


Remarks by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the UN Security Council media stakeout, held on 30 January 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
မြန်မာနိုင်ငံအရေးကိစ္စအတွက် လုံခြုံရေးကောင်စီမှသတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားသည့် အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က နိုင်ငံတကာ အသိုက်အဝန်း၊ အထူးအားဖြင့် လုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများအနေဖြင့် အလွန်အမင်း စိတ်ပျက်နေ၊
မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်သည် အထိ ချုပ်ငြိမ်းရေးကို ခိုင်ခိုင်မာမာ လုပ်ဆောင်သွားမည်သာဖြစ်၊ ပြည်သူများက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြင့် မြန်မာနိုင်ငံတော်သစ်တစ်ရပ်ကို တည်ဆောက် နိုင်ရန် အခိုင်အမာ ဆုံးဖြတ်ထား၊
မြန်မာပြည်သူများ၏ အသက် အနာဂတ်ကို ကယ်တင်ပေးနိုင်ရေးအတွက် စစ်တပ်မှ စီစဉ်လျက်ရှိသော အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက်ရန်၊ စစ်တပ်ထံသို့ လက်နက်များ စီးဆင်းမှု ရပ်တန့်ရေးဆောင်ရွက်ရန်၊ စစ်တပ်ထံသို့ ဂျက်လေယာဉ်ဆီနှင့် အရပ်ဖက် စစ်ဖက် နှစ်မျိုးသုံးပစ္စည်းများ စီးဆင်းမှု ရပ်တန့်ရေးဆောင်ရွက်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်း အား ထပ်လောင်း တောင်းဆို ပါကြောင်း ဖြင့် ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်)
၁။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအရေးကိစ္စနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားသည့် အစီအစဉ်ကို ၃၀-၁-၂၀၂၅ ရက် (ကြာသပတေးနေ့)၊ မွန်းလွဲ (၁၄၄၅) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် မြန်မာ့အရေးအတွက် Penholder ဖြစ်သည့် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံးယာယီတာဝန်ခံ/ ဒုတိယအမြဲတမ်းကိုယ်စားလှယ်နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့က အမှာစကားများ ပြောကြားခဲ့ပါသည်။
၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ပြောကြားချက်တွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-
(က) လာမည့် (၂) ရက်အကြာတွင် မြန်မာနိုင်ငံ၌ မတရား စစ်အာဏာသိမ်းမှုသည် (၄) နှစ် ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊
(ခ) ပြီးခဲ့သော (၄) နှစ်တာကာလအတွင်း၌ မြန်မာပြည်သူများအတွက် နေ့ရက်တိုင်းသည် ကြေကွဲဖွယ် အတိ ဖြစ်ကြောင်း၊ (၆,၂၃၀) ကျော်သော အပြစ်မဲ့ အရပ်သားပြည်သူများမှာ စစ်တပ်၏ မတရား သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း၊ ၃.၅ သန်းကျော်သော ပြည်သူများမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ လူသန်းပေါင်း (၂၀) ခန့်မှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိကြောင်း၊
(ဂ) မြန်မာပြည်သူများအနေဖြင့် နေ့စဉ်ရက်ဆက် အကြောက်တရားအောက်တွင် အသက်ရှင် နေထိုင်လျက်ရှိပြီး မည်သူတစ်ဦးတစ်ယောက်မျှ လုံခြုံဘေးကင်းမှုကို မခံစားရကြောင်း၊
(ဃ) ထိုမျှ ဆိုးရွားလှသော အခြေအနေများ ဖြစ်ပေါ်နေစေကာမူ ရာဇဝတ် စစ်တပ်က ရက်စက် ကြမ်းကြုတ်မှုများ၊ လူသားမဆန်သည့် ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ဆက်လက်၍သာ ကျူးလွန်ဆဲ ကျူးလွန်မြဲဖြစ်ကြောင်း၊
(င) မိမိနှင့်တကွ မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအား ကူကယ်ရာမဲ့နေသည့် မိမိတို့အား ကူညီပေးကြရန် အသံကျယ်ကျယ် ဖြင့် အစဉ်တစိုက် တောင်းဆိုခဲ့ပါကြောင်း၊
(စ) ကနဦးတွင် ပြည်သူများက ကုလသမဂ္ဂ အနေဖြင့် ၎င်း၏ ကတိကဝတ်နှင့်အညီ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အား ဆောင်ကျဉ်းကာ မိမိတို့ ပြည်သူများ၏ အသက် အိုးအိမ်များကို အမှန်တကယ်ပင် အကာအကွယ်ပေးနိုင်လိမ့်မည်ဟု လေးလေးနက်နက် ယုံကြည်ခဲ့ကြကြောင်း၊
(ဆ) သို့ရာတွင် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော အရေးယူ လုပ်ဆောင်ချက်များကို စွမ်းဆောင်ရန် အစဉ်အဆက် ပျက်ကွက်ခဲ့သည့်ကို တွေ့မြင်လာရသည်နှင့်အမျှ ပြည်သူများမှ ထားရှိခဲ့သည့် ယုံကြည်ချက်နှင့် မျှော်လင့်ချက် တို့မှာ တစစ မှေးမှိန်ပျက်ပြယ်လာခဲ့ကြောင်း၊
(ဇ) လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးအတွက် ဆုံးဖြတ်ချက်အဆို (၂၆၆၉) ရှိကြောင်း၊ သို့သော် ယင်းအား အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိကြောင်း၊
(ဈ) မိမိအနေဖြင့် ပြီးခဲ့သောနှစ် နိုဝင်ဘာလအတွင်းက ဤနေရာ၌ပင် နိုင်ငံတကာ အသိုက်အဝန်း၊ အထူးအားဖြင့် လုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများအနေဖြင့် အလွန်အမင်း စိတ်ပျက်နေရ သည့်အခြေအနေကို တင်ပြခဲ့ကြောင်း၊
(ည) ယခုတစ်ကြိမ်တွင်လည်း ထပ်လောင်း ပြောဆိုရမည်သာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အလွန်အမင်း အားမလိုအားမရ ဖြစ်နေရပါကြောင်း၊
(ဋ) သို့သော်လည်း မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်သည် အထိ ချုပ်ငြိမ်းရေးကို ခိုင်ခိုင်မာမာ လုပ်ဆောင်သွားမည်သာဖြစ်ကြောင်း၊ ပြည်သူများက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြင့် မြန်မာနိုင်ငံတော်သစ်တစ်ရပ်ကို တည်ဆောက် နိုင်ရန် အခိုင်အမာ ဆုံးဖြတ်ထားကြောင်း၊
(ဌ) ယင်း ဆုံးဖြတ်ချက်ဖြင့်ပင် အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် အခြားသော တော်လှန်ရေးအင်အားစုများနှင့် လူပုဂ္ဂိုလ်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
(ဍ) ထို့ကြောင့် ကုလသမဂ္ဂနှင့် အာဆီယံတို့အနေဖြင့် မြန်မာ့အကျပ်အတည်းအား မြန်မာ ပြည်သူများ၏ စိတ်ဆန္ဒနှင့် အကျိုးစီးပွားတို့နှင့်အညီ ရေရှည် တည်တံ့သော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အထောက်အပံ့ပေးသော အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ပါကြောင်း၊
(ဎ) မြန်မာပြည်သူများ၏ အသက် အနာဂတ်ကို ကယ်တင်ပေးနိုင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်း အား အောက်ပါတို့ကို ဆောင်ရွက်ပေးရန် ထပ်လောင်း တောင်းဆို ပါကြောင်း -
- စစ်တပ်မှ စီစဉ်လျက်ရှိသော အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက်ရန်၊
- စစ်တပ်ထံသို့ လက်နက်များ စီးဆင်းမှု ရပ်တန့်ရေး ဆောင်ရွက်ရန်၊
- စစ်တပ်ထံသို့ ဂျက်လေယာဉ်ဆီနှင့် အရပ်ဖက် စစ်ဖက် နှစ်မျိုးသုံးပစ္စည်းများ စီးဆင်းမှု ရပ်တန့်ရေး ဆောင်ရွက်ရန်၊
(ဏ) လုံခြုံရေးကောင်စီတွင် မြန်မာအရေးအတွက် အားထုတ်ကြိုးပမ်းပေး၍ ယနေ့ ဆွေးနွေးမှု ဖြစ်ပေါ်စေရန် တောင်းဆိုပေးသည့် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးနှင့် Ambassador Kariuki တို့အား ကျေးဇူးတင်ရှိပါ ကြောင်း၊
(တ) မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် အချိန်ကုန်လွန်နေပြီဖြစ်ကြောင်း၊ ယခုအခါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ထိရောက်သော အရေးယူဆောင်ရွက်ချက်ကို အထူးလိုအပ်ပါကြောင်း။
၃။ ထို့နောက် သတင်းထောက်များက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် အချိန်အခါမသင့်သေးဟု ပြောကြားခဲ့ကြောင်း၊ သို့ဖြစ်ရာ သင့်လျော်သည့် အချိန်အခါသို့ ရောက်ရှိနိုင်ရန် မည်သည့်အချက်များ လိုအပ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့်လည်း ရွေးကောက်ပွဲကျင်းပပါက စောင့်ကြည့်လေ့လာနိုင်မည့် အခြေအနေ ရှိ-မရှိ သိရှိလိုကြောင်း၊ မြန်မာအရေးအား ပိုမိုကောင်းမွန်လာစေရန် လုံခြုံရေးကောင်စီအနေဖြင့် လာမည့်ရက်ပိုင်း သို့မဟုတ် သီတင်းပတ်အတိုအတွင်း၌ မည်သို့ လုပ်ဆောင်နိုင်ကြောင်း၊ ရန်ကုန်နှင့် အခြားသော နေရာဒေသများ၏ အခြေအနေများမှာ အလွန် ကွာဟမှုရှိကြောင်း၊ သို့ဖြစ်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် ရန်ကုန်ပြင်ပ အခြားနေရာများသို့ သွားရောက်ကာ မြေပြင် အခြေ အနေများအား လေ့လာနိုင်မည့် အလားအလာ၊ မြန်မာအရေးနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီအနေဖြင့် အမြဲတမ်းအဖွဲ့ဝင်တစ်နိုင်ငံ၏ တားမြစ်ခြင်းကို ခံနေရပါက အထွေထွေညီလာခံသို့ တင်သွင်းနိုင်မည့် အခြေအနေတို့ကို မေးမြန်းခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က စစ်တပ်လက်အောက်၌ ကျင်းပသော ရွေးကောက်ပွဲသည် လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်သော ရွေးကာက်ပွဲ မဟုတ်ဘဲ အတုအယောင် ရွေးကောက်ပွဲမျှသာ ဖြစ်မည်ဖြစ် ကြောင်း၊ မြန်မာပြည်သူများကလည်း ယင်းသို့သော ရွေးကောက်ပွဲကို အပြည့်အဝ ဆန့်ကျင်ကန့်ကွက် ကြကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတကာအနေဖြင့်လည်း အစကတည်းကပင် စစ်တပ်လက်အောက်၌ ကျင်းပမည့် ရွေးကောက်ပွဲအား ဝိုင်းဝန်း ဆန့်ကျင်ကန့်ကွက်သင့်ကြောင်း၊ မြန်မာအရေး ပိုမို ကောင်းမွန်စေရန် လုံခြုံရေးကောင်စီထံမှ ထိရောက်သော အရေးယူ ဆောင်ရွက်ချက် များ လိုအပ်ကြောင်း၊ အထူးသဖြင့် စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ ဂျက်လေယာဉ်ဆီ စီးဆင်းမှု ကို ဖြတ်တောက်ခြင်းက အထူးလိုအပ်ချက်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက လုံခြုံရေးကောင်စီပြင်ပ ကုလသမဂ္ဂ အထွေထွေညီလာခံအပါအဝင် အခြားသော ဖြစ်နိုင်မည့် လမ်းကြောင်းအားလုံးကို မှီခိုအားထားရမည် သာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် အမှာစကားအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Remarks by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations,
at the UN Security Council media stakeout
(New York, 30 January 2025)
Good afternoon!
In two days, the illegal military coup in Myanmar will reach 4 years.
Last four years, every day is misery for the people of Myanmar. Over 6,230 innocent civilians were brutally killed by the military junta. Over 3.5 million people are displaced. Almost 20 million people are in need of humanitarian assistance. Myanmar people are living with fear daily. No one feels safe and secured.
Despite this dire situation, the perpetrating military junta continues committing various atrocities, heinous crimes, crimes against humanity and war crimes against the people.
I myself and the people of Myanmar have loudly and persistently appealed to the international community including the UN to help us, the helpless people.
Of course, at first the people earnestly thought that the UN can deliver its promises to them of maintaining peace and security, protecting people, saving peoples’ lives.
Eventually their hope and confidence on the UN in particular UNSC were taken away by continued lack of effective actions.
We have UNSC Resolution 2669 on Myanmar. It has not been implemented.
In November last year, at this very place, I said that Myanmar people are very frustrated with the lack of effective action from the international community in particular the UNSC.
I have to say it again, we all are very frustrated.
However the people of Myanmar are resolute to end this military dictatorship.
The people are very determined to build a new Myanmar with a federal democratic union.
With this determination, the National Unity Government has been working together with EROs and all other resistance forces and individuals.
Therefore, we need the UN and ASEAN to play a helpful role to find a sustainable solution to the crisis in Myanmar in line with the will and interest of the people of Myanmar.
Here I wish to appeal again the UN and the international communityto save lives and future of the people of Myanmar as follows:
- Reject the military junta’s planned sham election,
- Stop follow of weapons to the military junta,
- Stop follow of jet fuel and dual use items to the military junta.
With this, I thank Ambassador Kariuki and the UK delegation for proposing today’s consultation on Myanmar as well as their hard work.
Time is running out for saving lives of Myanmar people.
Effective action of UNSC is seriously needed now.
I thank you.
*****





