top of page
  • Facebook Social Icon

Remarks by Ambassador Kyaw Moe Tun & Ambassador Barbara Woodward on Myanmar Coup 2nd Anniversary

Writer: Myanmar Mission To UNMyanmar Mission To UN

Remarks by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations Ambassador Kyaw Moe Tun (@KyawTun62907405) / Twitter, and Ambassador Dame Barbara Woodward, Permanent Representative of the United Kingdom to the United Nations Ambassador Barbara Woodward (@BWoodward_UN) / Twitter, on the two-year anniversary of Myanmar coup


[Below Myanmar Text]


ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Dame Barbara Woodward နှင့်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့၏ ပြောကြားချက်များ


အလွတ်သဘော ဘာသာပြန်ဆိုချက်


ဗြိတိန်နိုင်ငံ သံအမတ်ကြီး Dame Barbara Woodward ၏ ပြောကြားချက်


မြန်မာနိုင်ငံမှာ ပြည်သူပေါင်း ၁၇ သန်း က စာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေပေမယ့် စစ်တပ်က လူသားချင်းစာနာထောက်ထားမှုအရ ပေးအပ်တဲ့ ကူညီထောက်ပံ့မှုပစ္စည်းတွေကို လိုအပ်တဲ့ သူတွေဆီ အရောက်ပို့ဆောင်ရေးကို တားဆီးပိတ်ပင်လျက်ရှိပါတယ်။


စစ်တပ်က မြေပြင်မှာ ကျောင်းတွေကို ဗုံးကျဲ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာဆိုလျှင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားပြည်သူ ဒုတိယအသေအပျောက် အများဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။


ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆင်းရဲနွမ်းပါးမှုလျော့နည်းလာတဲ့ အခြေအနေကို စစ်တပ်က ပြောင်းပြန်ဖြစ် အောင် ပြောင်းလဲခဲ့တယ်။


သူတို့ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မတည်ငြိမ်မှုတွေဖြစ်အောင် ဖန်တီးနေပြီး လူကုန်ကူးမှု ရှင်သန်လာအောင် ခွင့်ပြုပေးကာ၊ အခုဆိုလျှင် ကမ္ဘာ့အကြီးမားဆုံး မီသမ်ဖက်တမင်း ထုတ်လုပ်သူ ဖြစ်လို့နေပြီ။


သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ပြောကြားချက်


မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ နိုင်ငံ့အဖွဲ့အစည်းတွေ ထိခိုက်ပျက်စီးသွားမှုတို့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဟာ မြန်မာနိုင်ငံတစ်ခုတည်းအတွက်ပဲ ကြီးမားတာမဟုတ်တော့ဘဲ ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေဆီကိုပါ ရိုက်ခတ်မှုရှိနေပါပြီ။


မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို အပြီးတိုင်ချုပ်ငြိမ်းဖို့နဲ့ နောင် အနာဂတ်မှာ အလားတူဖြစ်စဉ်မျိုး နောက်တစ်ကြိမ်ထပ်မဖြစ်အောင် ရှောင်လွဲနိုင်ဖို့ ခိုင်မာတဲ့ သံန္နိဋ္ဌာန်တွေ ချမှတ်ထား ပြီးဖြစ်ပါတယ်။


အတုအယောင်ရွေးကောက်ပွဲတွေဟာ ဘယ်တော့မှ ပြဿနာ ဖြေရှင်းနိုင်မယ့်နည်းလမ်း မဖြစ်နိုင်ပါဘူး။


နိုင်ငံတကာအသိုက်အဝန်းရဲ့ ပံ့ပိုးကူညီအားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။


မိမိတို့အနေနဲ့ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်လက်အောက်ကနေ ရုန်းထွက်နိုင်ဖို့၊ ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူတွေကို တာဝန်ခံမှုရှိစေဖို့နဲ့ ထိရောက်မှုရှိတဲ့၊ အားလုံးပါဝင်ပြီး တာဝန်ခံမှုရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာရေးအတွက် စစ်မှန်သော အသွင်ကူးပြောင်းရေး စတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းဆီက ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေကို လိုအပ်ပါတယ်။


ဗြိတိန်နိုင်ငံ သံအမတ်ကြီး Dame Barbara Woodward ၏ပြောကြားချက်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်အဆိုကို အတည်ပြုချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ အလားတူပဲ စစ်တပ်ကို အထီးကျန်စေဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်။


မိမိတို့အနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်နေပါတယ်။ စစ်တပ်က နိုင်ငံကို ပြည်သူတွေ လက်ထဲ ပြန်လည်လွှဲပြောင်းအပ်နှံရမယ့်အချိန်တန်ပါပြီ။



*****









Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page