top of page
  • Facebook Social Icon

News release on adoption of the Credentials Committee Report of 79th UN General Assembly

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Dec 6, 2024
  • 1 min read

News release on adoption of the Credentials Committee Report of 79th UN General Assembly


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး က အရည်အချင်းစစ်ကော်မတီ၏ အစီရင်ခံစာအား အတည်ပြု၊ မြန်မာနိုင်ငံ ကိုယ်စားပြုမှုနှင့်ပတ်သက်၍ အစီရင်ခံစာပါ ဆုံးဖြတ်ချက်အရ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့်  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိ


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်)


၁။        (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၄၈) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို ၆-၁၂-၂၀၂၄ ရက် (သောကြာနေ့)၊ နံနက် (၁၀၀၀) နာရီတွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်ရွေးချယ်ရေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဖွဲ့စည်းခန့်အပ် သည့် အရည်အချင်းစစ် ကော်မတီ (Credentials Committee) ၏ အစီရင်ခံစာအား မဲမခွဲဘဲ တူညီဆန္ဒဖြင့် အတည်ပြုချမှတ်ခဲ့ပါသည်။


၂။         အရည်အချင်းစစ် ကော်မတီ၏ အစီရင်ခံစာတွင် ကော်မတီ၏ ဥက္ကဋ္ဌ က မြန်မာနိုင်ငံ၏ ကိုယ်စား ပြုမှု နှင့် ပတ်သက်၍ စာပိုဒ် (၈) နှင့် (၁၀) တို့တွင် ဖော်ပြထားပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ် တင်သွင်းမှု (၂) မျိုး လက်ခံရရှိထားသဖြင့် ရွေးချယ်ခန့်အပ်ရေးအား စဉ်းစားဆုံးဖြတ်နိုင်ရေးအတွက် ရွှေ့ဆိုင်းထားရန် အဆိုပြုခဲ့ပြီး ယင်းအဆိုပြုချက်အား ကော်မတီက မဲမခွဲဘဲ အတည်ပြုခဲ့သည်ဟု ဖော်ပြထားပါသည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြုခဲ့သည့် အရည်အချင်းစစ် ကော်မတီ ၏ အစီရင်ခံစာအား ပူးတွဲဖော်ပြအပ်ပါသည်။


၃။        သို့ဖြစ်ပါ၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် ၎င်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယခင်နှစ်များ နည်းတူ ယခု (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း ပုံမှန် ကျင်းပပြုလုပ်လျက်ရှိသော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ မျက်နှာစုံညီနှင့် ပင်မကော်မတီ အစည်းအဝေးများ၊ ကုလသမဂ္ဂ ပင်မအင်္ဂါရပ် အဖွဲ့အစည်းများ၏ အစည်းအဝေး များနှင့် အခြားဆက်စပ်အစည်းအဝေးများကို ဆက်လက်ပါဝင်တက်ရောက်လျက် ရှိပါကြောင်း ဖော်ပြအပ်ပါသည်။



 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့





Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page