Intervention by Myanmar at the Third Committee of 76 UNGA On Agenda Item 74: Promotion and Protection of Human Rights (ID with Chair of the Working Group on Enforced or Involuntary Disappearance)
[Below Myanmar Text]
စစ်တပ်မှ ၁-၂-၂၀၂၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များသည် ပြည်သူအား အတင်းအကြပ် ဖမ်းဆီး၊ ပျောက်ကွယ်စေမှုများ ကျူးလွန်လျက်ရှိ။
(နယူးယောက်မြို့၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပသည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယ ကော်မတီ၏ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေး ဘာသာရပ်အောက်ရှိ အတင်းအကြပ်ပျောက်ကွယ်စေ ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ (Chair of the Working Group on the Enforced or Involuntary Disappearance) နှင့် အပြန်အလှန်ဆွေးနွေးမှု Virtual အစည်းအဝေး၌ ပါဝင်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
အမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးပြောကြားမှုတွင် အဓိကအားဖြင့် ကုလသမဂ္ဂလူ့အခွင့် အရေးကြေညာ စာတမ်းပါ အာတီကယ် ၃ နှင့် ၉ တို့အရ လူတိုင်း အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံမှုအခွင့်အရေး များရရှိရန် အရေးကြီးပြီး၊ အတင်းအကြပ်ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်းသို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းတို့ မခံရသင့်ကြောင်း၊ ပြည်သူများသည် လွတ်လပ်စွာနေထိုင်နိုင်ပြီး၊ ၎င်းတို့၏ အခြေခံအခွင့်အရေးများအား ကာကွယ်ပေးရန်အတွက် နိုင်ငံများ၊ အထူးသဖြင့် အစိုးရများအနေဖြင့် ပိုမိုအားစိုက်ထုတ်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်တပ်မှ ၁-၂-၂၀၂၁ ရက်နေ့ အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များ သည် ပြည်သူအား အတင်းအကြပ်ပျောက်ကွယ်စေမှုများ ကျူးလွန်လျက်ရှိကြောင်း၊ အာဏာသိမ်းပြီး ၈ လ တာ ကာလအတွင်း စစ်တပ်မှ ၈,၉၈၁ ဦး ကျော် ဖမ်းဆီးခဲ့ပြီး၊ ယင်းတို့မှ ထက်ဝက်ကျော်ကို ခိုင်မာပြီး ဥပဒေနှင့်ညီသည့်စွဲချက်များမရှိဘဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ယင်းဖမ်းဆီးခံရ သူများနှင့်စပ်လျဉ်း၍ ရှင်းလင်းသည့် သတင်းအချက်အလက်များ မပေးခြင်းဖြင့် ပြည်သူများမှ စစ်တပ်ကို ဆန့်ကျင်သည့် လုပ်ရပ်များကို မဆောင်ရွက် ရဲစေရန်နှင့် ကြောက်ရွံစိတ်များ ဖြစ်ပေါ်စေရန် ကြိုးပမ်းလျက် ရှိကြောင်း၊ အတင်းအကြပ်ပျောက်ကွယ်စေခြင်းမှ ကာကွယ်ပေးခြင်းဆိုင်ရာ ၁၉၉၂ ကြေညာစာတမ်းတွင် ဖော်ပြထားချက်အရ ယခုကဲ့သို့ မြန်မာ စစ်တပ်၏ စနစ်တကျ ကျူးလွန်မှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အခြားပြစ်မှုတစ်ခုပင် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ အခြေခံအခွင့်အရေးများ၊ လွတ်လပ်ခွင့်နှင့် အကာအကွယ်ရယူခွင့်များကို အပြည့်အဝ ခံစားခွင့်ရှိသည်ဖြစ်ရာ ကုလသမဂ္ဂ၏ အရေးပါသည့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူအနေဖြင့် မြန်မာနိုင်ငံရှိ ဖမ်းဆီးထိန်းသိမ်း ခံရသူများ၏ အခွင့်အရေးကို ကာကွယ်ပေးရေးနှင့် စပ်လျဉ်းသည့် နည်းလမ်းများကို နိုင်ငံတကာအသိုက် အဝန်းနှင့် သက်ဆိုင်သူများကို မည်ကဲ့သို့ အကြံပြုနိုင်မည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။
အမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအား ပူးတွဲဖော်ပြအပ်ပါသည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်၊
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။
Please check against delivery
Intervention by Myanmar at the Third Committee of 76 UNGA
On Agenda Item 74: Promotion and Protection of Human Rights
(ID with Chair of the Working Group on Enforced or Involuntary Disappearance)
(New York, 18 October 2021)
Mr. Chair,
First of all, Myanmar thanks the Chairs of the Committee and the Working Group for their statements and shares their concerns regarding the continued enforced or involuntary disappearances around the world as well as for the lives of those victims and of their families.
According to the article 3 and 9 of the Universal Declaration on Human Rights (UDHR), it is important that everyone enjoys the right to life, liberty and the security (article 3), and is not subjected to arbitrary arrest, detention or exile (article 9). All the countries, especially the governments have to put more efforts to ensure that the fundamental rights of their people are protected and that they can fully enjoy their basic freedoms.
Almost 30 years have passed since the 1992 Declaration on the Protection of All Persons from Enforced Disappearance. However, the enforced disappearances are still happening around the world.
In Myanmar, following the military coup on 1 February 2021, people have been experiencing the enforced disappearance committed by the military and its security forces. Within 8 months-period, the military has arrested over 8,981 in which more than half were without strong or valid charges against them. Without giving clear information and whereabouts of those arrested people, the military grows fear in the people’s hearts in order to intimidate them to not act against the military. As described in the 1992 Declaration, the military’s systematic practice of such acts is naturally committing another crime against humanity.
In order us to enjoy our rights, freedoms and protection, as an important UN mandate holder, how would you advice the relevant stakeholders and the international community regarding the possible ways to protect the rights of those arrested victims in Myanmar?
I thank you.
*****