Intervention by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations at the Interactive Dialogue of the Third Committee on Agenda Item 29: Advancement of Women on 5 October 2021
(Below Myanmar Text)
(၇၆) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီ၏ အမျိုးသမီးများ အခွင့်အရေး မြှင့်တင်ခြင်းဆိုင်ရာ အစည်းအဝေး၌ မြန်မာစစ်တပ်မှ မြန်မာအမျိုးသမီးများအပေါ် ကျူးလွန်လျက်ရှိ သည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး မေးခွန်းထုတ်ခဲ့
(နယူးယောက်မြို့ ၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်)
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အောက်တိုဘာလ ၅ ရက်နေ့၊ နံနက်ပိုင်း၌ ပြုလုပ်သည့် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂထွေထွေညီလာခံ၊ တတိယကော်မတီ၏ အမျိုးသမီးများအခွင့်အရေးမြှင့်တင်ရေးဆိုင်ရာ virtual အစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုအားလုံး ရပ်တန့်ရေး သည် အခြေခံလူ့အခွင့်အရေးကိစ္စရပ်သာမဟုတ်ဘဲ နိုင်ငံအားလုံးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်တည်ဆောက်ရေးအတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း၌ အမျိုးသမီးများ အခွင့်အရေး မြှင့်တင်ရေးသည် စိန်ခေါ်မှုတစ်ရပ်အနဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ မှတ်တမ်းများအရ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် စစ်တပ်၏ ဝိသေသလက္ခဏာဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာအမျိုးသမီးများသည် စစ်တပ်၏ အကြမ်းဖက်မှု မျိုးစုံအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ အမျိုးသမီးများအပေါ် မြန်မာ စစ်တပ်မှ ကျူးလွန်လျက်ရှိသည့် ဆိုးဝါးသည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအနေနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်ရန်ကိစ္စနှင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံ ခြင်းနှင့် အကြမ်းဖက်မှုများအတွက် ကာကွယ်တားဆီးရေး အစီအစဉ်များနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ပါသည်။
အမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအား ပူးတွဲဖော်ပြအပ်ပါသည်။
အောက်တိုဘာလ ၅ ရက်၊ ၂၀၂၁ ခုနှစ်၊
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့ ။
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations at the Interactive Dialogue of the Third Committee on Agenda Item 29: Advancement of Women
(New York, 5 October 2021 - virtual)
Mr. Chair,
I thank the speaker for her presentation. Myanmar takes note of the report and shares the concern of the international community over discrimination and violence against women. Ending all forms of discrimination against women and girls is not just a basic human right, it is also vital for sustainable future of any country.
As the report reflects, despite the progress made in promoting women’s rights in many fields, we cannot deny the fact that the advancement of women’s status is still a critical challenge throughout the world. Even before the COVID-19 pandemic, women and girls were at greater risk of poverty, food security, violence, and exclusion.
In Myanmar, it is well documented by the United Nations that sexual and gender-based violence is a hallmark of the military’s operations. After the military coup in February, Myanmar women and girls were at the frontline of daily protests against the coup despite imminent risks of brutal crackdown. As conflicts now spread across the country, many women and girls in Myanmar including social and democracy activists, CSO leaders, human rights defenders and displaced women and girls in ethnic areas even in urban areas are at increased risk of all forms of violence from the military.
The emerging reports of sexual violence in detention settings are disturbing. The military continues to act in violation of the UN Charter and the Convention on the Elimination of all Forms of Discrimination against Women. In my country, within 8 months, more than 1,100 civilians have been killed by the military, including several women. Thus, I wish to ask following questions:
1) What kind of effective actions can the international community take to stop immediately the atrocity committed by Myanmar military against women?
2) How can the UN including UN special procedures help the people of Myanmar to bring the perpetrators of human rights violations against women and girls to justice quickly?
3) What preventive measures can be taken to address discrimination and violence against women in the future?
I thank you.
*****
Comentários