ့ပါသည်။


၈။        မြန်မာနိုင်ငံအနေဖြင့် ရုရှားကိုယ်စားလှယ်အဖွဲ့မှ တင်သွင်းသည့် ပြင်ဆင်ချက် ၃ ခုလုံးအား ကန့်ကွက်မဲ ပေးခဲ့ပြီး၊ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ မှ တင်သွင်းသည့် အဆိုမူကြမ်း တစ်ခုလုံးကို ထောက်ခံမဲ ပေး၍ ရပ်တည်ခဲ့ပါသည်။


၉။        အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်း နှင့် ပယ်ချခဲ့သည့် ပြင်ဆင်ချက် အဆိုမူကြမ်းများကို သိသာ နိုင်ပါရန် ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations,

at the Adoption of the Resolution “Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar” of the Plenary of the UN General Assembly


(New York, 25 March 2025)


Mr. President,


At the outset, I wish to express my delegation’s profound gratitude to you for your able leadership and the presentation of the draft resolution A/79/L.67 entitled “Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar”.


I wish also to convey my sincere appreciation to the co-facilitators, Ambassador Elina Kalkku, Permanent Representative of Finland, and Ambassador Ahmad Faisal Muhamad, Permanent Representative of Malaysia and their respective teams for their stewardship and kind efforts to the draft resolution L.67.


Myanmar supports the draft resolution L.67 as presented by the President of General Assembly.


Mr. President,


Promotion and Protection of the fundamental rights of all people including Rohingya and other minorities and addressing the situation of Rohingya and other minorities have always been a top agenda for my country. With this aim, my delegation followed closely throughout the negotiation process.


In this regard, I wish to thank the delegations for their constructive contributions to the draft resolution before us.

 

Mr. President,


The plight of Rohingya has been serious and is further exacerbated since the illegal military coup in February 2021. Many refugees have been facing numerous forms of challenges, including the growing number of newborn babies and other emerging issues.


It is also undeniably putting burden on the host communities.


Moreover, the initial agreement for creating a safe, dignified and voluntary return of these refugees continues to face difficulties underlying different circumstances.A conducive environment is yet to be in place.


Why? The answer is in fact straightforward.


I have repeatedly underscored to the members of the international community, particularly the UN member states, that Rohingya issue is part of the crisis in Myanmar and that the root cause, the military junta and its dictatorship in Myanmar, must be comprehensively addressed.


In light of the current state of affairs in Myanmar, the world has already witnessed all forms of brutalities and atrocities committed by the military junta against all civilian population.


The military has been committing war crimes and crimes against humanity not only before but also since the unlawful military coup. Their barbaric acts have been impacting on all people in Myanmar including Rohingya and other minorities.


Severe consequences have also been spilling over to the region and beyond. The military junta’s recent forceful conscription of civilians, including Rohingya, is a concrete example. Here, I must stress that the issue of Rohingya is one of the many consequences caused by the military dictatorship in Myanmar.


In this regard, it is vital to take a holistic approach to promote and protect the rights of Rohingya and other minorities. In a broader aspect, the current situation in Myanmar as a whole must be integrated in the approach alongside other considerations.


Only by doing so, we can fully address the issue and find a sustainable solution.


Moreover, repatriation of the refugees will not be possible if we are unable to put an end to the military junta from committing indiscriminate airstrikes and aerial bombings across Myanmar.


We are also of the view that convening this High-level Conference would serve as an opportunity to enhance our effort in addressing the issue and look forward to the meaningful participation of representatives from all relevant parties including civil society organizations who eventually are the ones that can integrate the realities on the ground to our upcoming discussions.


Therefore, I encourage member states for the consensual adoption of the draft resolution L.67 as presented by the PGA because it would provide a strong signal to the relevant communities of our unified aspiration towards protecting and promoting the rights they deserve.


Again, I wish to request all delegations to protect the rights of all people in particular Rohingya and other minorities in Myanmar and save their future by extending your strong support to the draft resolution L.67 as presented by the PGA.


I thank you.


*****









Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page